ရုရှား၏ထိပ်တန်းလက်နက်အဆင့်(၃၅) မောင်းသူမဲ့မြေပြင် တိုက်ခိုက်ရေးသံချပ်ကာယာဥ် URAN-9 unmanned combat ground vehicle(UCGV)

Uran-9 မောင်းသူမဲ့တိုက်ခိုက်ရေးယာဥ်ကို ဆီးရီးယားပြည် တွင်းစစ်ပွဲတွင် စမ်းသပ်အသုံးပြုခဲ့ပြီးနောက် အစီးရေ ၂၀ အထိ ထုတ်လုပ်ပြီး ဖြစ်သည်။ ပြည်ပသို့ Uran-9E အနေ
ဖြင့် တင်ပို့ရန်စီစဥ်ထားရှိသည်ဟု ဆိုသည်။ အလေးချိန် ၁၀ တန် ရှိသော Uran-9 တွင် ပင်မလက်နက်အနေဖြင့် ၃၀ မမစက်အမြောက်ဖြစ်သော 30 mm 2A72 autocannon ကိုတပ်ဆင်ပေးထားသည်။ ဒုတိယမြောက်လက်နက်အနေ ဖြင့် ၇.၆၂ မမ ယှဥ်တွဲစက်သေနတ် ၁ လက်၊ 9M130 Ataka ပဲ့ထိန်းတင့်ဖျက်ဒုံး ၄ စင်း တို့ဖြစ်သည်။

ထို့အပြင် Shmel-M thermobaric rocket launcher ကိုလည်း ပြောင်းလဲတပ်ဆင်အသုံးပြုနိုင်သည်။ Shmel-M ကို ယခင် ၆ စုံ တပ်ဆင်ရာမှာ ယခုအခါ ၁၂ စုံ အထိ တိုးမြှင့်တပ်ဆင် ထားသည်။ လေကြောင်းရန်ကာကွယ်ရေးအတွက် ပြောင်း လဲအသုံးပြုလိုပါက IGLA 9K33 တာတိုပစ်ဒုံး ၄ စင်း ကို တပ်ဆင်အသုံးပြုနိုင်မည် ဖြစ်သည်။

Uran-9 UCGV ၏ power unit အနေဖြင့် မြင်းကောင် ရေ ၃၀၀ ရှိသော ဒီဇယ်-လျှပ်စစ်အင်ဂျင်ကို အသုံးပြုထား သည်။ အဆိုပါအင်ဂျင်မှာ multi-fuel diesel engine ဖြစ် သည်။ Uran-9 ၏ မြန်နှုန်းအနေဖြင့် road speed တွင် တစ်နာရီ ၃၅ ကီလိုမီတာ၊ cross-country speed တွင် ၂၅ ကီလိုမီတာ ဖြင့် မောင်းနှင်နိုင်သည်။ Uran-9 ၏ ဂီယာ စနစ်ကို လျှပ်စစ်စနစ်ဖြင့် အသုံးပြုထားသည်။ Uran-9 ၏ Combat unit တွင် UCGV ၄ စီး၊ KAMAZ control station truck ၁ စီး နှင့် UCGV သယ်ဆောင်ရေးယာဥ်

၂ စီး တို့ဖြင့် ဖွဲ့စည်းထားရှိသည်။ ထိန်းချုပ်ရေးယာဥ်မှ UCGV ၄ စီး အား ၃ ကီလိုမီတာ အကွာအဝေးအထိ ထိန်း ချုပ်မောင်းနှင် တိုက်ပွဲဝင်ပေးသည်ဟု ဆိုသည်။ ထိန်းချုပ် ရေးယာဥ်တွင် ကြည်လင်ပြတ်သားသည့် ကြီးမားသော ဖန်သားပြင်ပါရှိသည့် ကွန်ပျူတာများ တပ်ဆင်ပေးထားသည်။ UCGV တွင် အနီအောက်ရောင်ခြည်သုံးအာရုံခံကိရိယာ များ၊

ပစ်မှတ်အကွာအဝေးတိုင်းတာသည့် ကိရိယာများနှင့် နေ့/ည မြင်ကွင်းကြည့်ကိရိယာများလည်း တပ်ဆင်ပေးထား သောကြောင့် နေ့အချိန်တွင် ၆ ကီလိုမီတာ ရှိ ပစ်မှတ်အား ထောက်လှမ်းသိရှိနိုင်ကာ ညအချိန်တွင် ၃ ကီလိုမီတာ ရှိပစ် မှတ်ကို ထောက်လှမ်းသိရှိနိုင်သည်။ အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံမှ Uran-9 မောင်းသူမဲ့မြေပြင်တိုက်ခိုက်ရေးယူနစ် များကို သဘောကျနှစ်ခြိုက်ကာ မှာယူထားသည်ဟု ဆို သည်။

Crd-KokolinOo