TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ရုရှားစစ်တပ်မှ ရင်အုပ်တည့်တည့်ကိုသေနတ်ပစ်လေ့ကျင့်စေခဲ့သည့် လေ့ကျင့်ရေးတစ်မျိုး

နာရီပေါင်းများစွာကြာတဲ့ စမ်းသပ်မှုတွေကတော့ ဘယ်သူဟာ စစ်ပွဲအတွက် အခြေအနေကောင်းပြီး ဘယ်သူက ပိုပြီး ရာထူးကြီးတဲ့သူ ဖြစ်သင့်လဲဆိုတာကို သက်သေပြနိုင်ပါတယ်။
ရုရှားစစ်တပ်ဟာဆိုရင် သူ့ရဲ့ နူးညံ့တဲ့ စစ်တပ်လေ့ကျင့်ခန်းတွေကြောင့် နာမည်ကြီးနေတာ မဟုတ်ပါဘူး။

ဒါကြောင့် သူတို့ရဲ့ အကြမ်းဖက်နှိမ်နင်းရေးသင်တန်းတွေဟာ ခက်ခဲကြမ်းတမ်းတယ်ဆိုတာကတော့ အံ့အော်စရာ အကြောင်း မရှိပါဘူး။
ဒါပေမယ့်လည်း ဘယ်လောက်အထိ ရုရှားစစ်တပ်ဟာ ခက်ခဲကြမ်းတမ်းမှာလဲ။
KGB အဖွဲ့ကနေ ဆင်းသက်လာတဲ့ FSB လို့ခေါ်တဲ့ ရုရှား ဖယ်ဒရယ် လုံခြုံရေး အဖွဲ့ ကတော့ သူတို့ရဲ့ သင်တန်းသားအချင်းချင်းရဲ့ ရင်အုပ်တည့်တည့်ကို သေနတ်ပစ် လေ့ကျင့်စေခဲ့တာပါ။ ဒါဟာလည်း အကြမ်းဖက်သမားတွေဟာ သူတို့ရဲ့ ခေါင်းကို သေနတ်တွေပစ်တဲ့အခါမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်အဝရရှိစေချင်လို့ပဲဖြစ်ပါတယ်။

သူတို့ရဲ့ ပစ်မှတ်ကို မပစ်ခင်ကတည်းက သင်တန်းသားတွေဟာ ခန္ဓာကိုယ်ကျည်ကာအင်္ကျီတွေကို ဝတ်ဆင်ထားပါတယ်။
သူတို့တွေကို ခန္ဓာကိုယ်မလှုပ်ရှားစေပဲ တည်တည် ရပ်စေခဲ့ပြီး တစ်ခြားတစ်ယောက်ကို ပုံမှန်အတိုင်း ဘေးကနေ ဖြတ်လျှောက်တာကို စောင့်ဆိုင်းစေခဲ့ပါတယ်။

ဒါပေမယ့် သူတို့ရဲ့ ရင်အုပ်တည့်တည့်ကို ရုတ်တရက်ဆိုသလို ဆက်တိုက် ပစ်ခတ်ခိုင်းခဲ့ပါတယ်။
သူတို့ ပစ်ခတ်ခံခဲ့ပြီးတဲ့အချိန်မှာတော့ တိုက်ခိုက်သူရဲ့ မကာကွယ်ထားတဲ့ မျက်နှာ အောက် လက်မအနည်းငယ်ကို ချိန်ရွယ်ပြီး ပြန်ပစ်ရပါတယ်။
ဒုတိယ လေ့ကျင့်ခန်းမှာတော့ သင်တန်းသားတွေ ပစ်ခတ်ဖို့အတွက် ကတ်ထူပေါ်မှာ ပစ်မှတ်များစွာ ထည့်ပေးထားခဲ့ကာ ဒါပေမယ့်လည်း သူ ပစ်ခတ်နစဥ်အတွင်းမှာပဲ သင်တန်းဆရာက သူ့ရဲ့နားအနီးမှာ ကျယ်ကျယ်လောင်လောင်အော်နေမှာဖြစ်ပြီး သူ့ကို တွန်းအားပေးနေမှာ ဖြစ်ပါတယ်။

သေနတ်ပစ်သံဟာ သူ့ရဲ့နားကို အလိုလို ရောက်သွားတဲ့အချိန်မှာတော့ ဒါတွေအကုန်လုံးဟာ စစ်မြေပြင်မှာ သူ့အတွက် အနှောင့်အယှက်တွေဖြစ်လာပြီး သင်တန်းသားတွေဟာ စိတ်ဖိစိစရာ အခြေအနေတွေရောက်လာရင် ပိုပြီးအာရုံစုစည်းလာနိုင်မှာဖြစ်ပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။
■႐ုရွားစစ္တပ္မွ ရင္အုပ္တည့္တည့္ကိုေသနတ္ပစ္ေလ့က်င့္ေစခဲ့သည့္ ေလ့က်င့္ေရးတစ္မ်ိဳး
နာရီေပါင္းမ်ားစြာၾကာတဲ့ စမ္းသပ္မႈေတြကေတာ့ ဘယ္သူဟာ စစ္ပြဲအတြက္ အေျခအေနေကာင္းၿပီး ဘယ္သူက ပိုၿပီး ရာထူးႀကီးတဲ့သူ ျဖစ္သင့္လဲဆိုတာကို သက္ေသျပနိုင္ပါတယ္။
႐ုရွားစစ္တပ္ဟာဆိုရင္ သူ႔ရဲ့ ႏူးညံ့တဲ့ စစ္တပ္ေလ့က်င့္ခန္းေတြေၾကာင့္ နာမည္ႀကီးေနတာ မဟုတ္ပါဘူး။
ဒါေၾကာင့္ သူတို႔ရဲ့ အၾကမ္းဖက္ႏွိမ္နင္းေရးသင္တန္းေတြဟာ ခက္ခဲၾကမ္းတမ္းတယ္ဆိုတာကေတာ့ အံ့ေအာ္စရာ အေၾကာင္း မရွိပါဘူး။
ဒါေပမယ့္လည္း ဘယ္ေလာက္အထိ ႐ုရွားစစ္တပ္ဟာ ခက္ခဲၾကမ္းတမ္းမွာလဲ။
KGB အဖြဲ႕ကေန ဆင္းသက္လာတဲ့ FSB လို႔ေခၚတဲ့ ႐ုရွား ဖယ္ဒရယ္ လုံျခဳံေရး အဖြဲ႕ ကေတာ့ သူတို႔ရဲ့ သင္တန္းသားအခ်င္းခ်င္းရဲ့ ရင္အုပ္တည့္တည့္ကို ေသနတ္ပစ္ ေလ့က်င့္ေစခဲ့တာပါ။ ဒါဟာလည္း အၾကမ္းဖက္သမားေတြဟာ သူတို႔ရဲ့ ေခါင္းကို ေသနတ္ေတြပစ္တဲ့အခါမွာ ကိုယ့္ကိုယ္ကို ယုံၾကည္မႈ အျပည့္အဝရရွိေစခ်င္လို႔ပဲျဖစ္ပါတယ္။
သူတို႔ရဲ့ ပစ္မွတ္ကို မပစ္ခင္ကတည္းက သင္တန္းသားေတြဟာ ခႏၶာကိုယ္က်ည္ကာအကၤ်ီေတြကို ဝတ္ဆင္ထားပါတယ္။
သူတို႔ေတြကို ခႏၶာကိုယ္မလႈပ္ရွားေစပဲ တည္တည္ ရပ္ေစခဲ့ၿပီး တစ္ျခားတစ္ေယာက္ကို ပုံမွန္အတိုင္း ေဘးကေန ျဖတ္ေလၽွာက္တာကို ေစာင့္ဆိုင္းေစခဲ့ပါတယ္။
ဒါေပမယ့္ သူတို႔ရဲ့ ရင္အုပ္တည့္တည့္ကို ႐ုတ္တရက္ဆိုသလို ဆက္တိုက္ ပစ္ခတ္ခိုင္းခဲ့ပါတယ္။
သူတို႔ ပစ္ခတ္ခံခဲ့ၿပီးတဲ့အခ်ိန္မွာေတာ့ တိုက္ခိုက္သူရဲ့ မကာကြယ္ထားတဲ့ မ်က္ႏွာ ေအာက္ လက္မအနည္းငယ္ကို ခ်ိန္ရြယ္ၿပီး ျပန္ပစ္ရပါတယ္။
ဒုတိယ ေလ့က်င့္ခန္းမွာေတာ့ သင္တန္းသားေတြ ပစ္ခတ္ဖို႔အတြက္ ကတ္ထူေပၚမွာ ပစ္မွတ္မ်ားစြာ ထည့္ေပးထားခဲ့ကာ ဒါေပမယ့္လည္း သူ ပစ္ခတ္နစဥ္အတြင္းမွာပဲ သင္တန္းဆရာက သူ႔ရဲ့နားအနီးမွာ က်ယ္က်ယ္ေလာင္ေလာင္ေအာ္ေနမွာျဖစ္ၿပီး သူ႔ကို တြန္းအားေပးေနမွာ ျဖစ္ပါတယ္။
ေသနတ္ပစ္သံဟာ သူ႔ရဲ့နားကို အလိုလို ေရာက္သြားတဲ့အခ်ိန္မွာေတာ့ ဒါေတြအကုန္လုံးဟာ စစ္ေျမျပင္မွာ သူ႔အတြက္ အေႏွာင့္အယွက္ေတြျဖစ္လာၿပီး သင္တန္းသားေတြဟာ စိတ္ဖိစိစရာ အေျခအေနေတြေရာက္လာရင္ ပိုၿပီးအာ႐ုံစုစည္းလာနိုင္မွာျဖစ္ပါတယ္။
Ref:youtube
Trans:thegeektext