ရုရှားက ၂၀၂၄ ခုနှစ် နောက်ပိုင်း နိုင်ငံတကာ အာကာသစခန်း(ISS)အတွက် အလုပ်မလုပ်ပေးတော့ဘူးလို့ ကြေညာလိုက်ကြောင်း ရုရှား သတင်းဌာန TASS က ပြောပါတယ်။ ရုရှား အာကာသ အေဂျင်စီ Roscosmos ရဲ့ အကြီးအကဲ အသစ် Yuri Borisov က သမ္မတ ပူတင်ကို အဲဒီအကြောင်း အင်္ဂါနေ့က အစည်းအဝေးမှာ ပြောခဲ့တယ်လို့ သိရပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်တဲ့ အတွက် အမေရိကန်နဲ့ ရုရှားတို့ ဆက်ဆံရေး တင်းမာလာတဲ့အတွက် ISS မှာ အလုပ်မလုပ်ပေးချင်တဲ့ အကြောင်းကို Roscosmos ရဲ့ ယခင် အကြီးအကဲ Dmitry Rogozin ကလည်း ပြောကြားခဲ့ဖူးပါတယ်။ အခုတော့ Borisov က ဒီဆုံးဖြတ်ချက်ကို အတည်ပြုလိုက်တာပါ။ အမေရိကန်က ရုရှားကို ပိတ်ဆို့အရေးယူမှုတွေပြုလုပ်တဲ့အတွက် လက်စားချေတဲ့ အနေနဲ့ ရုရှားက ISS မှာ အလုပ်မလုပ်ပေးတော့တဲ့ ဆုံးဖြတ်ချက်ကို ချလိုက်တာပါ။
ဝါရှင်တန် ဒီစီက International Space Station Research and Development Conference (ISSRDC) မှ နာဆာ အကြီးအကဲတွေက ရုရှားဆီကနေ ဒီသတင်း အတည်ပြုပြောကြားချက်ကို မရရှိသေးဘူးလို့ ပြောပါတယ်။
နာဆာနဲ့ Roscosmos တို့ဟာ ISS နေ့စဉ် လည်ပတ်ဖို့အတွက် အဓိက စွမ်းဆောင်ပေးနေကြသူတွေ ဖြစ်ပါတယ်။ ၁ ဖက်ဖက်ကသာ အလုပ်မလုပ်ပေးတော့ဘူးဆိုရင် ISS လည်ပတ်ဖို့အတွက် ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာပါ။ နာဆာက ISS လည်ပတ်ဖို့ လျှပ်စစ် ထုတ်လုပ်ပေးနေသလို ယာဉ်ရဲ့ တည်နေရာကို ထိန်းသိမ်းပေးနေပါတယ်။ Roscosmos က ယာဉ်ကို မောင်းနှင်ပေးနေသလို ကမ္ဘာပတ်လမ်းကြောင်းကနေ အောက်ကျမသွားအောင် ကာကွယ်ပေးနေပါတယ်။
Ref : theverge
Crd