ရုရှားကယူကရိန်းနယ်စပ်အနီးသို့ တာဝေးပိုမိုပစ်ခတ်နိုင်သည့် Iskander ဒုံးကျည်စနစ်များတပ်ဖြန့်

News

ရုရှားကယူကရိန်းနယ်စပ်အနီးသို့ တာဝေးပိုမိုပစ်ခတ်နိုင်သည့် Iskander ဒုံးကျည်စနစ်များတပ်ဖြန့်

နေတိုးအခေါ် SS-26 Stone လို့အမည်ရတဲ့ ဒုံးပျံစနစ်တွေကို ယူကရိန်းနယ်စပ်အနီးတပ်ဖြန့်လိုက်တယ်လို့ ဆိုပါတယ်။ ၎င်းစနစ်တွေဟာ အကွာအဝေး ၂၅၀ ကီလိုမီတာအထိရောက်ရှိနိုင်မှာဖြစ်ပါတယ်။ စုံစမ်းထောက်လှမ်းရေးသတင်းအချက်အလက်တွေအရ မတ်လကတည်းက အဆိုပါစနစ်တွေကို တပ်ဖြန့်ထားတာဖြစ်တယ်လို့လည်းဆိုပါတယ်။

Iskander-K စနစ်က Iskander အမျိုးအစားတွေထဲမှာ နောက်ဆုံးမျိုးကွဲစနစ်လည်း ဖြစ်ပါတယ်။ R-500 ဒုံးကျည်စနစ်တွေဟာ ထိပ်ဖူးအလေး ၅၀၀ ကီလိုဂရမ်၊သို့မဟုတ် နျူကလီးယားထိပ်ဖူးကို သယ်ဆောင်နိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် ပေါက်ကွဲမှုတိကျတဲ့နှုန်းဟာ ၅ မီတာနဲ့ ၇ မီတာအတွင်းမှာပဲရှိပါတယ်။Iskander ဟာ နည်းဗျူဟာပဋိပက္ခခြိမ်းခြောက်မှုတွေကို တားဆီးကာကွယ်ဖို့အတွက် ရည်ရယ်ထုတ်လုပ်ထားတဲ့ ဒုံးကျည်စနစ်တစ်ခုလည်းဖြစ်ပါတယ်။

Ref-DB

#Myannarnews24

Leave a Reply