ရုရှားကယူကရိန်းနယ်စပ်သို့ Atomic အမြောက်များပြောင်းရွှေ့ရုရှားတပ်မတော်ဟာ ယူကရိန်းနယ်စပ်အနီးကို Atomic အမြောက်စနစ် အများအပြားကို ပြောင်းရွှေ့မှု ပြုလုပ်နေတယ်လို့ လူမှုကွန်ရက်တွေမှာ ထွက်ပေါ်လာခဲ့ပါတယ်။အဆိုပါအမျိုးအစားတွေဟာ 2S4 Tyulpan self-propelled mortar စနစ်တွေပဲဖြစ်ပါတယ်။
၎င်းစနစ်တွေကို Krasnodar ဒေသမှာရှိတဲ့ Kropotkin ရထားဘူတာရုံကနေ သယ်ယူပြောင်းရွှေ့နေတာကို တွေ့နေရတာလည်းဖြစ်ပါတယ်။ထိုစနစ်တွေကို ဥရောပနိုင်ငံတွေကတော့ M-1975 လို့ခေါ်ပြီး ဆိုဗီယက်ခေတ် 240-mm self-propelled mortar စနစ်လည်းဖြစ်ပါတယ်။စနစ်ရဲ့ကြီးမားတဲ့အရွယ်အစားကြောင့် ပေါက်ကွဲမှုအားပြင်းတဲ့စနစ်တွေကို ပစ်ခတ်နိုင်စွမ်းရှိပါတယ်။

အထူးသဖြင့် နျူကလီးယားထိပ်ဖူးလိုမျိုးကို ၂၀ ကီလိုမီတာအထိ တောင်ပစ်ခတ်နိုင်တယ်လို့သိရပါတယ်။ ဒါ့အပြင် “Smel’chak” (“Daredevil”) လို့အမည်ရတဲ့ လေဆာပဲ့ထိန်းခဲယမ်းကိုလည်း ပစ်ခတ်လိုရတယ်လို့ဆိုပါတယ်။တကယ်တော့ 2S4 self-propelled mortar စနစ်တွေကို ရုရှားတပ်မတော်မှာ ဖယ်ရှားထားပြီးသားလို့လည်းသိရပါတယ်။ ၎င်းစနစ်ပေါင်း ၄၃၀ ခန့်ရှိပြီး စစ်ဘက်အခြေစိုက်စခန်းတွေမှာ သိမ်းထားတာပါ။
ဒါပေမယ့်လည်း ၂၀၁၆ ခုနှစ်ကနေ ပြန်လည်ပြီးစတင်အသုံးပြုနေခဲ့တာလည်းဖြစ်ပါတယ်။ ဒီလိုအသုံးပြုနိုင်ဖို့ Urals Transport Engineering Plant (Uraltransmash) မှာ အဆင့်မြှင့်တင်မွမ်းမံခဲ့ တာဖြစ်ကြောင်းသိရှိရပါတယ်။
DB
credit – Myanmarnews24