ရုရှနိုင်ငံတော်ကို အလုပ်အကျွေးပြုမယ့် ငယ်အိပ်မက်ကို ဖြည့်ဆည်းနေတာပါလို့ သမ္မတ ပူတင် ပြော
စက်တင်ဘာ ၂
စာသင်နှစ်သစ် စတင်တဲ့ အထိမ်းအမှတ်အနေနဲ့ ဆယ်ကျော် သက်တွေနဲ့ တွေ့ဆုံစကားပြောရာမှာ သမ္မတ ဗလာဒီမာ ပူတင်က ရုရှနိုင်ငံတော်ကို အလုပ်အကျွေးပြုမယ် သူ့ ငယ်အိပ်မက်ကို ဖြည့်ဆည်းနေတာပါလို့ ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်ပါတယ်။

“အရာရာတိုင်းဟာ ရည်ရွယ်ချက်အရပဲ ဖြစ်တယ်၊
ဟိတ်တစ်လုံး ဟန်တစ်လုံးနဲ့ ပြောရမယ်ဆိုရင် အဖမြေကို အလုပ်အကျွေးပြုမယ်လို့ ကိုယ့်ကိုကို ပေးအပ်မြုပ်နှံ ထားတယ်လို့ ပြောရမှာပဲ”ဆိုပြီး အရှေ့ပိုင်း ဗလာဒီဗိုစတော့မှာ ရုပ်သံတွေ့ဆုံမှုအတွင်း ပူတင်က ပြောတာ ဖြစ်ပါတယ်။
“ပြီးတော့ အခု တို့ လုပ်ကိုင်နေတာတွေ၊ တို့ ယုံကြည် ယူဆတာတွေဟာ တို့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော် ရရှိရေးအတွက်ဆိုတဲ့ အသိနဲ့ပဲ ဖြစ်တယ်”လို့ အသက် ၆၈ နှစ်ရှိ ပူတင်က ထပ်လောင်းပြောပါတယ်။

ထောက်လှမ်းရေး KGB အေဂျင့်ဟောင်း ပူတင်ဟာ ၂၀၀၈ ကနေ ၂၀၁၂ ကြားမှာသာ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကြားကာလတိုက လွဲလို့ ၂၀၀၀ ခုနှစ်ကနေ ခုချိန်အထိ သမ္မတအဖြစ် တာဝန်ယူထားတာပါ။
၂၀၂၀ မှာ ပြင်ဆင်လိုက်တဲ့ ဖွဲ့စည်းပုံအရ ပူတင်ဟာ သူ့အသက် ၈၄ နှစ် ရှိချိန် ၂၀၃၆ အထိ ရုရှရဲ့ ဦးစီးပဲ့ကိုင်အဖြစ် ဆက်လက်ရှိနေခွင့် ရထားပါတယ်။ အစိုးရကို ဝေဖန်သူတွေကတော့ ပူတင်ဟာ ပြီးခဲ့တဲ့ နှစ်နှစ်ဆယ်မှာ အာဏာအတင်းဆုပ်ကိုင်ပြီး ဆန့်ကျင်သူတွေကို နှိပ်စက်ညှင်းပန်းနေတယ်လို့ စွပ်စွဲပြောဆိုကြပါတယ်။
အခုလနှောင်းပိုင်းက လွှတ်တော်မဲပေးပွဲ အကြိုမှာ ရုရှအာဏာပိုင်တွေဟာ အတိုက်အခံတွေနဲ့ လွတ်လပ်တဲ့ မီဒီယာတွေကို အပြင်းအထန် ဖြိုခွင်းနေတယ်လို့ ဝေဖန်သူတွေက ပြောကြပါတယ်။
ဖမ်းဆီးခံ အတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗယ်နီဟာလည်း သူ့ရဲ့ အဖွဲ့အစည်းတွေကို ‘အစွန်းရောက်ဝါဒီ’အဖြစ် ကြေညာခံရတာနဲ့ ကြုံကြိုက်ရပြီး နိုင်ငံကနေ တားမြစ်ခံရသလို သူ့ ထိပ်တန်းလက်ထောက်အားလုံးလည်း ထွက်ပြေးခဲ့ကြရပါတယ်။
Meduza သတင်းနဲ့ Dozhd TV ချန်နယ် တွေလို လွတ်လပ်တဲ့ မီဒီယာတွေဟာ ‘နိုင်ငံခြား အေဂျင့်တွေ’အဖြစ် သတ်မှတ်ခံထားရပြီး ထောက်လှမ်းစုံစမ်းရေးသတင်းတွေ တင်ဆက်တဲ့ Proekt သတင်းဌာနကို ‘မလိုလားအပ်တဲ့ အဖွဲ့အစည်း’ လို့ ကြေညာထားပါတယ်။
By AFP 02 September 2021
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။
zawgyi
႐ုရွနိုင္ငံေတာ္ကို အလုပ္အေကၽြးျပဳမယ့္ ငယ္အိပ္မက္ကို ျဖည့္ဆည္းေနတာပါလို႔ သမၼတ ပူတင္ ေျပာ
စက္တင္ဘာ ၂

စာသင္ႏွစ္သစ္ စတင္တဲ့ အထိမ္းအမွတ္အေနနဲ႔ ဆယ္ေက်ာ္ သက္ေတြနဲ႔ ေတြ႕ဆုံစကားေျပာရာမွာ သမၼတ ဗလာဒီမာ ပူတင္က ႐ုရွနိုင္ငံေတာ္ကို အလုပ္အေကၽြးျပဳမယ္ သူ႔ ငယ္အိပ္မက္ကို ျဖည့္ဆည္းေနတာပါလို႔ ဗုဒၶဟူးေန႔က ေျပာဆိုလိုက္ပါတယ္။
“အရာရာတိုင္းဟာ ရည္ရြယ္ခ်က္အရပဲ ျဖစ္တယ္၊
ဟိတ္တစ္လုံး ဟန္တစ္လုံးနဲ႔ ေျပာရမယ္ဆိုရင္ အဖေျမကို အလုပ္အေကၽြးျပဳမယ္လို႔ ကိုယ့္ကိုကို ေပးအပ္ျမဳပ္ႏွံ ထားတယ္လို႔ ေျပာရမွာပဲ”ဆိုၿပီး အေရွ႕ပိုင္း ဗလာဒီဗိုစေတာ့မွာ ႐ုပ္သံေတြ႕ဆုံမႈအတြင္း ပူတင္က ေျပာတာ ျဖစ္ပါတယ္။
“ၿပီးေတာ့ အခု တို႔ လုပ္ကိုင္ေနတာေတြ၊ တို႔ ယုံၾကည္ ယူဆတာေတြဟာ တို႔ရဲ့ အိပ္မက္ကို အေကာင္အထည္ေဖာ္ ရရွိေရးအတြက္ဆိုတဲ့ အသိနဲ႔ပဲ ျဖစ္တယ္”လို႔ အသက္ ၆၈ ႏွစ္ရွိ ပူတင္က ထပ္ေလာင္းေျပာပါတယ္။

ေထာက္လွမ္းေရး KGB ေအဂ်င့္ေဟာင္း ပူတင္ဟာ ၂၀၀၈ ကေန ၂၀၁၂ ၾကားမွာသာ ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့တဲ့ ၾကားကာလတိုက လြဲလို႔ ၂၀၀၀ ခုႏွစ္ကေန ခုခ်ိန္အထိ သမၼတအျဖစ္ တာဝန္ယူထားတာပါ။
၂၀၂၀ မွာ ျပင္ဆင္လိုက္တဲ့ ဖြဲ႕စည္းပုံအရ ပူတင္ဟာ သူ႔အသက္ ၈၄ ႏွစ္ ရွိခ်ိန္ ၂၀၃၆ အထိ ႐ုရွရဲ့ ဦးစီးပဲ့ကိုင္အျဖစ္ ဆက္လက္ရွိေနခြင့္ ရထားပါတယ္။ အစိုးရကို ေဝဖန္သူေတြကေတာ့ ပူတင္ဟာ ၿပီးခဲ့တဲ့ ႏွစ္ႏွစ္ဆယ္မွာ အာဏာအတင္းဆုပ္ကိုင္ၿပီး ဆန႔္က်င္သူေတြကို ႏွိပ္စက္ညႇင္းပန္းေနတယ္လို႔ စြပ္စြဲေျပာဆိုၾကပါတယ္။
အခုလေႏွာင္းပိုင္းက လႊတ္ေတာ္မဲေပးပြဲ အႀကိဳမွာ ႐ုရွအာဏာပိုင္ေတြဟာ အတိုက္အခံေတြနဲ႔ လြတ္လပ္တဲ့ မီဒီယာေတြကို အျပင္းအထန္ ၿဖိဳခြင္းေနတယ္လို႔ ေဝဖန္သူေတြက ေျပာၾကပါတယ္။
ဖမ္းဆီးခံ အတိုက္အခံေခါင္းေဆာင္ အလက္ဇီ နာဗယ္နီဟာလည္း သူ႔ရဲ့ အဖြဲ႕အစည္းေတြကို ‘အစြန္းေရာက္ဝါဒီ’အျဖစ္ ေၾကညာခံရတာနဲ႔ ၾကဳံႀကိဳက္ရၿပီး နိုင္ငံကေန တားျမစ္ခံရသလို သူ႔ ထိပ္တန္းလက္ေထာက္အားလုံးလည္း ထြက္ေျပးခဲ့ၾကရပါတယ္။
Meduza သတင္းနဲ႔ Dozhd TV ခ်န္နယ္ ေတြလို လြတ္လပ္တဲ့ မီဒီယာေတြဟာ ‘နိုင္ငံျခား ေအဂ်င့္ေတြ’အျဖစ္ သတ္မွတ္ခံထားရၿပီး ေထာက္လွမ္းစုံစမ္းေရးသတင္းေတြ တင္ဆက္တဲ့ Proekt သတင္းဌာနကို ‘မလိုလားအပ္တဲ့ အဖြဲ႕အစည္း’ လို႔ ေၾကညာထားပါတယ္။
By AFP 02 September 2021
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။