ရန်သူ့သင်္ဘောကိုဘယ်လိုနစ်မြှုပ်ပစ်လဲပြဖို့ ဖရီးဂိတ်တစင်းကိုဖျက်ဆီးပြီးမြုပ်ပြလိုက်တဲ့ အမေရိကန်စစ်တပ်
အမေရိကန်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ယခုတပတ် စစ်ရေးလေ့ကျင့်မှုတစ်ခုတွင် စစ်သင်္ဘောကို ဖျက်စီးပစ်ပြီး ရန်သူကို အပြီးသတ်ချေမှုန်းနိုင်သလို သရုပ်ပြခဲ့ပါတယ်၊

US ရေတပ်ရဲ့ ပဲ့ထိန်းဒုံးကျည် စစ်သင်္ဘောဟောင်း USS Ingraham ဟာ ဟာဝိုင်အီ စစ်ဆင် ရေး ဒေသတွင် 25နှစ်ကြာ တာဝန်ထမ်းဆောင်ပြီး 2015ခုနှစ်တွင် ပျက်ဆီး နှစ်မြုပ်သွားခဲ့သည်ဟု ပစိဖိတ် ရေတပ်ကပြောပါတယ်၊
Ingrahamဟာ နောက်ဆုံးပေါ် Oliver Hazard Perry အမျိုးအစား ဒုံးကျည်စစ်သင်္ဘော ဖြစ်ပြီး 4 ခုမြောက်စစ်သင်္ဘောလည်းဖြစ်ပါတယ်၊ သူ့အရင် အသုံးပြုတဲ့ Allen M. Summerအမျိုးအစား ဖျက်ဆီးရေးသင်္ဘောဟာဆိုရင် Greeceကိုရောင်းလိုက်ပြီး 2001 စစ်ရေးလေ့ကျင့်ရာတွင် နှစ်မြုပ်ခဲ့ပါတယ်၊

လွန်ခဲ့သောနှစ်ပတ်ခန့်က ပင်လယ်ပြင်ခြိမ်းခြောက်မှု့တွေရှိခဲ့တာကြောင့် တနင်္ဂနွေနေ့မှာ အမေရိကန်ရေတပ်က အန္တာရယ်ရှိတဲ့ လက်နက်တွေနဲ့ ဖျက်ဆီး နှိမ်နှင်ကာ သရုပ်ပြနိုင်ခဲ့ပါတယ် လို့ တတိယတပ်ဦးစီးချုပ်၊ဒုအုပ်ချုပ်ရေးမှူး Steve Koehler ကပြောပါတယ်၊
“တိကျသေချာတဲ့ ရေတပ်ရဲ့ ပစ်ခက်မှုဟာ သင်္ဘောကို အမြန်ပျက်စီးနစ်မြုပ်စေပြီး ပင်လယ်ရေကြောင်းတိုက်ပွဲအတွက် ကျွန်တော်တို့တွေရဲ့အစွမ်းအစအဖြစ် သာဓကတခုပါပဲ” လို့ သူကထပ်မံပြောပြလာပါတယ်၊
SINKEXsဟာ အမေရိကန်စစ်တပ်အတွက် အဆန်းမဟုတ်ပါဘူး၊ တရုတ်ရဲ့ အင်အားဟာ ကြီးမားလာသည်နှင့်အမျှ အမေရိကန်တွေကလည်း ရန်သူနဲ့ ထိတွေ့ဆက်ဆံဖို့အတွက် လေ့ကျင့်ရေးရှိသင့်သည်လို့ယူဆထားကြပါတယ်၊

ပစိဖိတ်ရေတပ်ဟာ လေ့ကျင်းရေးနဲ့ပတ်သက်ပြီး စာနယ်ဇင်းသမားတွေထံ အသေးစိတ်မပြောပြထားပါဘူး ၊သို့ပေမယ့် SINKEXs ရဲ့ ဓာတ်ပုံတချို့ကတော့ စစ်သင်္ဘောမှာ တပ်ဆင်မည့် စစ်လက်နက်တချို့အကြောင်းကို ဖော်ပြနေပါတယ်၊
စစ်ရေးလေ့ကျင့်ရာတွင် Navy-Marine Expeditionary Ship Interdiction System (NMESIS) ပါဝင်ပြီး ရန်သူအခြေစိုက်ရေတပ်ပိုင်ကစ္စည်းများကို ပစ်ခတ်ဖို့ Naval Strike Missile လောင်ချာ များကိုတပ်ဆင်ထားပါတယ်၊ပုံပါ ဒုံးကျည်ဟာဆိုရင် မိုင်၁၀၀ကျော်က ပစ်ခတ်ထားတဲ့ပုံဖြစ်ပါတယ်၊

USS Carl Vinson မှ F/A-18 Super Hornetsဟာ F35C Lighting II joint Fighter တင်ဆောင်မည့် ပထမဆုံး အမေရိကန် လေယာဉ်တင်သင်္ဘောဖြစ်ပြီးလေ့ကျင့်ရေးတွင်လည်းပါဝင်ပါတယ်၊ လေ့ကျင့်ရေးကာလအတွင်း လေယာဉ်ကိုလက်နက်တပ်ဆင်နေတဲ့ ဝန်ထမ်းတွေရဲ့ ဓာတ်ပုံအား ရေတပ်က ဖြန့်ဝေခဲ့ပါတယ်၊

USS Ingraham ကိုတိုက်ခိုက်ရာတွင် အနည်းဆုံးP-8A Poseidon၊၊ရေငုပ်သင်္ဘော၊ တိုက်ခိုက်ရေးကင်းလှည့်လေယာဉ်နဲ့ Los AngelesအမျိုးအစားUSS Chicagoရေငုပ်သင်္ဘော တို့ပါဝင်ပြီး လေ့ကျင့်ရေးတွင် UGM-84 anti-ship Harpoon ဒုံးကျည်လည်းပါဝင်ပါတယ်၊

SINKEXလေ့ကျင့်ရေးတွင် နစ်မြုပ်ခဲ့တဲ့သင်္ဘောဟာ ပတ်ဝန်းကျင်အခြေအနေ စည်းမျည်းစည်းကမ်းတွေနဲ့အညီပြင်ဆင်ထားခဲ့တာဖြစ်ပါတယ်၊ ထိုသင်္ဘောဟာ ကမ်းခြေနဲ့ မိုင်၅၀အကွာ ရေအောက်ပေ ၆၀၀၀အနက်မှာပါ၊
writer:Evelyn
Arkarta.com Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။
သတိပေးကြေညာချက်
Arkarta website မှတင်ဆင်တဲ့သတင်းနဲ့ဆောင်းပါးများကိုကူးယူတင်ဆက်ခြင်းလုံးဝခွင့်မပြုပါဘူးခင်ဗျာ။
မိတ်ဆွေတို့ရဲ့
Admin Team