ရန်ကုန် လှည်းတန်းလမ်းဆုံ အနီးမှာ အဖွဲ့လိုက် သောင်းကျန်းနေတဲ့ ခါးပိုက်နှိုက်များ

ရန်ကုန် လှည်းတန်းလမ်းဆုံ အနီးမှာ အဖွဲ့လိုက် သောင်းကျန်းနေတဲ့ ခါးပိုက်နှိုက်များ

ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံ အနီးမှာ အဖွဲ့လိုက် သောင်းကျန်းနေတဲ့ ခါးပိုက်နှိုက်များ..

ရန်ကုန်မြို့ရှိ လှည်းတန်းလမ်းဆုံအနီးနှင့် ဦးထွန်းလင်းခြံလမ်းထိပ်တွင် ခါးပိုက်နှိုက်အဖွဲ့တွေ သောင်းကျန်းနေလို့ ခရီးသွားပြည်သူများ အခက်တွေ့နေရတယ်လို့ သိရပါတယ်။

“လှည်းတန်းဦးထွန်းလင်းခြံလမ်းထိပ်က တော်တော်ဆိုးနေတယ်။ တံတားအောက်မှာ အုပ်စုလိုက်ထိုင်တယ် လူတွေသွားလာတာကို အနောက်ကနေ အိတ်တွေပေါ်တင်ဖွင့်ပြီးနှိုက်တယ်။

အနှိုက်ခံရတဲ့သူက ဘာမှမသိဘူး။ ဘေးလူတွေက မြင်နေရတယ်၊ သင်တန်းကိုလာနေတဲ့ ကလေးတွေတောင် အဲ့ဒီခါးပိုက်နှိုက်တွေရဲ့ ရုပ်တွေကိုမှတ်မိနေပြီ” လို့ လှည်းတန်းလမ်းဆုံ အနီးဝန်းကျင်တွင် နေထိုင်သူတစ်ဦးက ပြောပါတယ်။

ယခုရက်ပိုင်းအတွင်း လှည်းတန်းလမ်းဆုံအနီးမှာ ခါးပိုက်နှိုက်အဖွဲ့တွေ သောင်းကျန်းနေသည့် အကြောင်းအရာများကို ဖေ့စဘွတ်လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှတ်ချက်ပြုသူတွေလည်း များစွာရှိနေပြီး လှည်းတန်းလမ်းဆုံ အနီးသို့ သွားလာပါက အထူးဂရုပြုသတိထားသွားလာကြဖို့ကိုလည်း ပြည်သူအချင်းချင်းက သတိပေးမှုတွေကို ပြုလုပ်နေကြရတယ်လို့ ဆိုပါတယ်။

“ဒီနေ့လည်းတွေ့တယ်၊ တခါတလေ ကိုယ့်မျက်စိရှေ့မှာတွေ့ပေမယ့် ကူညီလို့မရဘူး။ အသက်ကို ဥာဏ်စောင့်တယ်လေ၊ အနှိုက်ခံရလို့ သူပါသွားမှာက မပြောပလောက်ဘူး။ ဟိုကရှက်ရမ်းရမ်းပြီး ဓားနဲ့လာထိုးရင် ကိုယ့်အသက်ပေးလိုက်ရမယ်။ သူတို့က ၄ ယောက် ကိုယ်က တယောက်တည်း ဒါကြောင့် ရမ်းမကူညီရဲကြတာပါ” လို့ ခရီးသွားပြည်သူတစ်ဦးက မှတ်ချက်ပြုခဲ့ပြန်ပါတယ်။

အဆိုပါ လှည်းတန်းလမ်းဆုံတွင် ခါးပိုက်နှိုက်အဖွဲ့ နှစ်ဖွဲ့ ရှိပြီး ၄င်းတို့က အုပ်စုလိုက်လှုပ်ရှားကာ တစ်နေကုန် ခရီးသွားပြည်သူများထံမှ ပစ္စည်းများကို အနောက်ကနေ အလစ်သုတ်နှိုက်ယူကြတာဖြစ်တယ်လို့ လှည်းတန်းလမ်းဆုံ အနီးတွင် ပုံမှန်သွားလာသူများက ပြောပြပါတယ်။

“သူတို့ကအဖွဲ့လိုက် နှိုက်နေကြတာ ကိုယ့်ကောင်လေးနဲ့ကိုယ်နဲ့ ဘေးခြင်းကပ်ရပ်သွားနေတာတောင် ဖုန်းအနှိုက်ခံလိုက်ရတယ်။ ဘယ်သူဘယ်ဝါဆိုတာ အနီးရှိတဲ့သူတွေကလည်း တွေ့လည်းမပြောကြတော့ လှည်းတန်းလမ်းဆုံ အနီးတဝိုက်သွားလာမယ်ဆိုရင် သတိဝီရိယနဲ့ သွားလာကြတာ အကောင်းဆုံးပါ” လို့ ပြည်သူတစ်ဦးက မှတ်ချက်ပြုပြောပြခဲ့ပါတယ်။

ယင်းကဲ့သို့သော ခိုးဆိုးလုနှိုက်ဖြစ်စဥ်တွေဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်းမှစလို့ ရန်ကုန်မြို့မှာ နေ့စဥ်ဆိုသလို ကြိမ်ဖန်များစွာ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။



Post Views:
1

Crd