ရန်ကုန်-မန္တလေး အမြန်လမ်းတွင် မောင်းသူမဲ့ ကားတစီး ပက်လက်လန် တိမ်းမှောက်

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် မောင်းသူမဲ့ ကားတစီး ပက်လက်လန် တိမ်းမှောက်













ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ဘောနီအမြန်လမ်းမီးသတ်စခန်းအပိုင်တွင် အောက်တိုဘာ ၂၉ ရက်မွန်းလွဲပိုင်းက ကားတစ်စီးပက် လက်လန်တိမ်းမှောက်ခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်ကတော့ အောက်တိုဘာ ၂၉ ရက်နေ့ နေ့လယ် ၃ နာရီခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ ဘောနီအမြန်လမ်းမီး သတ်စခန်းအပိုင် မိုင်တိုင်အမှတ် (၅၄/၀) နှင့် (၅၄/၁) ကြားတွင် Toyota Succeed (ခဲရောင်) ကားသည် လမ်းလယ်ကျွန်းရှိ Guard-Rail တန်းအားတိုက်မိပြီး ပက်လက်လန်တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်အား ဘောနီအမြန်လမ်းမီးသတ်စခန်းနှင့် ဘောနီအမြန်လမ်းရဲစခန်းတို့မှ တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ရန် သွားရောက်ခဲ့ကြသည်။

အခင်းဖြစ်နေရာ၌ တိမ်းမှောက်နေသည့် ကားကိုသာတွေ့ရှိခဲ့ရပြီး ကားပေါ်နှင့်အနီးပတ်ဝန်းကျင်၌ ကားမောင်းသူ အပါအဝင် လိုက်ပါလာသူများအား တွေ့ရှိခဲ့ခြင်းမရှိကြောင်း အမြန်လမ်းမီး သတ်တပ်ဖွဲ့မှ သိရသည်။

ထို့ကြောင့် အဆိုပါ တိမ်းမှောက်နေသည့်ကားအား ပြန်လည်တည့်မတ်ပြီး ဥပဒေနှင့်အညီဆက် လက်ဆောင်ရွက်ရန် စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့လည်း မီးသတ်က ပြောပါတယ်။



Post Views:
4








Crd