ရန်ကုန်မှာ Mini Condo (သို့) ဓါတ်လှေကားပါတဲ့ တိုက်ခန်း ဝယ်သူများ ကြုံတွေ့နေရတဲ့ ပြဿနာ..
ကိုယ်တွေ့မို့ သတိထားစေချင်ပါတယ်.. မီနီကွန်ဒို အထပ်မြင့်တွေ ဝယ်ကြတဲ့အခါ ဓာတ်လှေကားအတွက် Backup Generator (မီးစက်) ပါတာကတော့ ဟုတ်ပါပြီ.. အဲ့ Generator ကို ဘယ်သူမောင်းပေးမှာလဲ? ဆီဖိုးကို ကျခံဖို့ ခွဲတမ်း ဘယ်လိုချမလဲ? ကျန် အထပ်နိမ့်အခန်းတွေကရော အဲ့ အပိုငွေတွေ ကြည်ကြည်ဖြူဖြူ ထုတ်ပေးကြမှာလား? ဘယ်သူ ညှိပေးမှာလဲ.. မြေရှင်လား.. ကန်ထရိုက်လား.. ကိုယ်တိုင် အာပေါက်အောင် လိုက် ညှိရမှာလား?
ဓာတ်လှေကားနဲ့ တက်ဆင်းနေရင်းတန်းလန်း မီးပျက်သွားရင် အနီးဆုံး အထပ်မှာ ဓာတ်လှေကားတံခါးက auto ပွင့်လား? မဟုတ်ရင် ဘယ်သူက လာကယ်ထုတ်ပေးမှာလဲ? မီးပျက်တိုင်း ပိတ်မိတဲ့သူတွေကို ခဏခဏ ကယ်ထုတ်ပေးနေရတာ များလာလို့ မြေရှင်က ဓာတ်လှေကား ပေးမသုံးတော့ဘူး ပိတ်ထားမယ် ပြောလာခဲ့ရင် ဘာလုပ်မလဲ? အားလုံးနဲ့ ရန် ပတ်ဖြစ်ရမှာလား?
လက်ရှိ အခြေအနေအရ.. အထပ်မြင့် ဝယ်မယ့်သူတွေ သေချာလေး စဉ်းစား ချင့်ချိန်သင့်ပါတယ်.. ခေါင်းထဲ အပြည့် ရိုက်သွင်းစဉ်းစားထားဖို့က မီနီကွန်ဒိုဆိုတာ ရိုးရိုး တိုက်ခန်းကို ဓာတ်လှေကားဆင်ပေးထားတာမျိုးပါ.. ကျန်တာက အားလုံး အတူတူပါဘဲ.. စဉ်းစားထားပြီးသား သိသိရက်နဲ့ ကြိုက်လို့ဝယ်တာဆိုရင် ကိစ္စမရှိပေမယ့်.. မသိဘဲ ဝယ်မိတာဆို အာရုံတွေ အကြီးကြီး နောက်ရမှာပါနော်.. အမှန်တွေ အရမ်းပြောရင် ရွာပြင်ထုတ်ခံရမှာစိုးလို့ ဒီလောက်နဲ့ဘဲ ရပ်ပါပြီ.. (Millionaire)
လုံးဝအမှန်ပါ.. ဝယ်သူတွေသတိထားစေချင်တယ်.. ကိုယ်တွေ့မို့ပါ.. ကိုယ်က အလွှာမြင့်ဝယ်ထားတော့ ဓါတ်လှေကားပျက်ရင် တနှစ်တခါသက်တမ်းတိုးရင် ဦးဆောင်လုပ်မယ်သူမရှိဘူး.. Maintenance ကို လစဥ်မချုပ်တော့ စီးရင်းနဲ့ ပိတ်မိနေမလားလို့ စီးရင်းကြောက်နေရ.. အစောင့်ထားဖို့ ဘယ်သူမှ သဘောမတူ.. အများကြီးပါနော်..
မြေရှင်ကလည်း တာဝန်ယူမလုပ်.. ကန်ထရိုက်ကိုလည်း ဖုန်းဆက်မရတော့.. အောက်ထပ်တွေကလည်း ဓါတ်လှေကားမစီးဘူးဆိုပြီး ပိုက်ဆံမထည့်.. သန့်ရှင်းရေးအဆုံး.. တရွာလုံးနဲ့တယောက်ဖြစ်လို့.. သိန်းထောင်ကျော်ပေးဝယ်ပြီး ကိုယ်လုပ်ကိုယ်ပြင်နဲ့ အတော်လေးစိတ်ဆင်းရဲခဲ့ရပါတယ်.. ဝယ်စဥ်က မသိနားမလည်ခဲ့လို့.. အခုတော့ ၀ဋ်ကျွတ်သွားပါပြီ.. (နွေဦးခိုင်)
Condominiums Law နဲ့ အကျုံးမဝင်တဲ့ အရပ်အခေါ် Mini Condo တွေရဲ့ ပြဿနာက တဖြေးဖြေး ကြီးထွားလာပါလိမ့်မယ်.. ဓာတ်လှေခါး မီးစက် ကားပါကင် လုံခြုံရေး သန်ရှင်းရေး စနစ်တွေက တကျောင်းတဂါထာမို့ ထိရှယ်လွယ် အခြေခံ ပြဿနာတွေပါ..
Post Views:
4