ရန်ကုန်မှာ အာမခံထားတဲ့ ကားတွေ အက်စီးဒင့် ဖြစ်လို့ ဘော်ဒီကိုင် ဆေးပြန်မှုတ် ရမယ်ဆိုရင်.. ဆေးပေါင်းခန်းမှ မရှိတဲ့ဆိုင်မှာ အာမခံကားတွေ မပြုပြင်စေလို..
မိုးများတဲ့ ရန်ကုန်မှာ အာမခံထားကားတွေ အက်စီးဒင့် ဖြစ်လို့ ဘော်ဒီကိုင် ဆေးပြန်မှုတ် လုပ်ရမယ်ဆိုရင် ဆေးပေါင်းခန်းမရှိတဲ့ ကားဘော်ဒီဆိုင်မှာ ကားကို ပြုပြင်ပေးမယ်ဆိုရင် လုံးဝလက်မခံပါနဲ့.. ကားတစ်စီးကို နောက်ဆေးလုပ်တယ်ဆိုရင် ဆေးလုပ်ပီးနောက်ပိုင်း ရေခိုးရေငွေ့ ကျန် မကျန် စိုထိုင်းစလျော့ကျ မပါဖို့က အရေးကြီးပါတယ်..
အပေါ်ကစကားကို ပြန်ဆက်ရရင် မိုးများတဲ့ ရန်ကုန်လိုနေရာမျိုးမှာက ဘောဒီပြန်ထုပီး ပါတ်တီးဖို့ ပီးချိန်မှာ လုံလောက်တဲ့ ခြောက်သွေ့မှုဖြစ်အောင်၊ ဆေးပန်းပီးချိန်မှာ ဆေးခြောက်ဖို့အတွက် လုံလောက်တဲ့ အပူချိန်ရဖို့ ဆေးပေါင်းခန်းက မဖြစ်မနေလိုအပ်ပါတယ်..
ဆေးပေါင်းခန်းမှာ သေချာမပေါင်း၊ စိုထိုင်းစရှိပီး ခြောက်သွေ့မှုရှိနေမယ်ဆိုရင် ဆေးလုပ် ဘော်ဒီဆိုင်ကပြန်ထွက်ပီး လပိုင်းမကြာခင်မှာ ဆေးတွေပြန်ကြွလာတာ၊ အက်ကွဲလာတာတွေ ဖြစ်လာနိုင်ပါတယ်.. ဒါကြောင့် အာမခံကုမ္ပဏီကို အားမနာပါနဲ့ အမျိုးတို့၊ ခပ်တင်းတင်းဘဲ ငြင်းကြပါ.. ဆေးပေါင်းခန်းမရှိတဲ့ ဘော်ဒီဆိုင်မှာ ကျွန်တော့်ကားကို ဆေးမလုပ်နိုင်ပါဘူးဆိုပီး အမျိုးတွေမှာ အဲ့အခွင့်အရေးအပြည့်အဝရှိပါကြောင်း.. (ချစ်ခြင်းများစွာဖြင့် အရည်ကြို)
ကိုတိုး – ဆေးပေါင်းခန်းကတော့ လိုအပ်တာမှန်ပါတယ်ဗျ ကိုအရည်ကြိုရေ.. ဒါပေမယ့် ဆေးပေါင်းခန်း မရှိပဲ မှုတ်ထားတဲ့ဆေးက သက်တမ်း ရှစ်နှစ်ရှိပါပြီ.. အခုထိ မကြွသေးပါဘူး.. အဓိက ဆေးရေရှည်ခံအောင်က ပတ်တီးထည့် ကော်ပတ်စားပြီး ခံဆေးမှုတ်တော့မယ် ဆေးမှုတ်တော့မယ်ဆိုရင် မိုးရွာပြီး စိုစွတ်တဲ့အချိန်မှာ ဆေးမမှုတ်ပဲ ပတ်တီးတွေ အစိုဓာတ်ကုန်အောင် နေပူတဲ့အချိန်မှာ ထားပြီးမှ မှုတ်ရင် မကြွပါဘူး..
မိုးမရွာလို့ ညဖက်ဆေးမှုတ်ချင်ရင် မီးပြတဲ့ 1200,1800,2200 W မီးချောင်းတွေနဲ့ မီးပြပြီး ဆေးမှုတ်လို့ရပါတယ်.. ပေါင်းခန်းရှိရင်တော့ အဲ့လို ပြစရာမလိုတော့ဘူးပေါ့.. အဓိကကျတာကတော့ ဆေးဆရာရဲ့ ကျွမ်းကျင်မှု့နဲ့ စေတနာပါဖို့သာ လိုတာပါ.. ဆေးတွေပြန်ကြွကုန်တယ်ဆိုတာက ပတ်တီးတွေ အစိုဓာတ် မကုန်ခင် ပြီးရင် ပြီးရောဆိုပြီး စေတနာမပါလို့ ဖြစ်တာပါဗျာ..
အရည်ကြို – ရန်ကုန်မှာ နေပွင့်ဖို့စောင့်ရတာ ဘယ်လောက်ကြာတာ ကိုတိုး သိရဲ့နဲ့.. အုံမှိုင်းအုံမှိုင်း စိုစိစိုစိနဲ့ကို.. ပီးတော့ ကားတွေက အချိန်နဲ့ ယူကြတာဆိုတော့ သေချာပေါက် တစ်လွဲတွေဖြစ်တာပါ.. အဲ့ကျ အာမခံထားတဲ့ကားကတော့ ရစ်ပါစေဗျာ..
Post Views: 1