ရန်ကုန်တွင်မြေအောက်ရေကို ထုတ်ယူသုံးစွဲနိုင်သောပမာဏထက် ရာခိုင်နှုန်းပြည့်ကျော်လွန်သုံးစွဲနေတာကြောင့် မြေကျွံခြင်းများဖြစ်နိုင်

Local News

ရန်ကုန်တွင် မြေအောက်ရေကို ထုတ်ယူသုံးစွဲနိုင်သောပမာဏထက် ရာခိုင်နှုန်းပြည့်ကျော်လွန်သုံးစွဲနေတာကြောင့် မြေကျွံခြင်းများဖြစ်နိုင်

ရန်ကုန်၊ ဒီဇင်ဘာလ
ရန်ကုန်မြို့၏ လက်ရှိ မြေအောက်ရေ ထုတ်ယူသုံးစွဲမှုသည် ထုတ်ယူနိုင်သည့် ပမာဏ၏ ၁၀၀ ရာခိုင်နှုန်းထက် ကျော်လွန်သုံးစွဲလျက်ရှိကြောင်း စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးက်ရေးအသင်းမှ သိရပါတယ်။ရန်ကုန်မြို့တွင် စည်ပင်သာယာရေးကော်မတီပိုင်အဝီစိတွင်း ၅၂၆ တွင်းရှိပြီး သာကေတ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း) စသည့်မြို့နယ်တို့တွင် အများဆုံးရှိကာ အဆိုပါတွင်းများမှ နေ့စဉ် ရေဂါလန် သန်း ၂၀ ထုတ်ယူသုံးစွဲလျက်ရှိကြောင်း သိရပါတယ်။

မြေအောက်ရေကို အလွန်အကျွံထုတ်ယူသုံးစွဲမှုများကြောင့် မြေနိမ့်ကျခြင်း၊ ပင်လယ်နားနီးပါက ရေငန်ဝင်ရောက်ခြင်း၊ ဆောက်ပြီးသား အဆောက်အအုံများ ဆိုးကျိုးခံစားရခြင်း၊ မြေအောက်ရေ Level ကျဆင်းခြင်းတို့ဖြစ်ပေါ်ကြောင်း သိရပါတယ်။ထို့ကြောင့် ရန်ကုန်စည်ပင်သာယာရေးကော်မတီအနေဖြင့် အဝီစိတွင်းရေ သုံးစွဲမှုလျှော့ချနိုင်ရန် အဝီစိတွင်း ၅၀၀ ကျော်ကို ၂၀၂၅ခုနှစ်တွင် ပိတ်သိမ်းရန် စီစဉ်ထားကြောင်း သိရပါတယ်။

Credit – MyanmaPlatform

Leave a Reply