ရန္ကုန္တိုင္းမွာ တအိမ္တက္ဆင္း လူဦးေရစာရင္း ေကာက္ယူမယ္လို႔ စစ္ေကာင္စီ ေၾကညာ

ရန္ကုန္တိုင္းမွာ တအိမ္တက္ဆင္း လူဦးေရစာရင္း ေကာက္ယူမယ္လို႔ စစ္ေကာင္စီ ေၾကညာ

ရန္ကုန္တိုင္းမွာ တအိမ္တက္ဆင္း လူဦးေရစာရင္း ေကာက္ယူမယ္လို႔ စစ္ေကာင္စီ ေၾကညာ
မဲေခါင္၊ ဒီဇင္ဘာ ၂၇လာမယ့္ ၂၀၂၃ မွာ ျပဳလုပ္မယ္လို႔ စစ္ေကာင္စီက ေၾကညာထားတဲ့ ေ႐ြးေကာက္ပြဲ အတြက္ ရန္ကုန္တိုင္းအတြင္း ၿမိဳ႕နယ္အလိုက္ ေျမျပင္ လူဦးေရစာရင္းကို ဇန္နဝါရီ ၉ ရက္ေန႔က စတင္ကာ တစ္အိမ္တက္ဆင္း ေကာက္ယူမယ္လို႔ စစ္ေကာင္စီက ေၾကညာပါတယ္။
ႏိုင္ငံသားတစ္ဦးခ်င္းရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြ မွန္ကန္ဖို႔ ႏိုင္ငံေတာ္အတြက္ အေရးႀကီးတာေၾကာင့္ ေျမျပင္စာရင္းေကာက္ယူရာမွာ ျပည္သူေတြအေနနဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔ လိုအပ္တယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး ေျမျပင္ကြင္းဆင္း စာရင္းေကာက္ယူေရး ႀကီးၾကပ္မႈေကာ္မတီရဲ႕ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

ေကာက္ယူရရွိလာတဲ့ လူဦးေရစာရင္းနဲ႔ အခ်က္အလက္ေတြကို e-ID Software မွာ ထည့္သြင္းတာကို လာမယ့္ ဇန္နဝါရီ ၉ ရက္ကေန ေဖေဖာ္ဝါရီ ၁ဝ ရက္ေန႔အထိ ေဆာင္႐ြက္မွာျဖစ္တယ္လို႔ ဆိုပါတယ္။ေျမျပင္ကြင္းဆင္းစာရင္း ေကာက္ယူရာမွာ စစ္ေကာင္စီလက္ေအာက္ခံ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ေ႐ြးေကာက္ပြဲေကာ္မရွင္၊ လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာနနဲ႔ လူမႈေရးအသင္းအဖြဲ႕ေတြက ေစတနာ့ဝန္ထမ္းေတြ ပူးေပါင္းေဆာင္႐ြက္မွာ ျဖစ္တယ္လို႔ ဆိုထားပါတယ္။
လာမယ့္ ၂၀၂၃ ခုႏွစ္ အတြင္း က်င္းပမယ္လို႔ စစ္ေကာင္စီက ေၾကညာထားတဲ့ ေ႐ြးေကာက္ပြဲဟာ စစ္အာဏာရွင္စနစ္ အသက္ဆက္ဖို႔ က်င္းပမဲ့ အတုအေယာင္ ေ႐ြးေကာက္ပြဲသာျဖစ္လို႔ ျပည္သူေတြအေနနဲ႔ ဘက္စုံဆန႔္က်င္ၾကဖို႔ ေတာ္လွန္ေရးအင္အားစုေတြက အႀကိမ္ႀကိမ္ သတိေပး တိုက္တြန္းထားပါတယ္။
crdMK-006#MeKongNews
Unicodeရန်ကုန်တိုင်းမှာ တအိမ်တက်ဆင်း လူဦးရေစာရင်း ကောက်ယူမယ်လို့ စစ်ကောင်စီ ကြေညာ
မဲခေါင်၊ ဒီဇင်ဘာ ၂၇လာမယ့် ၂၀၂၃ မှာ ပြုလုပ်မယ်လို့ စစ်ကောင်စီက ကြေညာထားတဲ့ ရွေးကောက်ပွဲ အတွက် ရန်ကုန်တိုင်းအတွင်း မြို့နယ်အလိုက် မြေပြင် လူဦးရေစာရင်းကို ဇန်နဝါရီ ၉ ရက်နေ့က စတင်ကာ တစ်အိမ်တက်ဆင်း ကောက်ယူမယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။
နိုင်ငံသားတစ်ဦးချင်းရဲ့ ကိုယ်ရေးအချက်အလက်တွေ မှန်ကန်ဖို့ နိုင်ငံတော်အတွက် အရေးကြီးတာကြောင့် မြေပြင်စာရင်းကောက်ယူရာမှာ ပြည်သူတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကောက်ယူရရှိလာတဲ့ လူဦးရေစာရင်းနဲ့ အချက်အလက်တွေကို e-ID Software မှာ ထည့်သွင်းတာကို လာမယ့် ဇန်နဝါရီ ၉ ရက်ကနေ ဖေဖော်ဝါရီ ၁ဝ ရက်နေ့အထိ ဆောင်ရွက်မှာဖြစ်တယ်လို့ ဆိုပါတယ်။မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရာမှာ စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးကောက်ပွဲကော်မရှင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနဲ့ လူမှုရေးအသင်းအဖွဲ့တွေက စေတနာ့ဝန်ထမ်းတွေ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
လာမယ့် ၂၀၂၃ ခုနှစ် အတွင်း ကျင်းပမယ်လို့ စစ်ကောင်စီက ကြေညာထားတဲ့ ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ် အသက်ဆက်ဖို့ ကျင်းပမဲ့ အတုအယောင် ရွေးကောက်ပွဲသာဖြစ်လို့ ပြည်သူတွေအနေနဲ့ ဘက်စုံဆန့်ကျင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက အကြိမ်ကြိမ် သတိပေး တိုက်တွန်းထားပါတယ်။
crdMK-006#MeKongNews

Crd