ရထားသံလမ်း အကျယ်ဟာ (၄) ပေ နဲ့ (၈) လက်မခွဲ ဆိုတဲ့ ဂွတိဂွကျ ပမာဏ ဖြစ်နေရခြင်း ‌အကြောင်းအရင်း

ရထားသံလမ်း အကျယ်ဟာ (၄) ပေ နဲ့ (၈) လက်မခွဲ ဆိုတဲ့ ဂွတိဂွကျ ပမာဏ ဖြစ်နေရခြင်း ‌အကြောင်းအရင်း

အမေရိကန်နိုင်ငံရဲ့ ရထားသံလမ်း အကျယ်ဟာ ၄ ပေ နဲ့ ၈ လက်မခွဲ ရှိတယ်။ ၄ ပေ လည်းမဟုတ် ၅ ပေလည်းမဟုတ် နဲ့ တကယ့် ဂွတိဂွကျ ပမာဏ ပါပဲ။ ဘယ်လို ဖြစ်ပြီး အဲ့လို ဂွတိဂွကျ ပမာဏဖြစ်နေရတာလဲ။ ဘာလို့လဲ ဆိုတော့ ဒီ အတိုင်းက အင်္ဂလိပ်တွေ ရထားလမ်းဖောက်တော့ သုံးတဲ့ အကျယ်မို့လို့ပါတဲ့။ အမေရိကန်က အရင်က ဗြိတိသျှ ကိုလိုနီ ကိုး။ အမေရိကန်မှာ ပထမဆုံး ရထားလမ်းဖောက်ခဲ့တာ အင်္ဂလိပ်တွေပါ။

အာ့ဆို ဘာလို့ အင်္ဂလိပ်တွေကရော အဲ့ဒီ အတိုင်းအတာ သုံးရတာလဲ။ ဘာလို့ဆို ရထားလမ်းဖောက်တဲ့ လူတွေဟာ အရင်က မြင်းဆွဲတဲ့ရထားလမ်း ဖောက်တဲ့သူတွေမို့ပါတဲ့။ သူတို့က မြင်းဆွဲတဲ့ရထားလမ်းကို အဲ့ဒီအတိုင်းအတာနဲ့ ခင်းတော့ ရထားလမ်းကျတော့လည်း အဲ့ဒီအတိုင်းအတာတိုင်းပဲ ဆက်ဖောက်ကြတာပေါ့။ ဘာလို့ အဲ့ဒီ လမ်းဖောက်တဲ့သူတွေက ဒီကို့လို့ကန့်လန့် ၄ ပေ ၈ လက်မခွဲ ဆိုတဲ့ ပမာဏ ကို သုံးရတာလဲ။

ဘာလို့လဲဆိုတော့ ဒီလူတွေက အရင်က လှည်းလုပ်တဲ့ သူတွေ။ သူတို့က လှည်းရဲ့ ဘီးနှစ်ခု အကွာအဝေး (လှည်းအကျယ်ပေါ့) ကို အဲ့ဒီ အတိုင်းအတာနဲ့ လုပ်ကြသတဲ့။ ကဲ… သူတို့က ဘာလို့ လှည်းဘီး နှစ်ခု အကွာအဝေးကို အဲ့ဒီ အတိုင်းအတာ နဲ့ လုပ်ကြသလဲ။
သူတို့ က လှည်းကို အဲ့ဒီ အကျယ်တိုင်း မဆောက်ရင် ဘယ်လိုဖြစ်သလဲ ဆိုတော့ လှည်းဘီးတွေ ခဏခဏပျက်ကုန် သတဲ့။ ဘာလို့လဲဆိုရင် အင်္ဂလန်ရဲ့ လှည်းလမ်းတွေရဲ့ စွပ်ကြောင်းက အဲ့ဒီ ပမာဏ အတိုင်းဖြစ်နေလို့တဲ့။

ကျတော်တို့ လှည်းသွားတဲ့ ရွာလမ်းတွေဘာတွေမှာ မြင်ဖူးမယ်ထင်တယ်။ လှည်းဘီးအမြဲနင်းသွားတဲ့ လမ်းကြောင်းက ခွက်နေပြီး အလယ်က ကုန်းလို မို့ နေတာလေ။ အဲ့ဒီ အရာအတိုင်း ဘီး ကို မလုပ်ရင် ဘီးက အလယ်က ကုန်းပေါ်တက်ပြီး အမြန်ပျက်တာပေါ့။ ဘာလို့ အဲ့လမ်းတွေက အဲ့လို ဘီးရာတွေ ဖြစ်နေတာလဲ။

ဘာလို့ဆို အင်္ဂလန်အပါအဝင် ဥရောပရဲ့ ကနဦးလမ်းတွေကို ရောမအင်ပါယာက ဖောက်ထားတာပါ။ အဲ့ဒါကြောင့် လှည်းလမ်းအရာတွေက ရောမစစ်မြင်းရထား ရဲ့ ဘီးအကွာအဝေးတိုင်းပဲ ဖြစ်နေတာပါတဲ့။ ဒီရောမ တွေကရော ဘယ်လိုကြောင့် စစ်ရထားကို အဲ့လို ဆောက်ရသလဲ ဆိုတော့ ဒီပမာဏ ဟာ စစ်ရထားကိုဆွဲတဲ့ မြင်းနှစ်ကောင် ယှဉ်ပြီး ပြေးလို့ရတဲ့ ပမာဏ မို့လို့ပါတဲ့။ တနည်းပြောရင် မြင်းဖင် နှစ်ခု အကွာအဝေးပေါ့။

ကျတော်တို့ အာကသယာဉ်လွှတ်ရင် သူ့ရဲ့ အမြီးမှာ တပ်ထားတဲ့ ဒုံးနှစ်ခုကို တွေ့ဖူးမယ်ထင်တယ်။ အဲ့ဒီနှစ်ခုကို Solid Rocket Booster (SRB) လို့ခေါ်တယ်။ အကာသယဉ်ကို သတ်မှတ်တဲ့ altitude ရောက်အောင် ပင့်တင်ပေးတာ။ အဲ့ဒီ SRB တွေကို Utah မှာရှိတဲ့ Theokol ဆိုတဲ့ ကုမ္ပဏီက လုပ်တာ။

ဒီ SRB တွေကို မူလဒီဇိုင်းထုတ်တဲ့ အင်ဂျင်နီယာတွေက ဒီကောင်တွေကို အ၀ိုင်းမဟုတ်ပဲ နည်းနည်း ခပ်ပြားပြားလေးလုပ်ချင်တာ။ ဒါပေမယ့် ဒါတွေထုတ်တဲ့ စက်ရုံကနေ ဒုံးပျံလွှတ်မယ့် နေရာကို သယ်ဖို့က ရထားနဲ့ သယ်ရမယ်။ အဲ့လိုသယ်မယ့်ရထားလမ်းမှာ လှိုင်ခေါင်း တစ်ခုကို ဖြတ်သွားရမယ်။ ရထားလှိုင်ခေါင်းက ရထားလမ်းထက် နည်းနည်းပဲ ပိုကျယ်တယ်။

ဆိုတော့ ဒီ SRB တွေကို ဒီလှိုင်ခေါင်းနဲ့ ဆန့်အောင် ဒီဇိုင်းထုတ်မှ ရမယ်။ ရထားလမ်းက ထုံးစံအတိုင်း ၄ ပေ နဲ့ ၈ လက်မခွဲ ပဲ ကျယ်တာလေ။ ဒီတော့ SRB တွေရဲ့ ဒီဇိုင်းဟာ အဆုံးမှာတော့ ရထားလမ်းအကျယ်ပမာဏအပေါ်မှာ တစ်စိတ်တပိုင်း မူတည်သွားရော။

ဒီပိုစ့်က ဘာမှပြောချင်တာမဟုတ်ပါဘူး။ လက်ရှိမှာ အဆင့်အမြင့်ဆုံး သယ်ယူပို့ဆောင်ရေး ယဉ်လို့ပြောရမယ့် SRB (Solid Rocket Booster) ရဲ့ ဒီဇိုင်းကို ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်လောက်က ရောမ စစ်ရထားမှာ တပ်တဲ့ မြင်းနှစ်ကောင် ဖင်အကွာအ၀းက တနည်းတဖုံ အဆုံးအဖြတ်ပေးနိင်တယ်ဆိုတဲ့ စပ်ဆက်မှုကို ပြောချင်တာပါ။ (Lu Min Han)

2

Crd



Post Views:
10

Crd