

ရင်ခုန်စရာ မြန်မာ့ကားလောက လက်ရှိ အခြေအနေ (ကားကိုင်ထားသူတွေ မျက်ရည်ကျရတော့မှာလား)…

အခြေအနေတွေကတော့ မြင်တဲ့အတိုင်းဘဲ ရင်ခုန်စရာကြီး၊ မြန်မာပြည်မှာ လူဖြစ်ရတာ တလောတုန်းက သိန်း ၉၀၀ နဲ့ အရောင်းအဝယ်ဖြစ်နေခဲ့တဲ့ အတွင်းရော အပြင်ရောလှတဲ့ တရုတ်ကားလေးက (၇၂၀)သိန်း ဝန်းကျင်ရောက်နေပြီ။ အသစ် ကို (၈၆၀)သိန်းနဲ့ တပတ်ရစ် (used) ကို ရ၅၀-၈၀၀ ထိ ပေါက်ခဲ့တဲ့ ယုံကြည်ရ (reliable) ဖြစ်လှပါတယ် ဆိုတဲ့

တရုတ်ကားလေးကလည်း (၆၀၀) ဝန်းကျင်ပြန်ရောက်နေပြီ။ နည်းနည်းလေးဘဲ စွန်းတော့တယ်။ အသစ်ကို (၁၁၅၀) အထိ တပတ်ရစ် (used) ကို (၁၀၅၀)ထိ ပေါက်သွားတဲ့ ယုံကြည်ရ (reliable) ဖြစ်တယ်ဆိုတဲ့

တရုတ် brand ထဲက ကောင်လေးက (၈၅၀) လောက်ကိုပြန်ရောက်ပြီ။ တပတ်ရစ် (used) ကိုပြောတာနော်။ ပြသာနာ များလို့ နာမည်ကြီးတဲ့ တရုတ်ကားလေးတွေကလည်း ယခင်စျေးမြင့်ချိန်ပေါက်စျေးထက် ၁၀၀ ဝန်းကျင်ထက်ကို

ကျလာတယ်။ ဒါက တရုတ်တွေထဲမှာ ဂျပန် တပတ်ရစ် (Japan used) ကားတွေထဲမှာတော့ ကျစျေးနဲ့လိုက်ရောင်းတာ သိပ်မတွေ့ရသေးဘူး ဆက်ပြီးတော့ တက်မလား ဆက်ပြီးတော့ဘဲကျမလား စောင့်ကြည့်နေပါတယ်။

crd-(Dee De Aung)

ယူနီကုတ်






crd-(Dee De Aung)

Crd