ရက်အတန်ကြာ ပျောက်ဆုံးနေခဲ့တဲ့ အမျိုးသမီးတစ်ဦးကို စပါးအုံးမြွေဗိုက်ထဲမှာတွေ့ရှိ

ရက်အတန်ကြာ ပျောက်ဆုံးနေခဲ့တဲ့ အမျိုးသမီးတစ်ဦးကို စပါးအုံးမြွေဗိုက်ထဲမှာတွေ့ရှိ

ရက်အတန်ကြာ ပျောက်ဆုံးနေခဲ့တဲ့ အမျိုးသမီးတစ်ဦးကို စပါးအုံးမြွေဗိုက်ထဲမှာတွေ့ရှိ

ဒီဖြစ်စဥ်ကတော့ အင်ဒိုနီးရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၅၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ စပါးအုံးမြွေကြီးတစ်ကောင်ရဲ့ အစာဖြစ်ခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ မြွေကိုက်ခံရလို့ သေဆုံးတဲ့ သတင်းတွေကို မကြာခဏ ကြားသိရပေမယ့် အခုဖြစ်စဥ်ကတော့ လူတစ်ကိုယ်လုံး မြိုချခံထားရတာဖြစ်လို့ ထူးကဲဖြစ်စဥ်အဖြစ်နဲ့ အများသိ စေရန်အလို့ငှာ ဖော်ပြပေးလိုက်ရပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ပျောက်ဆုံးနေခဲ့တဲ့ အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းကို မကြာသေးမီက တွေ့ရှိခဲ့ရပြီး အရှည် ၂၂ ပေ (၆.၇ မီတာ) ရှိတဲ့ စပါးအုံးမြွေကြီးရဲ့ အစာအိမ်အတွင်းမှာ တွေ့ရှိခဲ့ပါတယ်။

အသက် ၅၄ နှစ်အရွယ် Jahrah အမည်ရှိ အဖွားအိုဟာ ဆူမာတြားကျွန်းရှိ ဂျမ်ဘီပြည်နယ်မှာ အောက်တိုဘာ ၂၃ ရက်ကတည်းက ပျောက်ဆုံးသွားခဲ့ကြောင်း CNN Indonesia က ဖော်ပြခဲ့ပါတယ်။

အဲဒီနေ့ညနေက အိမ်ပြန်ရောက်မလာတဲ့အတွက် သူ့မိသားစုဝင်တွေက ပျောက်ဆုံးနေကြောင်း ရဲဌာနကို အကြောင်းကြားခဲ့ကြပါတယ်။

သူမရဲ့ခင်ပွန်း အပါအဝင် ရှာဖွေရေး အုပ်စုတစ်ခုဟာ ရက်အနည်းငယ်ကြာပြီးမှာ သူမရဲ့ ခြေနင်းဖိနပ်နဲ့ အဝတ်အစားများစွာကို မြေပြင်ပေါ်မှာ တွေ့ရှိခဲ့ရပါတယ်။ ဒါပေမဲ့ သူမကိုတော့ ရှာဖွေမတွေ့ရှိခဲ့ကြောင်း အစီရင်ခံထားပါတယ်။

နောက်တစ်နေ့မှာတော့ အဝတ်အစားများကို တွေ့ရှိခဲ့တဲ့ နေရာအနီးမှာပဲ ဧရာမ စပါးအုံးမြွေကြီး တစ်ကောင်ကို ဒေသခံများက တွေ့ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

မြွေကြီးမှာ သံသယဖြစ်ဖွယ် ဗိုက်စူထွက်နေတယ်လို့ မျက်မြင်သက်သေတွေက ပြောပြလာခဲ့တာပါ။

ဒီလိုပြောစကားတွေကြောင့် ရွာသားတစ်စုက သံသယဖြစ်ဖွယ် စပါးအုံးမြွေကြီးကို လိုက်ဖမ်းပြီး သတ်ပစ်လိုက်ပါတော့တယ်။

အဲဒီနောက် မြွေရဲ့ဗိုက်ကို ခွဲထုတ်လိုက်ချိန်မှာတော့ ပျောက်ဆုံးနေတဲ့ အမျိုးသမီးရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ရပါတော့တယ်။

အင်ဒိုနီးရှားနိုင်ငံဟာ စိမ်းလန်းပြီး သစ်ပင်ထူထပ်တာကြောင့် စပါးအုံးမြွေ မျိုးစိတ်များစွာတို့ရဲ့ ရှင်သန်ရာ ဒေသပါ။

ထင်ရှားတဲ့ မျိုးစိတ်တချို့ကတော့ green tree စပါးအုံး၊ (Morelia viridis), amethystine pythons (Morelia amethistina)၊ ဆူမားတြား အမြီးတို စပါးအုံး (Python curtus) တို့ပါ။

ဒါ့အပြင် reticulated pythons (Malayopython reticulatus) လို့ခေါ်တဲ့ ကမ္ဘာ့အရှည်ဆုံး စပါးအုံးမြွေ မျိုးစိတ်များ အပါအဝင် ရှင်သန်နေထိုင်ကြပါတယ်။ ဒါပေမဲ့ လူတွေကို အန္တရာယ်ပြုတာမျိုးကတော့ အတော်လေးကို ရှားခဲ့တာပါ။

ကံမကောင်းစွာနဲ့ပဲ အမျိုးသမီးကို သတ်ခဲ့တဲ့ မြွေမျိုးစိတ်ကို မဖော်ထုတ်ရသေးပေမဲ့ အရွယ်အစား သေးသွယ်တဲ့ စပါးအုံးမြွေတစ်ကောင် ဖြစ်ဖွယ်ရှိပါတယ်။

အင်ဒိုနီးရှားက စပါးအုံးမြွေတွေဟာ ပျမ်းမျှအားဖြင့် ၂၈.၅ ပေ (၈.၇ မီတာ) လောက်အထိ ရှည်နိုင်ပြီး အလေးချိန် ပေါင် ၃၂၀ (၁၄၅ ကီလိုဂရမ်) ရှိကြောင်း ပညာရှင်များရဲ့ အဆိုအရ သိရပါတယ်။

စပါးအုံးမြွေတွေဟာ လူတွေကို အမဲလိုက်ခဲပေမဲ့ သားကောင်ကို ဖမ်းမိချိန်မှာတော့ သားကောင်ရဲ့ ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ ညှစ်သတ်လိုက်ပြီး တစ်ကောင်လုံး လုံးလုံးမျိုချခြင်းဖြင့် သတ်ဖြတ် စားသုံးလေ့ ရှိကြပါတယ်။

ခြုံပြောရမယ်ဆိုရင်တော့ သူတို့ဟာ သူတို့ရဲ့ သားကောင် ဘယ်လောက်ထိ ကြီးမားပါစေ မြိုချနိုင်စွမ်းရှိကြတယ်လို့ Mandai Wildlife Group မှ ထိန်းသိမ်းရေးနဲ့ သုတေသနအရာရှိဟောင်းတစ်ဦးက ဆိုပါတယ်။

ဒီအမျိုးသမီးကို သေဆုံးစေခဲ့တဲ့ စပါးအုံးရဲ့ မျိုးစိတ်ကို အတိအကျ မသိရသေးပေမဲ့ ကမ္ဘာ့အရှည်ဆုံးသော Reticulated စပါးအုံးမြွေတွေကတော့ အခါအားလျော်စွာ လူတွေကို စားသုံးတတ်ကြကြောင်း သိရှိရပါတယ်။

၂၀၁၈ ခုနှစ်ကလည်း အလားတူ ဖြစ်ရပ်ဆိုးမျိုး အခုဖြစ်ရပ်မတိုင်မီ နောက်ဆုံးဖြစ်ပွားခဲ့ပြီး အင်ဒိုနီးရှား အမျိုးသမီးတစ်ဦးကပဲ စပါးအုံးမြွေတစ်ကောင်ရဲ့ သတ်ဖြတ် စားသောက်ခြင်းကို ခံခဲ့ရကာ နိုင်ငံတကာ သတင်းခေါင်းကြီးပိုင်းများမှာ ထွက်ပေါ်လာခဲ့ဖူးပါတယ်။

သို့သော်လည်း အထက်က ဆိုထားခဲ့သလို အခုလို ဖြစ်ရပ်တွေဟာ အလွန်ရှားပါးကြောင်း ကျွမ်းကျင်သူများက ဆိုထားခဲ့ကြပါတယ်။ သာမန် စပါးအုံးမြွေတစ်ကောက်ကပင် လူသားတစ်ဦးကို ဖြုတ်ချနိုင်လောက်အောင် ကြီးမားကြပါတယ်။

ဒါပေမဲ့လည်း လူ့ခန္ဓာကိုယ်တစ်ခုလုံးကို အစာချက်နိုင်ဖို့ကတော့ ခက်ခဲတတ်ပြီး အထူးသဖြင့် မြွေရဲ့လည်ချောင်းမှာ လူသားရဲ့ ကျယ်ပြန့်တဲ့ ပုခုံးတွေဟာ တွယ်ကပ်နေနိုင်ပြီး မျိုချရန်နဲ့ အစာချေဖျက်ဖို့ရာ အချိန် အတော်ယူရမှာဖြစ်ကြောင်း ကျွမ်းကျင်သူတွေက ဆိုထားကြပါတယ်။

၂၀၁၈ ခုနှစ်က နောက်ဆုံးဖြစ်ပွားခဲ့တဲ့ အင်ဒိုနီးရှားရဲ့ မြွေက လူမြိုခြင်းဖြစ်စဥ်ဟာ ၄ နှစ်ကျော်အကြာမှာ ထပ်မံပေါ်ပေါက်လာတာကြောင့် ကမ္ဘာ့မီဒီယာတွေရဲ့ ခေါင်းစီးပိုင်းတွေမှာ နေရာယူထားခဲ့ပါတော့တယ်။

အင်ဒိုနိုင်ငံတွင်းက စပါးအုံးမြွေ အများစုကတော့ ကြောင်များ၊ ငှက်များ၊ တောဝက်များနဲ့ ရံဖန်ရံခါ မျောက်များကို သူတို့ရဲ့ အစာအဖြစ် မှီဝဲကြကြောင်းလည်း ပြည်တွင်းက ကျွမ်းကျင်သူတွေက ဆိုထားကြပါတယ်။

Knight News Team

Knight News © 2022

Crd