ယေန႔ျပင္ပေစ်းကြက္တြင္းျဖစ္ေပၚေနေသာ ေ႐ႊေစ်းႏႈန္းမ်ားႏွင့္ ေ႐ႊေရာင္းဝယ္သူမ်ား၏မွတ္ခ်က္ ( ေမွာင္ခို ေစ်းကြက္ မေပၚ ေပၚေအာင္တိုက္တြန္းသလိုျဖစ္ေနပါၿပီ )

ယေန႔ျပင္ပေစ်းကြက္တြင္းျဖစ္ေပၚေနေသာ ေ႐ႊေစ်းႏႈန္းမ်ားႏွင့္ ေ႐ႊေရာင္းဝယ္သူမ်ား၏မွတ္ခ်က္ ( ေမွာင္ခို ေစ်းကြက္ မေပၚ ေပၚေအာင္တိုက္တြန္းသလိုျဖစ္ေနပါၿပီ )

ယေန႔ျပင္ပေစ်းကြက္တြင္းျဖစ္ေပၚေနေသာ ေ႐ႊေစ်းႏႈန္းမ်ားႏွင့္ ေ႐ႊေရာင္းဝယ္သူမ်ား၏မွတ္ခ်က္ ( ေမွာင္ခို ေစ်းကြက္ မေပၚ ေပၚေအာင္တိုက္တြန္းသလိုျဖစ္ေနပါၿပီ )

အတက္အက်အၿမဲရွိေနတဲ့ ေ႐ႊေဈးကြက္တစ္ခုကိုေဈးတန္းတစ္ခုပဲသတ္မွတ္ၿပီးေရာင္းခ်ခိုင္းတာက ေမွာင္ခိုေဈးကြက္ျဖစ္ေပၚလာႏိုင္တယ္လို႔ေ႐ႊေရာင္းဝယ္သူေတြမွတ္ခ်က္ျပဳပါတယ္။“ေဈးကြက္က ေဒၚလာေဈးကိုလိုက္ၿပီးအတက္အက်နဲ႔သူ႔ဖာသာသူျဖစ္ေနတာ၊ အမိန႔္ထုတ္ျပန္ခ်က္ေတြနဲ႔သတ္မွတ္လိုက္ရင္ေမွာင္ခိုေဈးကြက္ကျဖစ္လာႏိုင္ၿပီးေတာ့အေရာင္းအဝယ္ၾကားမွာကြာဟခ်က္ကႀကီးမားသြားႏိုင္တယ္။ဆိုင္ေတြကသတ္မွတ္ေဈးနဲ႔ေရာင္းဆိုေရာင္းမွာပဲၿပီးရင္

အေလ်ာ့တြက္လက္ခပိုတင္ေရာင္းတဲ့အခါၾကဘာမွမထူးေတာ့ဘူး ၂၆- ၂၇ ေလာက္ထိျဖစ္သြားတာေတာ့ဝယ္သူပဲရႈံးတာ။ ျပန္ေရာင္းတဲ့သူေတြကသာေအာက္ေဈးနဲ႔ ျပန္ေရာင္းရတဲ့အေျခအေနေပါ့။ေ႐ႊေဈးကေတာ့ေပါက္ေဈးအတိုင္းသြားၿပီးတက္တက္က်က်အဝယ္အေရာင္းၾကားကြာဟခ်က္မႀကီးမွပဲအမ်ားျပည္သူမနစ္နာမယ့္အေနအထားပါ” လို႔ ေ႐ႊေဈးကြက္ေလ့လာသူတစ္ဦးကေျပာပါတယ္။ လက္ရွိမွာ ရန္ကုန္တိုင္းေဒသႀကီးေ႐ႊလုပ္ငန္းရွင္မ်ားအသင္း(YGEA)က ရန္ကုန္မွာရွိတဲ့

ေ႐ႊဆိုင္ေတြအားလုံးကို အေခါက္ေ႐ႊတစ္က်ပ္သား ၂၅၃၀၀၀၀ က်ပ္နဲ႔ေရာင္းခ်ဖို႔ ပန္ၾကားလႊာထုတ္ျပန္ခဲ့ၿပီး မေန႔ကေဈးကြက္ျပန္ဖြင့္ခ်ိန္ထိေ႐ႊဆိုင္ေတြကအဲ့ဒီေဈးတန္းနဲ႔ ေရာင္းခ်ႏိုင္ခဲ့ျခင္းမရွိဘူးလို႔လည္းသိရပါတယ္။ ယေန႔မနက္ ႏိုဝင္ဘာ (၁)ရက္ေန႔ မနက္ပိုင္း ေ႐ႊအသင္းကထုတ္ျပန္တဲ့ မီးလင္းေ႐ႊတစ္က်ပ္သား ရည္ၫႊန္းေဈးက၁၉ သိန္း ၂ေသာင္းေက်ာ္ဝန္းက်င္ျဖင့္ေစ်းဖြင့္ေပမယ့္ေဈးကြက္ထဲေရာင္းဝယ္ၾကတဲ့ေဈးႏႈန္းက်ေတာ့ ၂၆ သိန္းနဲ႔အထက္ျဖင့္ ေစ်းဖြင့္တယ္လို႔ ေ႐ႊဝယ္ယူသူေတြဆီကသိရပါတယ္။

ယေန႔ ေစ်းႏႈန္းမ်ားအရႏိုင္ဝင္ဘာ(၁)ရက္ ေန႔လည္ (၁၂:၁၄) နာရီတြင္ အေခါက္ေ႐ႊ တစ္က်ပ္သား အေရာင္း ၂၆၃၀၀၀၀ က်ပ္၊ ဝယ္ေစ်း ၂၆၀၀၀၀၀ က်ပ္ျဖင့္ေသာ္လည္းေကာင္း၊ ေန႔လည္(၁:၁၇)နာရီအခ်ိန္တြင္အေခါက္ေ႐ႊေရာင္းေစ်း ၂၆၄၅၀၀၀၀က်ပ္၊ဝယ္ေစ်း ၂၆၂၅၀၀၀ က်ပ္ျဖင့္ေသာ္လည္းေကာင္း ညေန (၃:၃၉)နာရီအခ်ိန္တြင္

အေခါက္ေ႐ႊေရာင္းေစ်း ၂၆၅၅၀၀၀က်ပ္၊ ဝယ္ေစ်း ၂၆၃၅၀၀၀က်ပ္ျဖင့္ေစ်းပိတ္သြားတယ္လို႔ရွိရပါသည္။ျပင္ပေစ်းကြက္အတြင္းရွိေဒၚလာေပါက္ေစ်းအေနျဖင့္တစ္ေဒၚလာ အေရာင္း ၃၀၀၀က်ပ္၊အဝယ္ ၂၉၇၀ က်ပ္ျဖစ္ေၾကာင္းသိရွိရပါသည္။ကမာၻ႔ေ႐ႊေစ်း တစ္ေအာင္စ 1645 ေဒၚလာျဖစ္သည္။

crd-

ယူနီကုတ္

ယနေ့ပြင်ပဈေးကွက်တွင်းဖြစ်ပေါ်နေသော ရွှေဈေးနှုန်းများနှင့် ရွှေရောင်းဝယ်သူများ၏မှတ်ချက် ( မှောင်ခို ဈေးကွက် မပေါ် ပေါ်အောင်တိုက်တွန်းသလိုဖြစ်နေပါပြီ )

အတက်အကျအမြဲရှိနေတဲ့ ရွှေဈေးကွက်တစ်ခုကိုဈေးတန်းတစ်ခုပဲသတ်မှတ်ပြီးရောင်းချခိုင်းတာက မှောင်ခိုဈေးကွက်ဖြစ်ပေါ်လာနိုင်တယ်လို့ရွှေရောင်းဝယ်သူတွေမှတ်ချက်ပြုပါတယ်။“ဈေးကွက်က ဒေါ်လာဈေးကိုလိုက်ပြီးအတက်အကျနဲ့သူ့ဖာသာသူဖြစ်နေတာ၊ အမိန့်ထုတ်ပြန်ချက်တွေနဲ့သတ်မှတ်လိုက်ရင်မှောင်ခိုဈေးကွက်ကဖြစ်လာနိုင်ပြီးတော့အရောင်းအဝယ်ကြားမှာကွာဟချက်ကကြီးမားသွားနိုင်တယ်။ဆိုင်တွေကသတ်မှတ်ဈေးနဲ့ရောင်းဆိုရောင်းမှာပဲပြီးရင်

အလျော့တွက်လက်ခပိုတင်ရောင်းတဲ့အခါကြဘာမှမထူးတော့ဘူး ၂၆- ၂၇ လောက်ထိဖြစ်သွားတာတော့ဝယ်သူပဲရှုံးတာ။ ပြန်ရောင်းတဲ့သူတွေကသာအောက်ဈေးနဲ့ ပြန်ရောင်းရတဲ့အခြေအနေပေါ့။ရွှေဈေးကတော့ပေါက်ဈေးအတိုင်းသွားပြီးတက်တက်ကျကျအဝယ်အရောင်းကြားကွာဟချက်မကြီးမှပဲအများပြည်သူမနစ်နာမယ့်အနေအထားပါ” လို့ ရွှေဈေးကွက်လေ့လာသူတစ်ဦးကပြောပါတယ်။ လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း(YGEA)က ရန်ကုန်မှာရှိတဲ့

ရွှေဆိုင်တွေအားလုံးကို အခေါက်ရွှေတစ်ကျပ်သား ၂၅၃၀၀၀၀ ကျပ်နဲ့ရောင်းချဖို့ ပန်ကြားလွှာထုတ်ပြန်ခဲ့ပြီး မနေ့ကဈေးကွက်ပြန်ဖွင့်ချိန်ထိရွှေဆိုင်တွေကအဲ့ဒီဈေးတန်းနဲ့ ရောင်းချနိုင်ခဲ့ခြင်းမရှိဘူးလို့လည်းသိရပါတယ်။ ယနေ့မနက် နိုဝင်ဘာ (၁)ရက်နေ့ မနက်ပိုင်း ရွှေအသင်းကထုတ်ပြန်တဲ့ မီးလင်းရွှေတစ်ကျပ်သား ရည်ညွှန်းဈေးက၁၉ သိန်း ၂သောင်းကျော်ဝန်းကျင်ဖြင့်ဈေးဖွင့်ပေမယ့်ဈေးကွက်ထဲရောင်းဝယ်ကြတဲ့ဈေးနှုန်းကျတော့ ၂၆ သိန်းနဲ့အထက်ဖြင့် ဈေးဖွင့်တယ်လို့ ရွှေဝယ်ယူသူတွေဆီကသိရပါတယ်။

ယနေ့ ဈေးနှုန်းများအရနိုင်ဝင်ဘာ(၁)ရက် နေ့လည် (၁၂:၁၄) နာရီတွင် အခေါက်ရွှေ တစ်ကျပ်သား အရောင်း ၂၆၃၀၀၀၀ ကျပ်၊ ဝယ်ဈေး ၂၆၀၀၀၀၀ ကျပ်ဖြင့်သော်လည်းကောင်း၊ နေ့လည်(၁:၁၇)နာရီအချိန်တွင်အခေါက်ရွှေရောင်းဈေး ၂၆၄၅၀၀၀၀ကျပ်၊ဝယ်ဈေး ၂၆၂၅၀၀၀ ကျပ်ဖြင့်သော်လည်းကောင်း ညနေ (၃:၃၉)နာရီအချိန်တွင်

အခေါက်ရွှေရောင်းဈေး ၂၆၅၅၀၀၀ကျပ်၊ ဝယ်ဈေး ၂၆၃၅၀၀၀ကျပ်ဖြင့်ဈေးပိတ်သွားတယ်လို့ရှိရပါသည်။ပြင်ပဈေးကွက်အတွင်းရှိဒေါ်လာပေါက်ဈေးအနေဖြင့်တစ်ဒေါ်လာ အရောင်း ၃၀၀၀ကျပ်၊အဝယ် ၂၉၇၀ ကျပ်ဖြစ်ကြောင်းသိရှိရပါသည်။ကမ္ဘာ့ရွှေဈေး တစ်အောင်စ 1645 ဒေါ်လာဖြစ်သည်။

crd-

Crd