ယူအေအီးရဲ့အမြင့်ဆုံးအစ္စလမ်အာဏာပိုင်တွေဖြစ်တဲ့UAE Fatawaကောင်စီကကိုဗစ်၁၉

News

ယူအေအီးရဲ့အမြင့်ဆုံးအစ္စလမ်အာဏာပိုင်တွေဖြစ်တဲ့UAE Fatawaကောင်စီကကိုဗစ်၁၉
ကာကွယ်ဆေးတွေကို ထုတ်လုပ်ရာမှာဝက်သားအရေပြားနဲ့ အရိုးထဲကနေထုတ်လုပ်ထားတဲ့ Gelatin တွေပါခဲ့ရင်တောင်သုံးစွဲခွင့်ပြုမယ်လို့ အမိန့်ချလိုက်ပါတယ်

ဆေးတွေမှာ ဝက်gelatin ကိုအသုံးပြုထားတယ်ဆိုတဲ့ သတင်းတွေသတိပေးမှုတွေထွက်လာပြီးတဲ့
နောက် အခုလိုအမိန့်ချခဲ့တာပါ

ကာကွယ်ဆေးတွေမှာပါနေကျ ဖြစ်တဲ့ဝက်က
ထွက်တဲ့gelatin တွေဟာ မွတ်စလင်တွေအကြားမှာ ဟန့်တားထားတဲ့ “haram” ဖြစ်ပြီး အစ္စလမ်ဥပဒေသအရတား မြစ်ထားပါတယ်
အခြားနည်းမရှိဘူးဆိုရင် လူရဲ့အသက်ကို
ကာကွယ်ဖို့ အတွက် ကာကွယ်ဆေးဟာ အစ္စလမ်ရဲ့ ကန့်သတ်ချက်နဲ့အကြုံးမဝင်ဘူးကင်းလွတ်ခွင့်
ရတယ်လို့ ဖါတဝါကောင်စီ ဥက္ကဋ္ဌ Sheikh Abdallah bin Bayyah ကပြောခဲ့ပါတယ်

ဒီနေရာမှာ ဝက်ကထုတ်တဲ့ gelatin ကိုဆေးဝါး
အဖြစ်သတ်မှတ်ယူရမယ် အစားအစာမှမဟုတ်တာ လို့ဆုံးဖြတ်တဲ့အကြောင်း ပြောခဲ့ပါတယ်
ကာကွယ်ဆေးတွေအပေါ်မှာ ယူအေအီးအစ္စလမ်အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်

#pi lon
Ref Hindustan times

Leave a Reply