ယူအက်စ်ကတော့ လုပ်ချလိုက်ပြီ

News Social News

ယူအက်စ်ကတော့ လုပ်ချလိုက်ပြီ

ဒါဇင်နဲ့ချီတဲ့ အမေရိကန်ရဲ့ F-22 Raptor တွေကို ပစိဖိတ် သမုဒ္ဒရာထဲမှာရှိတဲ့ ဂူအမ်က အမေရိကန် စစ်စခန်းကို ပို့လိုက်ပြီ ဖြစ်တယ်လို့ ဒီနေ့ ၂၂/၈/၂၀၂၂ သတင်းတွေ တက်လာပါတယ်။

အတိအကျဆိုရင် ၂၅ စီး ဖြစ်ပါတယ်။ F-22 ဆိုတာ ပဉ္စမမျိုးဆက် တိုက်လေယာဉ်ဖြစ်ပြီး ကမ္ဘာ့ အစွမ်းအထက်ဆုံး တိုက်လေယာဉ်လည်း ဖြစ်ပါတယ်။

ဒီ လေယာဉ်တွေကို စစ်ရေးလေ့ကျင့်မှုလုပ်ဖိုလို့ ပြောပေမယ့် လေ့လာသူတွေကတော့ ဒါဟာ တရုပ်ကို ပြင်းထန်တဲ့ သတိပေးချက်တစ်ခုအဖြစ် ရှုမြင်ကြပါတယ်။

ဟာဝိုင်ရီမှာရှိတဲ့ ပစိဖိတ် လေတပ်စခန်းက လေယာဉ်တွေနဲ့ အလာစကာရဲ့ အယ်မန်ဒေါ့ ရစ်ချတ်ဆန် စခန်းက လေယာဉ်တွေကို ဒီတပါတ်အတွင်း ဂူအမ်ကျွန်းမှာ ပြောင်းရွှေ့ချထားဖို့ ညွှန်ကြားချက်တစ်ခုကို ပြီးခဲ့တဲ့တစ်ပါတ်က ထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။

သူတို့ အဆိုအရတော့ Operation Pacific Iron 2022 အမည်ရ လေ့ကျင့်မှုကို ဂူအမ်နဲ့ တီနီယန်ကျွန်းတွေအနားမှာ ဒီလထဲ လုပ်ဖြစ်မယ်လို့ ဆိုပါတယ်။

ပစိဖိတ်ဒေသမှာ ဒီလောက်များတဲ့လေယာဉ်တွေနဲ့ ဘာကြောင့်လေ့ကျင့်ရသလဲဆိုတာ စဉ်းစားရခက်တဲ့မေးခွန်းတစ်ခုပါ။

ယူအက်စ်ဟာ ခုချိန်ထိ ဒီလောက် များပြားတဲ့ F-22 တွေ မသုံးခဲ့ဘူးပါဘူး။

တဆက်တည်း ပြောရရင် F-22 ဆိုတာ Onboard sensor system ပါဝင်ပြီး မြေပြင်က Offboard sensor system နဲ့ချိတ်ဆက် လှုပ်ရှားစစ်ကစားနိုင်ပါတယ်။

ဒါ့အပြင် ကိုယ်ပျောက် ( ရေဒါပျောက်ဆို ပိုမှန်မလားဘဲ ) စွမ်းရည်လည်း ရှိနေတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စော့င့်ကြည်ရမှာဘဲ ဖြစ်ပါကြောင်း။

Knight News Team

Crd