ယူရေနီယံသန့်စင်မှုအဆင့် အီရန် တိုးမြှင့်လုပ်ဆောင်မည်
အီရန်က သူ့ရဲ့ Fordow နျူကလီယားစက်ရုံမှာ ယူရေနီယံ သန့်စင်မှုကို ၂၀ ရာခိုင်နှုန်း ရအောင် လုပ်ဖို့ စီစဉ်နေကြောင်း ပြောကြားခဲ့တယ်လို့ IAEA အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီက သောကြာနေ့မှာ ပြောပါတယ်။
အီရန်နျူကလီယား အရေးနဲ့ပတ်သက်ပြီး ၂၀၁၅ တုန်းက ချုပ်ဆိုခဲ့တဲ့ နိုင်ငံတကာစာချုပ်ကနေ အမေရိကန်နုတ်ထွက်ခဲ့ပြီးး အီရန်အပေါ် အရေးယူ ဒဏ်ခတ်မှုတွေ ပြန်လုပ်လာတာကို လက်စားချေတဲ့ အနေနဲ့ အီရန်က စာချုပ်ပါ အချက်တွေကို ၂၀၁၉ ခုနှစ်ကစပြီး ချိုးဖောက်နေတာ ဖြစ်ပါတယ်။

အခု လုပ်ဆောင်ချက်ကတော့ အီရန်ရဲ့ ထိပ်တန်း နျူကလီးယာသိပ္ပံပညာရှင် အသတ်ခံရတာအတွက် လက်တုံ့ပြန်ဖို့ အီရန်လွှတ်တော်က ပြီးခဲ့တဲ့ လထဲ ချမှတ်ခဲ့တဲ့ ဥပဒေမှာ ပါတဲ့ လုပ်ဆောင်ချက် အများအပြားထဲက တခုဖြစ်ပါတယ်။

အီရန်ရဲ့ အခုလို လုပ်ဆောင်မှုမျိုးဟာ နိုင်ငံတကာ သဘောတူညီချက်ထဲ အမေရိကန် ပြန်ဝင်လာရေး အရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန် ရဲ့ ကြိုးပမ်းမှုအတွက် ရှုပ်ထွေးမှုတွေ ဖြစ်လာစေနိုင်ပါတယ်။

အခုလို သန့စြငမြှုကို ဘယအြခွိနမြှာ လုပဆြောငမြယြ ဆိုတာကိုတော့ အီရနကြ ပေးပို့တဲ့ စာထဲမှာ ဖေါပြှ မထားဘူးလို့ IAEA ကှညောခကွမြှာ ဖေါပြှထားပါတယြ။ နွူကလီယားလကနြကထြုတမြယ့ြ လုပငြနြးစဉတြှနေဲ့ပတသြကပြှီး အီရနကြ လ ွှို့ဝှကစြှာ ဆောငရြှကနြတယေလြို့ အမရေိကနထြောကလြှမြးရေးအဖှဲ့တှနေဲ့ IAEA က ယုံကှညပြမယေ့ြ အီရနကြတော့ ဒါကို ငှငြးဆိုပါတယြ။
VOA