ယူကရိန်းက အမေရိကန်သို့ Mineral-ME Shipborne Multifunctional Radar များထောက်ပံ့ပေးပို့

Militarily News

ယူကရိန်းက အမေရိကန်သို့ Mineral-ME Shipborne Multifunctional Radar များထောက်ပံ့ပေးပို့၊
၎င်းစနစ်များကို တရုတ်နှင့်ရုရှားစစ်ရေယာဉ်များ၌ အသုံးပြုလျက်ရှိနေ
ယူကရိန်းနိုင်ငံသည် Mineral-ME Shipborne Multifunctional Radar စနစ်ကို အမေရိကန်တပ်မတော်သို့တင်ပို့မှုပြုလုပ်ခဲ့သည်။ ယူကရိန်းအခြေစိုက် Defense Express သတင်းဌာနက “Kvant-Radiolokatsiya” Research Institute ၏ ဒါရိုက်တာဖြစ်သူ Eduard Kasapov နှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းအရ လွန်ခဲ့သောနှစ်ကလည်း Mineral-ME စနစ်များကို ပေးပို့ခဲ့သေးသည်ဟုဆိုသည်။

ယခုရေဒါစနစ်များကို ယူကရိန်းအစိုးရပိုင် Iskra ကုမ္ပဏီက အမေရိကန်တပ်မတော်ကိုထောက်ပံ့ရန်အတွက် သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။
Mineral-ME ရေဒါစနစ်များကို ရုရှားနှင့် တရုတ်စစ်ရေယာဉ်များ၌ တပ်ဆင် အသုံးပြုလျက်ရှိပြီးလည်းဖြစ်သည်။ တရုတ်အနေဖြင့် Type 366 ဟုအမည်ရ သည့် ကိုယ်ပိုင်မူကွဲတစ်ခုကို တပ်ဆင်အသုံးပြုလျက်ရှိသလို ရုရှား၏ X-35 သင်္ဘောဖျက်ဒုံးကျည်စနစ်များနှင့် တွဲစပ်အသုံးပြုနေသည့် ကမ်းရိုးတန်းကာကွယ်ရေးစနစ်များ၌လည်း အဆိုပါရေဒါစနစ်များကို အသုံးပြုလျက်ရှိသည်

ယူကရိန်းအနေဖြင့် SR-210 “Delta” နှင့် Mineral-U ရေဒါစနစ်များကို တီထွင်ထုတ်လုပ်လျက်ရှိသည်ဟုလည်း Kasapov က ပြောသည်။ Mineral-U သည် ဘက်စုံအသုံးဝင်သည့် စနစ်တစ်ခုဖြစ်ပြီး ၎င်းစနစ်ကို ယူကရိန်းတို့၏ ကမ်းရိုးတန်းကာကွယ်ရေးစနစ် RK-360MTS Neptune ၌လည်း အသုံးပြုထားသည်။
ယူကရိန်းအနေဖြင့် Mineral မျိုးကွဲသစ်ကို တီထွင်လျက်ရှိပြီး ၎င်း စနစ်အနေဖြင့် ၅၀၀ မှ ၆၀၀ ကီလိုမီတာအတွင်း ပစ်မှတ်များကို အတည်ပြုခွဲခြားထောက်လှမ်းနိုင်မည်ဟုဆိုသည်။ ရေတပ်မှတည်ဆောက်လျက်ရှိသော စီမံကိန်းသစ်တစ်ခုဖြစ်သည့် 502EM “Laguna” ကင်းထောက်လှမ်းရေးသင်္ဘော၌ Delta-M နှင့် Melchior Radio Reconnaissance Station စနစ်များကိုတပ်ဆင်ထားပြီး ၎င်းသည် ၄၅၀ ကီလိုမီတာအတွင်းရှိ ပစ်မှတ် ၂၀၀ ကို ထောက်လှမ်းနိုင်မည်ဖြစ်သည်။

ထို့အပြင် ယူကရိန်းအနေဖြင့် Delta-3D ဟုအမည်ရသည့် ရေဒါတီထွင်မှု ကနဦးဆောင်ရွက်မှုများကို ပြုလုပ်လျက်ရှိပြီး ၎င်းသည် UAV အသေးစားစနစ်များကို ထောက်လှမ်းနိုင်မည်ဖြစ်သည်။
Mineral-ME စနစ်သည် Active Mode ၌ အကွာအဝေး ၂၅၀ ကီလိုမီတာ၊ Passive Mode ၌ ၈၀ မှ ၄၅၀ ကီလိုမီတာအတွင်းထောက်လှမ်းနိုင်မည်ဖြစ်သည်။

Ref-DUA
Credit – MyanmarNews24

Leave a Reply