ယူကရိန်းကတော့ R-360Missileတွေကို ရုရှားနဲ့ ထိပ်တိုက်တွေ့လာနိုင်တဲ့ အဇော့ဗ့်ပင်လယ်နဲ့ ပင်လယ်နက်မှာ ချထားမှာပါ။ အင်ဒိုနီးရှားကရော ဘယ်ဘက်ကို မြှားဦးလှည့်ထားမှာလဲ?

Militarily News

ယူကရိန်းကတော့ R-360Missileတွေကို ရုရှားနဲ့ ထိပ်တိုက်တွေ့လာနိုင်တဲ့ အဇော့ဗ့်ပင်လယ်နဲ့ ပင်လယ်နက်မှာ ချထားမှာပါ။ အင်ဒိုနီးရှားကရော ဘယ်ဘက်ကို မြှားဦးလှည့်ထားမှာလဲ?

အင်ဒိုနီးရှားနိုင်ငံဟာ ယူကရိန်းတို့ရဲ့ ရေဒါစနစ်တွေ၊ ဝေဟင်ကဝေဟင်ပစ်ခတ်နိုင်တဲ့မစ်ဇိုင်းဒုံးကျည်တွေ၊ R-360 ခရုစ်ဒုံးကျည်တွေပါဝင်တဲ့ Neptunကမ်းရိုးတမ်းကာကွယ်ရေး စနစ်တွေကို ဝယ်ယူဘို့ရန်အတွက် ပြီးခဲ့တဲ့သောကြာနေ့က သဘောတူညီခဲ့ကြတယ်လို့ Military Cognizanceမှာ သတင်းရေးသားထားတာ တွေ့ရပါတယ်။

Neptunဒုံးကျည်စနစ်တွေဟာဆိုရင် ကမ်းရိုးတမ်းကာကွယ်ရေးသုံး
ဒုံးကျည်အမျိုးအစားတွေဖြစ်ပါတယ်။ စနစ်မှာပါဝင်တဲ့ R-360ဒုံးကျည်တွေဟာ အလေးချိန်၈၇၀ကီလိုဂရမ်ရှိပြီး ထိပ်ဖူးအလေးချိန်ကတော့ ၁၅၀ကီလိုဂရမ်ရှိပါတယ်။ R-360ဒုံးကျည်တွေရဲ့ ပစ်လွှတ်နိုင်တဲ့အကွာအဝေးက ၂၈၀ကီလိုမီတာရှိပြီး အမြန်နှုန်းကတော့ ကီလိုမီတာ၉၀၀အထိရှိပါတယ်။ အဆိုပါဒုံးကျည်တွေဟာ ဒုံး၂၄စင်းပစ်လွှတ်နိုင်ပြီး ဒုံးပစ်စင်၆ခု ပါရှိပါတယ်။ ဒုံးကျည်တစ်စင်းနဲ့တစ်စင်းကြား ပစ်ခတ်နိုင်ဘို့ကတော့ ၃စက္ကန့်ကနေ ၅စက္ကန့်သာ ရှိတယ်လို့သိရပါတယ်။ ဒုံးကျည်ဖြန့်ကျက်မှုကြာချိန်ကတော့ ၁၅မိနစ်ဖြစ်ပါတယ်။

ယူကရိန်းကတော့ Neptunစနစ်တွေကို ရုရှားနဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့လာနေတဲ့ အဇော့ဗ်ပင်လယ်နဲ့ ပင်လယ်နက်ဒေသတွေမှာ တပ်ဖြန့်ချထားမှဖြစ်ပြီး အင်ဒိုနီးရှားကတော့ တရုတ်ဘက်ကတောင်းဆိုထားတဲ့ ရေပြင်ပိုင်နက်နဲ့ ထိစပ်နေတဲ့ နာတူနာကျွန်းစုတွေအနားမှာ တပ်ဖြန့်ချထားမလားဆိုတာကတော့ စိတ်ဝင်စားစရာဖြစ်ပါကြောင်း။

Credit – မောင်ဉာဏ်မင်း(ဆားလင်းကြီး)
နိုင်ငံတကာရေးရာ သတင်း/ဆောင်းပါးများ

Leave a Reply