ယူကရိန္းအတြက္ ဂ်ာမန္က ေပးထားတဲ့ အနီးကပ္ေလေၾကာင္းကာကြယ္ေရး တင့္ကား…

Flakpanzer Gepard ဆိုတာ ယူကရိန္းအတြက္ ဂ်ာမန္ကေန ေပးထားတဲ့ အနီးကပ္ေလေၾကာင္းကာကြယ္ေရး တင့္ကား တစ္မ်ိဳးျဖစ္ပါတယ္။ လက္ရွိအထိေတာ့ အစီး 30 ပို႔ေပးထားပါတယ္။
ယူကရိန္း commander ေတြၾကားမွာလဲ Gepard ေတြက အသုံးဝင္တယ္၊ Kharkiv ထိုးစစ္မွာလဲ ေရွ႕တန္းေလေၾကာင္းကာကြယ္ေရးအတြက္ အေတာ္ေလး အေရးပါတယ္လို႔ ေျပာခဲ့တယ္။
Gepard က ဂ်ာမန္တို႔ရဲ႕ Leopard 1 တင့္ကားေပၚကို အေျခခံတည္ေဆာက္ထားတာျဖစ္ပါတယ္။ Leopard 1 chasis ေပၚတင္ထားတာကေတာ့ Switzerland ကုမၸဏီ Oerlikon Contraves ရဲ႕ Oerlikon GDF အမည္ရ 35mm ေလယာဥ္ပစ္ စက္အေျမာက္ျဖစ္ပါတယ္။
Oerlikon Contraves က နာမည္ႀကီး ေလယာဥ္ပစ္ စက္အေျမာက္ေတြ ထုတ္လုပ္တဲ့ ကုမၸဏီျဖစ္ပီး Oerlikon GDF မ်ိဳးကြဲေတြကို ႏိုင္ငံေပါင္း 30 ေလာက္က သုံးခဲ့တယ္/သုံးေနတယ္။ တြဲပီးသုံးရမယ့္ 35mm က်ည္ေတြကိုလဲ ထုတ္လုပ္ႏိုင္တယ္။
အခုေတာ့ Oerlikon Contraves နဲ႔ Rheinmetall ပူးေပါင္းပီး Rheinmetall Air Defense ဆိုပီးေခၚပါတယ္။လက္ရွိ ျပႆနာက ဂ်ာမန္ပိုင္ Gepard မွာ သုံးမယ့္ 35mm က်ည္ေတြကို Switzerland ကုမၸဏီ Oerlikon ကေနထုတ္လုပ္ေပးထားတာျဖစ္ေနတယ္။
Switzerland က ဘယ္စစ္ပြဲမွ ဝင္မပါဘူး၊ ၾကားေနပဲ လုပ္ေနတာ ႏွစ္ေပါင္းမ်ားစြာၾကာပါပီ။ သူ႔ရဲ႕ War Material Act အရ Switzerland က ထုတ္လုပ္တဲ့ စစ္လက္နက္ေတြကို စစ္ျဖစ္ေနတဲ့ ႏိုင္ငံေတြကို ေပးလို႔မရဘူး၊ ေရာင္းလို႔မရဘူး။
Switzerland ကေန လက္နက္ဝယ္ထားတဲ့ ႏိုင္ငံကလဲ ေနာက္တစ္ႏိုင္ငံကို ဒီလက္နက္ေတြ လႊဲေျပာင္းေပးခ်င္ရင္ Switzerland ဆီက ခြင့္ျပဳခ်က္ေတာင္းရတယ္။ သူသေဘာတူမွ ပို႔ေပးလို႔ရတယ္ေပါ့။
အဲ့တာေၾကာင့္ Switzerland ကေန 35mm က်ည္ေတြဝယ္မိထားတဲ့ ဂ်ာမန္ အေနနဲ႔ စစ္ျဖစ္ေနတဲ့ ယူကရိန္းကို Gepard မွာ သုံးမယ့္ 35mm က်ည္ေတြ ပို႔ေပးလို႔မရဘူးျဖစ္ေနတယ္။ ေရွ႕လေတြက ဂ်ာမန္အေနနဲ႔ က်ည္ေတြပို႔ေပးႏိုင္ဖို႔ Switzerland ဆီက ခြင့္ျပဳခ်က္ေတာင္းေပမယ့္ ခြင့္ျပဳခ်က္မရခဲ့ဘူး။
ဒါေပမယ့္ Switzerland ထုတ္လုပ္တာ မဟုတ္တဲ့ 35mm က်ည္ေတြေတာ့ ယူကရိန္းကို ပို႔ေပးထားတယ္ထင္တယ္။ ဒီရက္ပိုင္းမွာ ဂ်ာမန္ ကာကြယ္ေရးဝန္ႀကီးကေန Switzerland ကာကြယ္ေရးဝန္ႀကီးကို ထပ္ပီးေတာ့ ခြင့္ျပဳေပးဖို႔ စာေရးအေၾကာင္းၾကားထားတယ္လို႔ေျပာတယ္။
Gepard ေတြက grain export မွာ အေရးႀကီးတဲ့ Odessa ဆိပ္ကမ္းကို ကာကြယ္ေပးေနရတာေၾကာင့္ ခြင့္ျပဳေပးဖို႔ ေတာင္းဆိုထားတယ္။
အေစာပိုင္းမွာ Norway ကေန ထုတ္လုပ္တဲ့ 35mm က်ည္ေတြ စမ္းသုံးမယ္လို႔ ေျပာတာ ဖတ္ရေသးတယ္။ ဒါေပမယ့္ စမ္းတာ အဆင္ေျပမေျပေတာ့ ေသခ်ာ ရွာလို႔မေတြ႕မိဘူး။
လက္ရွိ ယူကရိန္းလက္ထဲမွာ Gepard အတြက္ က်ည္ေတြနည္းလာပီေျပာတယ္။ Switzerland ကာကြယ္ေရးဝန္ႀကီးကေတာ့ ဂ်ာမန္ဘက္ကို မၾကာခင္ အေၾကာင္းျပန္ေပးမယ္ေျပာတယ္။ ခြင့္ျပဳမယ္ ေျပာတာေတာ့မဟုတ္ဘူး။
Switzerland က လက္နက္ပို႔ေပးတဲ့ ကိစၥမွာ Neutral ျဖစ္ေအာင္ ေန,ေနေပမယ့္ ႐ုရွားကို sanctions လုပ္တာေတြမွာေတာ့ အျခားအေနာက္ႏိုင္ငံေတြလိုပဲ လိုက္လုပ္ထားပါတယ္။
Crd..Tactical Raptor
RaptorOne
Unicode
ယူကရိန်းအတွက် ဂျာမန်က ပေးထားတဲ့ အနီးကပ်လေကြောင်းကာကွယ်ရေး တင့်ကား…
Flakpanzer Gepard ဆိုတာ ယူကရိန်းအတွက် ဂျာမန်ကနေ ပေးထားတဲ့ အနီးကပ်လေကြောင်းကာကွယ်ရေး တင့်ကား တစ်မျိုးဖြစ်ပါတယ်။ လက်ရှိအထိတော့ အစီး 30 ပို့ပေးထားပါတယ်။
ယူကရိန်း commander တွေကြားမှာလဲ Gepard တွေက အသုံးဝင်တယ်၊ Kharkiv ထိုးစစ်မှာလဲ ရှေ့တန်းလေကြောင်းကာကွယ်ရေးအတွက် အတော်လေး အရေးပါတယ်လို့ ပြောခဲ့တယ်။
Gepard က ဂျာမန်တို့ရဲ့ Leopard 1 တင့်ကားပေါ်ကို အခြေခံတည်ဆောက်ထားတာဖြစ်ပါတယ်။ Leopard 1 chasis ပေါ်တင်ထားတာကတော့ Switzerland ကုမ္ပဏီ Oerlikon Contraves ရဲ့ Oerlikon GDF အမည်ရ 35mm လေယာဉ်ပစ် စက်အမြောက်ဖြစ်ပါတယ်။
Oerlikon Contraves က နာမည်ကြီး လေယာဉ်ပစ် စက်အမြောက်တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပီး Oerlikon GDF မျိုးကွဲတွေကို နိုင်ငံပေါင်း 30 လောက်က သုံးခဲ့တယ်/သုံးနေတယ်။ တွဲပီးသုံးရမယ့် 35mm ကျည်တွေကိုလဲ ထုတ်လုပ်နိုင်တယ်။
အခုတော့ Oerlikon Contraves နဲ့ Rheinmetall ပူးပေါင်းပီး Rheinmetall Air Defense ဆိုပီးခေါ်ပါတယ်။လက်ရှိ ပြဿနာက ဂျာမန်ပိုင် Gepard မှာ သုံးမယ့် 35mm ကျည်တွေကို Switzerland ကုမ္ပဏီ Oerlikon ကနေထုတ်လုပ်ပေးထားတာဖြစ်နေတယ်။
Switzerland က ဘယ်စစ်ပွဲမှ ဝင်မပါဘူး၊ ကြားနေပဲ လုပ်နေတာ နှစ်ပေါင်းများစွာကြာပါပီ။ သူ့ရဲ့ War Material Act အရ Switzerland က ထုတ်လုပ်တဲ့ စစ်လက်နက်တွေကို စစ်ဖြစ်နေတဲ့ နိုင်ငံတွေကို ပေးလို့မရဘူး၊ ရောင်းလို့မရဘူး။
Switzerland ကနေ လက်နက်ဝယ်ထားတဲ့ နိုင်ငံကလဲ နောက်တစ်နိုင်ငံကို ဒီလက်နက်တွေ လွှဲပြောင်းပေးချင်ရင် Switzerland ဆီက ခွင့်ပြုချက်တောင်းရတယ်။ သူသဘောတူမှ ပို့ပေးလို့ရတယ်ပေါ့။
အဲ့တာကြောင့် Switzerland ကနေ 35mm ကျည်တွေဝယ်မိထားတဲ့ ဂျာမန် အနေနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းကို Gepard မှာ သုံးမယ့် 35mm ကျည်တွေ ပို့ပေးလို့မရဘူးဖြစ်နေတယ်။ ရှေ့လတွေက ဂျာမန်အနေနဲ့ ကျည်တွေပို့ပေးနိုင်ဖို့ Switzerland ဆီက ခွင့်ပြုချက်တောင်းပေမယ့် ခွင့်ပြုချက်မရခဲ့ဘူး။
ဒါပေမယ့် Switzerland ထုတ်လုပ်တာ မဟုတ်တဲ့ 35mm ကျည်တွေတော့ ယူကရိန်းကို ပို့ပေးထားတယ်ထင်တယ်။ ဒီရက်ပိုင်းမှာ ဂျာမန် ကာကွယ်ရေးဝန်ကြီးကနေ Switzerland ကာကွယ်ရေးဝန်ကြီးကို ထပ်ပီးတော့ ခွင့်ပြုပေးဖို့ စာရေးအကြောင်းကြားထားတယ်လို့ပြောတယ်။
Gepard တွေက grain export မှာ အရေးကြီးတဲ့ Odessa ဆိပ်ကမ်းကို ကာကွယ်ပေးနေရတာကြောင့် ခွင့်ပြုပေးဖို့ တောင်းဆိုထားတယ်။
အစောပိုင်းမှာ Norway ကနေ ထုတ်လုပ်တဲ့ 35mm ကျည်တွေ စမ်းသုံးမယ်လို့ ပြောတာ ဖတ်ရသေးတယ်။ ဒါပေမယ့် စမ်းတာ အဆင်ပြေမပြေတော့ သေချာ ရှာလို့မတွေ့မိဘူး။
လက်ရှိ ယူကရိန်းလက်ထဲမှာ Gepard အတွက် ကျည်တွေနည်းလာပီပြောတယ်။ Switzerland ကာကွယ်ရေးဝန်ကြီးကတော့ ဂျာမန်ဘက်ကို မကြာခင် အကြောင်းပြန်ပေးမယ်ပြောတယ်။ ခွင့်ပြုမယ် ပြောတာတော့မဟုတ်ဘူး။
Switzerland က လက်နက်ပို့ပေးတဲ့ ကိစ္စမှာ Neutral ဖြစ်အောင် နေ,နေပေမယ့် ရုရှားကို sanctions လုပ်တာတွေမှာတော့ အခြားအနောက်နိုင်ငံတွေလိုပဲ လိုက်လုပ်ထားပါတယ်။
Crd..Tactical Raptor
RaptorOne
Crd