

“ယူကရိန်းမှာ စစ်ရှုံးခဲ့ရင် နျူကလီးယားစစ်ပွဲကြီးဖြစ်နိုင်ေြ“ယူကရိန်းမှာ စစ်ရှုံးခဲ့ရင် နျူကလီးယားစစ်ပွဲကြီးဖြစ်နိုင်ကြောင်း ရုရှားက ၁၉ ကြိမ်မြောက် သတိပေး”

၂၀/၁/၂၀၂၃





crd
#BNN
#BurmaNewsNetwork

Unicode
“ယူကရိန်းမှာ စစ်ရှုံးခဲ့ရင် နျူကလီးယားစစ်ပွဲကြီးဖြစ်နိုင်ကြောင်း ရုရှားက ၁၉ ကြိမ်မြောက် သတိပေး”

၂၀/၁/၂၀၂၃
ယူကရိန်းမှာ ရုရှားတွေ စစ်ရှုံးနိမ့်ခဲ့ရင် နျူကလီးယားစစ်ပွဲကြီး ဖြစ်လာနိုင်တယ်ဆိုတာ သတိပေးလိုကြောင်း ရုရှားသမ္မတနဲ့ဝန်ကြီးချုပ်ဟောင်း လက်ရှိ ရုရှားလုံခြုံရေးကောင်စီ ဒုတိယအကြီးအကဲ ဒီမီထရီ မက်ဗီဒက်က ဇန်နဝါရီ ၁၉ ရက်မှာ သတိပေးလိုက်ပါတယ်။

အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဆွီဒင်နဲ့ အက်စတိုးနီးယားနိုင်ငံတို့က ယူကရိန်းကို အဆင့်မြင့် လက်နက်တွေ ထပ်ပေးနေတာဟာ ရုရှားကို စစ်ရှုံးစေလိုတဲ့ သဘောထား ရှိနေတယ်လို့လည်း မက်ဗီဒက်က ဆိုပါတယ်။

ရုရှားသာ စစ်ရှုံးခဲ့ရင် နျူကလီးယားစစ်ပွဲကြီးနဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုတာ သဘောပေါက်ကြဖို့လိုပြီး ယူကရိန်းကို လက်နက်ကူညီတာတွေ ရပ်ကြဖို့လည်း မက်ဗီဒက်က ရုရှားအစိုးရသတင်းဌာနနဲ့မေးမြန်းခန်းမှာ ပြောသွားတာပါ။

လောလောဆယ် အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဆွီဒင်နဲ့ အက်စတိုးနီးယားနိုင်ငံတို့က တင့်ကား၊ သံချပ်ကာယာဥ်၊ လေယာဥ်ပစ်လက်နက်တွေနဲ့ ပဲ့ထိန်း အဝေးပစ်လက်နက်ကြီးတွေ ပေးဖို့ ထုတ်ပြန် ပြောဆိုထားသလို ဂျာမနီနိုင်ငံ ရမ်စတိန်းအမေရိကန်လေတပ်စခန်းမှာ မနက်ဖြန် ပြုလုပ်မဲ့ ယူကရိန်းအကူအညီပေးရေးအဖွဲ့မှာ နောက်ထပ်လက်နက်တွေ ပေးမဲ့နိုင်ငံတွေ ပေါ်လာနိုင်တဲ့အပေါ် မက်ဗီဒက်က ကြိုတင်သတိပေးပြောဆိုတာလို့ ရုရှားသတင်းတွေက ဖော်ပြပါတယ်။

ရုရှားလုံခြုံရေးကောင်စီ ဒုတိယအကြီးအကဲ ဒီမီထရီ မက်ဗီဒက်အနေနဲ့ နျူကလီးယားစစ်ပွဲ ဖြစ်နိုင်တယ်လို့ ခြိမ်းခြောက်ပြောဆိုတာ အခုတကြိမ်ဟာ ၁၉ ကြိမ်မြောက်ဖြစ်တယ်လို့လည်း ရုရှားသတင်းတွေက ဖေါ်ပြပါတယ်။

crd
#BNN
#BurmaNewsNetwork

Crd



Post Views:
9

Crd