ယူကရိန္းမွာဆင္ႏွြဲေနသည့္ ႐ုရွားရဲ႕ စစ္ပြဲဟာ အစပိုင္းပဲရွိေသးတယ္လို႔ ပူတင္ေျပာၾကား

News Social News

ယူကရိန်းမှာဆင်နွှဲနေသည့် ရုရှားရဲ့ စစ်ပွဲဟာ အစပိုင်းပဲရှိသေးတယ်လို့ ပူတင်ပြောကြား…???

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီး ငါးလနီးပါးအကြာမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က အနောက်တိုင်းဟာ ယူကရိန်းမှာ ကိုယ်စားစစ်ပွဲဆင်နွှဲနေတယ်လို့ ဇူလိုင်ရရက်က စွပ်စွဲပြီး ဒီစစ်ပွဲဟာ အစပဲရှိသေးတယ်ဆိုတာကို ကမ္ဘာကြီးက သိထားသင့်တယ်လို့ ပြောကြားပါတယ်။

မိမိတို႔ တစ္ခုမွေတာင္စမလုပ္ရေသးေၾကာင္း ၊ သမိုင္းလမ္းေၾကာင္းကို ရပ္တန႔္လို႔မရေၾကာင္းနဲ႔ အေနာက္တိုင္းက သူတို႔ပုံစံ ကမာၻႀကီး စီစဥ္တက်ရွိေအာင္ အတင္းအၾကပ္ စုေပါင္းႀကိဳးပမ္းေနတာဟာ ေအာင္ျမင္မွာ မဟုတ္ေၾကာင္း ပူတင္က ေျပာၾကားပါတယ္။

ယူကရိန္းဟာ ႐ုရွားတပ္ေတြကို တိုက္ထုတ္ဖို႔ အေမရိကန္နဲ႔ မဟာမိတ္ေတြ ေပးပို႔ထားတဲ့ ဘီလီယံနဲ႔ခ်ီတန္ဖိုးရွိတဲ့ လက္နက္ေတြနဲ႔ သူတို႔ နယ္နိမိတ္ေတြကို အျပင္းအထန္ခုခံ ကာကြယ္ေနပါတယ္။ ႐ုရွားတပ္ေတြက နယ္ေျမအခ်ိဳ႕ကို သိမ္းပိုက္ထားႏိုင္တဲ့ အေျခအေနမွာ ယူကရိန္းသမၼတ ဗိုလိုဒီမာ ဇီလန္စကီးက မိမိတို႔ အေနနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ မိမိတို႔နယ္ေျမေတြကို လက္လႊတ္ဆုံးရႈံးခံမွာ မဟုတ္ေၾကာင္း ေျပာၾကားထားပါတယ္။

ဒီအေတာအတြင္း ႐ုရွားနဲ႔ ျပဳလုပ္ဖို႔ စီစဥ္ထားတဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြဟာ အေကာင္အထည္ေပၚလာမွာ မဟုတ္ေၾကာင္း အေမရိကန္ အရာရွိေတြက မၾကာေသးခင္က ေျပာဆိုထားပါတယ္။

႐ုရွားက ယူကရိန္းအေရွ႕ပိုင္း လူးဟန႔္စ္ျပည္နယ္မွာ ေအာင္ပြဲရၿပီျဖစ္ေၾကာင္း မၾကာေသးခင္က ေၾကညာထားၿပီး ဒြန္ဘတ္စ္ျပည္နယ္ကို သိမ္းပိုက္ႏိုင္ေရး ဆက္လက္ ထိုးစစ္ဆင္ေနပါတယ္။

ယူကရိန္းသမၼတ ဇီလန္စကီးက ႐ုရွားနဲ႔ ေဆြးေႏြးေရးအတြက္ အပစ္အခတ္ရပ္စဲေရး ၊ ႐ုရွားတပ္ေတြ ဆုတ္ခြါေရး ၊ ျပန္ေပးဆြဲသြားတဲ့ အရပ္သားေတြကို ျပန္လည္ပို႔ေဆာင္ေရးနဲ႔ အျခားအခ်က္အလက္ေတြ ပါဝင္တဲ့ ေတာင္းဆိုခ်က္ေတြကို ေဖာ္ျပထားပါတယ္။
Crd..MyanmaPlatform
Unicode

ယူကရိန်းမှာဆင်နွှဲနေသည့် ရုရှားရဲ့ စစ်ပွဲဟာ အစပိုင်းပဲရှိသေးတယ်လို့ ပူတင်ပြောကြား…???

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီး ငါးလနီးပါးအကြာမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က အနောက်တိုင်းဟာ ယူကရိန်းမှာ ကိုယ်စားစစ်ပွဲဆင်နွှဲနေတယ်လို့ ဇူလိုင်၇ရက်က စွပ်စွဲပြီး ဒီစစ်ပွဲဟာ အစပဲရှိသေးတယ်ဆိုတာကို ကမ္ဘာကြီးက သိထားသင့်တယ်လို့ ပြောကြားပါတယ်။

မိမိတို့ တစ်ခုမှတောင်စမလုပ်ရသေးကြောင်း ၊ သမိုင်းလမ်းကြောင်းကို ရပ်တန့်လို့မရကြောင်းနဲ့ အနောက်တိုင်းက သူတို့ပုံစံ ကမ္ဘာကြီး စီစဉ်တကျရှိအောင် အတင်းအကြပ် စုပေါင်းကြိုးပမ်းနေတာဟာ အောင်မြင်မှာ မဟုတ်ကြောင်း ပူတင်က ပြောကြားပါတယ်။

ယူကရိန်းဟာ ရုရှားတပ်တွေကို တိုက်ထုတ်ဖို့ အမေရိကန်နဲ့ မဟာမိတ်တွေ ပေးပို့ထားတဲ့ ဘီလီယံနဲ့ချီတန်ဖိုးရှိတဲ့ လက်နက်တွေနဲ့ သူတို့ နယ်နိမိတ်တွေကို အပြင်းအထန်ခုခံ ကာကွယ်နေပါတယ်။ ရုရှားတပ်တွေက နယ်မြေအချို့ကို သိမ်းပိုက်ထားနိုင်တဲ့ အခြေအနေမှာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက မိမိတို့ အနေနဲ့ ငြိမ်းချမ်းရေးအတွက် မိမိတို့နယ်မြေတွေကို လက်လွှတ်ဆုံးရှုံးခံမှာ မဟုတ်ကြောင်း ပြောကြားထားပါတယ်။

ဒီအတောအတွင်း ရုရှားနဲ့ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ အကောင်အထည်ပေါ်လာမှာ မဟုတ်ကြောင်း အမေရိကန် အရာရှိတွေက မကြာသေးခင်က ပြောဆိုထားပါတယ်။

ရုရှားက ယူကရိန်းအရှေ့ပိုင်း လူးဟန့်စ်ပြည်နယ်မှာ အောင်ပွဲရပြီဖြစ်ကြောင်း မကြာသေးခင်က ကြေညာထားပြီး ဒွန်ဘတ်စ်ပြည်နယ်ကို သိမ်းပိုက်နိုင်ရေး ဆက်လက် ထိုးစစ်ဆင်နေပါတယ်။

ယူကရိန်းသမ္မတ ဇီလန်စကီးက ရုရှားနဲ့ ဆွေးနွေးရေးအတွက် အပစ်အခတ်ရပ်စဲရေး ၊ ရုရှားတပ်တွေ ဆုတ်ခွါရေး ၊ ပြန်ပေးဆွဲသွားတဲ့ အရပ်သားတွေကို ပြန်လည်ပို့ဆောင်ရေးနဲ့ အခြားအချက်အလက်တွေ ပါဝင်တဲ့ တောင်းဆိုချက်တွေကို ဖော်ပြထားပါတယ်။
Crd..MyanmaPlatform

Crd