ယူကရိန္းစစ္ပြဲမွာ ႐ုရွားစစ္သားဆုံးရႈံးျခင္းက ဗီယက္နမ္စစ္ပြဲတုန္းက အေမရိကန္စစ္သည္ဆုံးရႈံးရတဲ့ အေရအတြက္ထက္ပိုမ်ားေန..

ယူကရိန္းစစ္ပြဲမွာ ႐ုရွားစစ္သားဆုံးရႈံးျခင္းက ဗီယက္နမ္စစ္ပြဲတုန္းက အေမရိကန္စစ္သည္ဆုံးရႈံးရတဲ့ အေရအတြက္ထက္ပိုမ်ားေန..

ဗီယက္နမ္စစ္ပြဲတုန္းက အေမရိကန္တပ္ဖြဲ႕ဝင္ စစ္သည္ေတြ ဆုံးရႈံးရတဲ့အေရအတြက္ထက္ကို ႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္စစ္ခင္းခ်ိန္မွာ ဆုံးရႈံးရတဲ့ ႐ုရွားစစ္သည္အေရအတြက္က ပိုမိုမ်ားျပား ေၾကာင္း ယူကရိန္းတပ္ဖြဲ႕က ေျပာၾကားလိုက္ပါတယ္။

႐ုရွားသမၼတ ဗလာဒီမာပူတင္ဟာ ယူကရိန္းကို က်ဴးေက်ာ္စစ္စတင္ဖို႔ တပ္ေတြကို ေဖေဖာ္ဝါရီ ၂၄ ရက္ေန႔မွာ နယ္စပ္ကို ေစလႊတ္ခဲ့ပါတယ္။ သို႔ေပမယ့္လည္း ေလးရက္အတြင္း ႐ုရွားတပ္ဖြဲ႕ဝင္ ၄၃ဝဝ ေက်ာ္ေသဆုံးခဲ့ၿပီး ျဖစ္တယ္လို႔ ယူကရိန္းအရာရွိေတြက ခန႔္မွန္းခဲ့ၾကပါတယ္။

ပူတင္ကေတာ့ သူ႔ရဲ႕ စစ္တပ္စြမ္းရည္ကို အလြန္အမင္းလြန္လြန္ကဲကဲ ခန႔္မွန္းထားခဲ့တယ္လို႔ ေထာက္လွမ္းေရးက အႀကံျပဳေျပာၾကားခဲ့ပါတယ္။ ယူကရိန္းကို က်ဴးေက်ာ္မႈစတင္ၿပီ ခုႏွစ္ လေက်ာ္ၾကာတဲ့ အခ်ိန္မွာ ႐ုရွားစစ္သည္အေရအတြက္ ဆုံးရႈံးမႈဟာဆိုရင္ ဗီယက္နမ္စစ္ပြဲတုန္းက အေမရိကန္တို႔ ဆုံးရႈံးခဲ့ရ စစ္သည္အေရအတြက္ထက္ ပိုမ်ားတယ္ လို႔ ယူကရိန္း အရာရွိေတြက ေနာက္ဆုံး ထုတ္ ျပန္ခ်က္တစ္ရပ္ကို ထုတ္ျပန္ခဲ့ပါတယ္။

ကရင္မလင္ကေတာ့ ပဋိပကၡစတင္ျဖစ္ ပြားခ်ိန္က စလို႔ ႐ုရွားက စစ္တပ္သားေသဆုံးသူအေရ အတြက္ကို အတည္ျပဳထုတ္ျပန္ေပးဖို႔ တြန႔္ဆုတ္ေနခဲ့တာျဖစ္ပါတယ္။ေဖေဖာ္ဝါရီ ၂၄ ရက္ကစတင္ၿပီး ေအာက္တိုဘာ ၁၇ ရက္အထိ ႐ုရွားစစ္တပ္သား ၆၅,၃၂ဝ ဦးဆုံး ရႈံးခဲ့ေၾကာင္း ယူကရိန္းစစ္တပ္ အေထြေထြ ဝန္ထမ္းေတြရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

စစ္သည္ေတြအျပင္ ႐ုရွားစစ္တပ္ရဲ႕ တင့္ကား၂၅၃၇ စီး၊ သံခ်ပ္ကာတိုက္ခိုက္ေရးယာဥ္ ၅၂၀၅ စီး၊ အေျမႇာက္တပ္ ၁၅၉၉၊ ဒုံးက်ည္မ်ိဳးစုံပစ္လႊတ္မႈ စနစ္ ၃၆၆ ခု၊ ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ ၁၈၇ ခုတို႔ ကို ဆုံးရႈံးခဲ့ရတယ္လို႔ ယူကရိန္းက စြပ္စြဲေျပာၾကားထားပါတယ္။

CRD:Myanma Platform

Unicode

ယူကရိန်းစစ်ပွဲမှာ ရုရှားစစ်သားဆုံးရှုံးခြင်းက ဗီယက်နမ်စစ်ပွဲတုန်းက အမေရိကန်စစ်သည်ဆုံးရှုံးရတဲ့ အရေအတွက်ထက်ပိုများနေ..

ဗီယက်နမ်စစ်ပွဲတုန်းက အမေရိကန်တပ်ဖွဲ့ဝင် စစ်သည်တွေ ဆုံးရှုံးရတဲ့အရေအတွက်ထက်ကို ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ခင်းချိန်မှာ ဆုံးရှုံးရတဲ့ ရုရှားစစ်သည်အရေအတွက်က ပိုများ ကြောင်း ယူကရိန်းတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ယူကရိန်းကို ကျူးကျော်စစ်စတင်ဖို့ တပ်တွေကို ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ နယ်စပ်ကို စေလွှတ်ခဲ့ပါတယ်။ သို့ပေမယ့်လည်း လေးရက်အတွင်း ရုရှားတပ်ဖွဲ့ဝင် ၄၃ဝဝ ကျော်သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ ယူကရိန်းအရာရှိတွေက ခန့်မှန်းခဲ့ကြပါတယ်။

ပူတင်ကတော့ သူ့ရဲ့ စစ်တပ်စွမ်းရည်ကို အလွန်အမင်းလွန်လွန်ကဲကဲ ခန့်မှန်းထားခဲ့တယ်လို့ ထောက်လှမ်းရေးက အကြံပြုပြောကြားခဲ့ပါတယ်။ ယူကရိန်းကို ကျူးကျော်မှုစတင်ပြီ ခုနှစ် လကျော်ကြာတဲ့ အချိန်မှာ ရုရှားစစ်သည်အရေအတွက် ဆုံးရှုံးမှုဟာဆိုရင် ဗီယက်နမ်စစ်ပွဲတုန်းက အမေရိကန်တို့ ဆုံးရှုံးခဲ့ရ စစ်သည်အရေအတွက်ထက် ပိုများတယ် လို့ ယူကရိန်း အရာရှိတွေက နောက်ဆုံး ထုတ် ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။

ကရင်မလင်ကတော့ ပဋိပက္ခစတင်ဖြစ် ပွားချိန်က စလို့ ရုရှားက စစ်တပ်သားသေဆုံးသူအရေ အတွက်ကို အတည်ပြုထုတ်ပြန်ပေးဖို့ တွန့်ဆုတ်နေခဲ့တာဖြစ်ပါတယ်။ဖေဖော်ဝါရီ ၂၄ ရက်ကစတင်ပြီး အောက်တိုဘာ ၁၇ ရက်အထိ ရုရှားစစ်တပ်သား ၆၅,၃၂ဝ ဦးဆုံး ရှုံးခဲ့ကြောင်း ယူကရိန်းစစ်တပ် အထွေထွေ ဝန်ထမ်းတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

စစ်သည်တွေအပြင် ရုရှားစစ်တပ်ရဲ့ တင့်ကား၂၅၃၇ စီး၊ သံချပ်ကာတိုက်ခိုက်ရေးယာဉ် ၅၂၀၅ စီး၊ အမြှောက်တပ် ၁၅၉၉၊ ဒုံးကျည်မျိုးစုံပစ်လွှတ်မှု စနစ် ၃၆၆ ခု၊ လေကြောင်းရန် ကာကွယ်ရေးစနစ် ၁၈၇ ခုတို့ ကို ဆုံးရှုံးခဲ့ရတယ်လို့ ယူကရိန်းက စွပ်စွဲပြောကြားထားပါတယ်။

CRD:Myanma Platform

Crd