
News Social News

ယူကရိန်စစ်မြေပြင်အတွင်း၌ မိုင်းရှင်းဖို့အတွက် အမေရိကန်က ခွေးစက်ရုပ် တစ်ကောင်အားပေးပို့လှူဒါန်းသွားမည်..???

အမေရိကန်စစ်တပ်က ယူကရိန်းစစ်မြေပြင်အတွင်းရှိ မိုင်းများနှင့် မပေါက်ကွဲသေးသော ခဲယမ်းများကို ဖယ်ရှားရှင်းလင်းရာတွင် စက်ရုပ်ခွေးတစ်ကောင် ထောက်ပံ့ပေးမည်ဟု နိုင်ငံခြားရေးမူဝါဒ သတင်းရင်းမြစ်ကို ကိုးကားသိရှိရသည်။US Army Futures Command သည် ၎င်းတွင်ရှိသော စက်ရုပ်ခွေးနှစ်ကောင်အနက် တစ်ကောင်ကို လွှဲပြောင်းပေးအပ်ရန် အတည်ပြုခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

ဝါရှင်တန်ဒီစီအခြေစိုက် HALO Trust သည် စစ်ပွဲအတွင်း ရုရှားတပ်ဖွဲ့များသိမ်းပိုက်ထားသော Kyiv အနီးရှိ နေရာများမှ မိုင်းများ၊ မပေါက်ကွဲသေးသော အခွံများနှင့် အစုလိုက်အပြုံလိုက် ဗုံးများကို ဖယ်ရှားရန်အတွက် Boston Dynamics မှ ပေးပို့သည့် ခွေးစက်ရုပ်”Spot” ကို အသုံးပြုသွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ Chris Whatley ကို ကိုးကား၍ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Crd..19EightyFour
Unicode


Crd..19EightyFour

Crd