❝ 🐇#ယုန်ဝင်ပူးတယ်ဆိုပြီး မုဒိမ်းကျင့်သူ ထောင်ဒဏ် (၁၉) နှစ်နီးပါးနှင့် ကြိမ်ဒဏ် (၁၆) ချက်ချမှတ်ခံရ❞
အသက် (၂၃) နှစ်ရှိ အခုထောင်ဒဏ်ချမှတ်ခံသူဟာ မုဒိမ်းကျင့်ခံရသူ အသက် (၂၅) နှစ်ရှိအမျိုးသမီးနဲ့ အလယ်တန်းကျောင်းမှာ စသိခဲ့တာလို့ ဆိုပါတယ်။
နှစ်ယောက်စလုံးနဲ့သိသူတွေရှိလို့ တရားရုံးမှာ နာမည်တွေမထည့်ပါ။ ကောင်မလေးက မုဒိမ်းကျင့်သူကို မောင်နှမလိုသဘောထားတယ်တယ်လို့ ဆိုပါတယ်။
၂၀၁၉ ခုနှစ်မှာ မုဒိမ်းကျင့်သူက Facebook ကနေ ပြန်လည်ဆက်သွယ်ခဲ့တယ်လို့ ဆိုပါတယ်။
အရင်ကသိခဲ့တဲ့သူငယ်ချင်းဟောင်းတွေဆိုပြီး မုဒိမ်းကျင့်သူက ကားလေးကလက်ထဲရလာတော့ ကောင်မလေးနဲ့ သူငယ်ချင်းတွေကို ညစာလိုက်ကျွေး၊ ဟိုပို့ဒီပို့လုပ်တယ်လို့ ဆိုပါတယ်။
မုဒိမ်းကျင့်သူက ကောင်မလေးကိုကြိုက်နေပေမယ့် ကောင်မလေးက သူ့အရင်ရည်းစားကို သတိရနေတုန်းလို့ ဆိုပါတယ်။
ကောင်မလေးက သူများပြောတာယုံလွယ်ပြီး IQ level က ပုံမှန်ထက်နည်းနည်းနိမ့်တာကို စိတ်ရောဂါဆေးရုံမှာ IQ စစ်ဆေးရင်းတွေ့ရှိရတယ်တယ်လို့ ဆိုပါတယ်။
မုဒိမ်းကျင့်သူက သူဟာ တရုတ်ဘုံကျောင်းမှာ ကူညီလုပ်ကိုင်နေပြီး “God of Chang E’s rabbit” လနတ်သမီးရဲ့ယုန်ဝင်ပူးရာမှာ နတ်ဝင်သည်လုပ်လေ့ရှိတယ်လို့ဆိုပါတယ်။
ကောင်မလေးနဲ့သူ့ညီမနောက်မှာ ဝိညာဉ်တွေကလိုက်နေတာတွေ့ရတယ်လို့ ၂၀၁၉ နှစ်လယ်လောက်မှာ ကောင်မလေးအိမ်ကိုရောက်နေတုန်းပြောပါသတဲ့။
နောက်တော့ အင်းအိုင်တွေ၊ လက်ဖွဲ့တွေကို ပြင်ဆင်ပေးပါသတဲ့။
၂၀၁၉ ဇူလိုင်လ ၂၂ ရက်နေ့နဲ့ ၂၉ ရက်နေ့ကြားမှာ လနတ်သမီးရဲ့ယုန်ဝင်ပူးခြင်းကို ကောင်မလေးအိမ်မှာ လုပ်ခဲ့ပါသတဲ့။
အဲ့လိုယုန်ဝင်ပူးရာမှာ အစကကောင်မလေးက အင်္ကျီဝတ်ထားတာဖြစ်ပေမယ့် အကြံသမားနတ်ဝင်သည်က ကောင်မလေးရဲ့ကိုယ်လုံးပေါ်မှာ အင်းကွက်ချရမယ်ဆိုပြီး ကောင်မလေးကို အင်္ကျီချွတ်ခိုင်းပါသတဲ့။
အဲ့ဒီလိုတစ်လွှာခြင်းချွတ်ပြီး ကိုယ်လုံးပေါ်မှာအင်းကွက်ချရာကနေ ကောင်မလေးကို လိမ်ညာကာမရယူခဲ့တာဖြစ်ပါတယ်။
၅ ရက်အတွင်းမှာ ယုန်ဘယ်နှစ်ကြိမ်ပူးလဲမသိပေမယ့် မုဒိမ်းကျင့်မှု (၂) ကြိမ်၊ ထိုးသွင်းမှု (၁) ကြိမ်နဲ့တရားစွဲတာဖြစ်ပါတယ်။
မုဒိမ်းကျင့်သူဟာ ကောင်မလေးကသူနဲ့မခွဲနိုင်အောင် ကောင်မလေးမှာကိုယ်ဝန်ရသွားအောင် အကြံနဲ့လုပ်ပါသတဲ့။
ဇူလိုင်လ ၂၇ ရက်နေ့ ယုန်ဝင်ပူးပြီးတဲ့အခါမှာ ကောင်မလေးက သူငယ်ချင်းတွေကို ယုန်ဝင်ပူးတဲ့အဖြစ်ကိုပြောပြခဲ့ပါတယ်။
သူငယ်ချင်းတွေက ယုန်ဝင်ပူးပြီးလိမ်ညာကာမရယူသူကို ရဲတိုင်ဖို့ပြောတဲ့အတွက် ကောင်မလေးက ၂ ရက်လောက်စဉ်းစားနေပြီးမှ ရဲတိုင်ခဲ့တာဖြစ်ပါတယ်။
မုဒိမ်းကျင့်သူဖက်ကရှေ့နေ (၂) ယောက်ငှားပြီးချေပပါတယ်။ ပထမဦးဆုံးအကြိမ်ကျူးလွန်သူမို့ ထောင်ဒဏ် (၁၆) နှစ်နဲ့ ကြိမ်ဒဏ် (၁၄) ချက်ကိုလျော့ချဖို့ လျှောက်ထားပါတယ်။
သို့သော်တရားသူကြီးက ထောင်ဒဏ် (၁၈) နှစ်၊ (၁၁) လနဲ့ (၃) ပတ်ချမှတ်ခဲ့ပြီး ကြိမ်ဒဏ် (၁၆) ချက်ချမှတ်ခဲ့ပါတယ်။
စင်ကာပူမှာ မုဒိမ်းမှုက ထောင်ဒဏ် အနှစ် (၂၀) အထိချမှတ်နိုင်ပါတယ်။
Credit to
Richard Myo Thant
12-September -2023
#RichardMyoThant
#RapeCase
#မုဒိမ်းမှု
#changeyourmindset