ယန်စီမြစ်ထဲမှာ ငါးဖမ်းခွင့် (၁၀) နှစ်ပိတ်လိုက်တဲ့ တရုတ်

News

ယန်စီမြစ်ထဲမှာ ငါးဖမ်းခွင့် (၁၀) နှစ်ပိတ်လိုက်တဲ့ တရုတ်

ရေအားလျှပ်စစ်ဆည်ကြီးတွေနဲ့ မြို့ပြအိမ်ယာဖွံ့ဖြိုးရေးတွေကို အလွန်အကျွံလုပ်ဆောင်ခဲ့ကြအပြီး၊ တရုတ်ပြည်က မြစ်အားလုံးရဲ့မိခင်လို့တင်စားခေါ်တဲ့ ယန်စီမြစ်ဟာ ရေဝေရေလဲဧရိယာတွေထိကာ ဇီဝစနစ်ပျက်သုန်းလို့ အသက်ငင်နေခဲ့ရပါပြီ။ မြစ်အတွင်းရေသယံဇာတတွေ မျိုးသုန်းပျောက်ကွယ်မသွားရစေဖို့အတွက် (၁၀) နှစ်ဆက်တိုက်ငါးမဖမ်းဖို့ အမိန့်ထုတ်လိုက်ရပါပြီ။

တောင်တရုတ်ပင်လယ်ထဲက အငြင်းပွါးရေပိုင်နက်တွေအထဲမှာ တရုတ်ငါးဖမ်းသင်္ဘောတွေ ခြေပိုရှုပ်လာကြတော့မလား စောင့်ကြည့်ကြရပါလိမ့်မည်။ မြန်မာပြည်က ရေချိုငါးတွေလည်း တရုတ်ပြည်စျေးကွက်ပို့နိုင်ကြကာ ပြည်တွင်းငါးရှားပါးလာလို့ စျေးတက်လာနိုင်မယ့် လက္ခဏာပါပဲ။

ဘာပဲဖြစ်ဖြစ် တရုတ်ဟာ သူ့မြစ်တွေကိုခုလိုကာကွယ်ဖို့ အသိစိတ်ဓာတ်ဝင်လာသလိုမျိုး အခြားတိုင်းပြည်တွေက သူတို့စီမံကိန်းတွေမှာလည်း သဘာဝပါတ်ဝန်းကျင် မထိခိုက်အောင် တာဝန်ယူပေးကြရင် ကောင်းမှာပါ။ ????

Ref: SCMP
Credit – Zin Min Nyein

Leave a Reply