ယနေ့ ညပိုင်းတွင် တရုတ် အာကာသလွန်းပျံယာဉ်မှ အစိတ်အပိုင်းတချို့ သံတွဲလေဆိပ် အနီး ပင်လယ်ပြင်ကို ကျရောက်နိုင်

ယနေ့ ညပိုင်းတွင် တရုတ် အာကာသလွန်းပျံယာဉ်မှ အစိတ်အပိုင်းတချို့ သံတွဲလေဆိပ် အနီး ပင်လယ်ပြင်ကို ကျရောက်နိုင်တယ်ပါတယ်လို့ သံတွဲမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက က ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်နိုင်ငံအာကာသလွန်းပျံယာဉ်၏ မလိုအပ်သော အစိတ်အပိုင်းများသည် ဒီဇင်ဘာ ၂၇ ရက်နေ့ ညအချိန် တွင် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန သံတွဲလေဆိပ်၏ပင်လယ်ပြင်အနောက်တောင်ဘက် မိုင် (၃၀) ခန့်အကွာ ပင်လယ်ပြင်နေရာအတွင်းသို့ ကျရောက်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာကိုတွေ့နိုင်ပါတယ်။

ဒါကြောင့် ကမ်းနီးကမ်းဝေး ငါးဖမ်းသင်္ဘောများ၊ ရေပြင်တွင် သွားလာနေသည့် သင်္ဘောများအားလုံးသတိပြုရန် ထုတ်ပြန်ထားတာဘဲဖြစ်ပါတယ်။
Credit – Myanmarplatform