TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ယနေ့ခေတ် ဘယ်လ်ဂျီယမ်နိုင်ငံမှာတွေ့ရတဲ့ သက်တမ်းအရှည်ဆုံးခွေး

ယနေ့ခေတ် ဘယ်လ်ဂျီယမ်နိုင်ငံမှာတွေ့ရတဲ့ သက်တမ်းအရှည်ဆုံး ခွေးရဲ့ အကြွင်းအကျန်အရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၁,၇၀၀ ကျော်က ဖြစ်တယ်လို့ ဆိုပါတယ်။ပုံပန်းသွင်ပြင်အရ ၎င်းဟာ ဆိုက်ဘေရီယမ် ဟက်စကီခွေးရဲ့ ပုံစံနှင့်တူပြီး အရွယ်အားဖြင့်တော့ ဝံပုလွေတကောင်နဲ့အရွယ်တူကာ
သူ့မှာ နွားသိုးတွေ၊ မြင်းတွေနဲ့ သမင်တွေကို ကိုက်ဖြတ်နိုင်တဲ့ ကြီးမားတဲ့ သွားတွေပါရှိပါတယ်။

သူတို့ကို လမ်းလျှောက်ထွက်ပေးဖို့နဲ့ ဂူတွေရဲ့အရှေ့မှာ ပွတ်သပ်ပေးဖို့အတွက် သခင်ရှိမရှိဆိုတာတော့ ယခုအချိန်ထိ မသိရှိရသေးပါဘူး။ခွေးတွေကို အိမ်မှာမွေးမြူတဲ့ အချိန်အတိအကျကိုတော့ သိပ္ပံပညာရှင်တွေဟာ လွယ်လွယ်ကူကူ လက်မခံခဲ့ပါဘူး။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀,၀၀၀ နှင့် ၄၀,၀၀၀ ကာလတွေမှာ စိတ်ဝင်စားဖို့ကောင်းတာက ခွေးတွေနှင့် လူတွေ ဘယ်လိုရင်းနှီးမှုရသွားသလဲဆိုတဲ့ အချက်ပဲဖြစ်ပါတယ်
လူအချို့ကတော့ လူသားတွေဟာ ခြေလေးချောင်းပါတဲ့ တိရစ္ဆာန်တွေကို အလွယ်တကူတော့ ယဥ်ပါးအောင် လုပ်ကြမယ်လို့ မထင်ပါဘူး။ သူတို့ဟာ အိမ်မွေးအဖြစ် မွေးမြူခဲ့ကြတာပါ။
ခွေးပေါက်လေးတွေက သူတို့ဟာ အစာအတွက် လူသားတွေနဲ့ ယှဉ်ပြိုင်စရာမလိုတာကို သင်ကြားခဲ့ကြရပါတယ်။

ခွေးငယ်လေးတွေက သူတို့ရဲ့ နားရွက်တွေ သိမ်းကာ အမြီးတွေကို လှုပ်ပြရုံဖြင့် အစာစားရတာ ပိုပြီး လွယ်ကူမယ်ဆိုတာ သိလာကြပါကာ
သူတို့ကို စောင့်ရှောက်တဲ့လူသားတွေရဲ့ ဘယ်အမိန့်မဆို နာခံလိုက်တာနဲ့ သူတို့လိုချင်တဲ့ အစာကို စားရမယ်လို့ သိထားပါတယ်
ဒါကြောင့် လွန်ခဲ့တဲ့ နှစ်တစ်သောင်းလောက်ကစလို့ ခွေးတွေဟာ လူတွေကို အမဲလိုက်ဖို့နဲ့ အခြားသားရဲတွေမလာနိုင်အောင် အနောက်ကနေ သိုးထိန်းဖို့အတွက် ကူညီခဲ့ကြသလို
အချိန်ကာလတစ်ခုအထိ ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေဟာ ခွေးတွေကို မွေးမြူတဲ့နေရာမှာ သူတို့ လိုချင်တဲ့ အရည်အသွေးနဲ့ စံနှုန်းပြည့်မှီဖို့အတွက် သေချာရွေးချယ်ခဲ့ကြပါတယ်။

ဥပမာအားဖြင့် ရှေးဟောင်း အီဂျစ်နိုင်ငံမှာ အမဲလိုက်ခွေးတွေဟာ လျင်မြန်ဖြတ်လတ်တဲ့ တောင်ဆိတ်တွေကို ဖမ်းဖို့အတွက် အဆမတန် အရှိန်အဟုန် ရှိရမှာပါ
တစ်ခြား ရှေးဟောင်းရိုမန်ဒေသမှာတော့ ခွေးတွေကို အမဲလိုက်နှင့် သိုးထိန်းဖို့အတွက်မဟုတ်ပဲ စစ်တိုက်ရာမှာ အသုံးပြုနိုင်အောင် ပြုလုပ်ခဲ့ကြပါတယ်။

ထို စစ်ခွေးတွေဟာ တောရိုင်းသတ္တဝါ မည်သည်ကိုမဆို သွေးသံရဲရဲဖြစ်အောင် ပြုလုပ်နိုင်ပြီး
သို့သော်လည်းပဲ ရိုမန်အင်ပါယာ ကျဆုံးလာတာနှင့်အမျှ ထိုခွေးတွေဟာ သူတို့လူတွေကိုပါ နှောင့်ယှက်လာပြီး ယုံတမ်းပုံပြင်တွေနဲ့ ဒဏ္ဍာရီတွေအရ သမန်းဝံပုလွေတွေဖြစ်လာကြတယ်လို့ဆိုပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
■ခွေးတွေကိုယဉ်ပါးအောင် အိမ်မွေးအဖြစ်မွေးမြူခဲ့ကြ
Ref:youtube
Trans:thegeektext