ယင်းထနေတဲ့ လယ်မြေများ၊ ဆန်စပါး ရှားပါးတော့မယ့် လက္ခဏာနှင့် တောင်သူတွေရဲ့ အနာဂတ်

ယင်းထနေတဲ့ လယ်မြေများ၊ ဆန်စပါး ရှားပါးတော့မယ့် လက္ခဏာနှင့် တောင်သူတွေရဲ့ အနာဂတ်

ယင်းထနေတဲ့ လယ်မြေများ၊ ဆန်စပါး ရှားပါးတော့မယ့် လက္ခဏာနှင့် မြန်မာပြည်က စပါးစိုက် တောင်သူတွေရဲ့ အနာဂတ်..

စပါးစိုက်သူလယ်သမားတွေမှာ ရောင်းစပါး၊ ဝမ်းစာစပါး နဲ့ မျိုးစပါး ဆိုပြီးရှိတယ်တဲ့.. မနှစ်ကထွက်တာတွေက ရောင်းစရာရှိတာရောင်းပြီးပြီ.. စားစရာရှိတာ စားနေတုန်းပေါ့.. အခုဆန်သစ်ပေါ်ချိန် ပေါ်သလား မပေါ်သလား.. ပေါသလား မပေါလား ဆင်းကြည့်မှသိမှာ.. ရောင်းဖို့ ရှိ မရှိလည်း ဆင်းကြည့်မှသိမှာ..

လယ်တွေက ယင်းထနေတာ ဆေးသမားလိုပဲတဲ့.. အချိန်တန် ဆေးမရတော့ ယင်းထနေတာ ဘာမှအကောင်းမဖြစ်ဘူးတဲ့.. ဘာတုန်းဆိုတော့ လယ်တွေက ဝဲယဥ်နေပြီ မြေကချဥ်နေပြီတဲ့.. အော်ဂဲနစ်တွေ သဘာဝတွေနဲ့ လောက်ကမတိုးတော့ဘူးတဲ့.. ဘာကမှ လောက်လောက်လားလား မထွက်တော့ဘူး.. မြေဆီတောင်းနေတာ ယင်းထနေတာ မဟုတ်လို့ဘာလဲ.. ဪ.. လို့သာ ငေးကြည့်ရင်း တွေးမိပြန်ပါတယ်..

အရင်က မြေဆီထန်ကုန် တစ်အိတ် ၁ သောင်းကျော်လောက်ကို အကြိမ်ကြိမ်ခွဲထည့်နေရတဲ့.. လယ်မြေက မြေဆီမရတော့ ယင်းထတယ်တဲ့.. အခု တစ်အိတ်ကို နှစ်သိန်းနီးပါးဖြစ်နေလေတော့ ယင်းထလည်းထဘဲ တစ်ခါနဲ့ပြီးမှာမှမဟုတ်တာ မစိုက်တော့ဘူးဗျာတဲ့.. ဘာလုပ်မှာတုန်းဆိုတော့ လယ်တွေရောင်းပြီး နိုင်ငံခြားထွက်ဖို့ ပတ်စ်ပို့လုပ်တော့မှာဆိုတယ်..

လယ်သမားတွေမှာ ရောင်းစပါး ဝမ်းစာစပါး မျိုးစပါး ဆိုပြီးရှိကြစမြဲတဲ့ နောက်နှစ်ဘယ်လိုနေမယ် မသိသေးဘူးပေါ့ဗျာ.. (Pi Lon)

လယ်မြေတွေက ​သဘာဝမြေသြဇာ နွားချေးတွေမသုံးပဲ ဓာတ်မြေသြဇာ နှစ်ပေါင်းများစွာသုံးလာလို့ မြေပျက်လာတာပါ.. မြေသြဇာမှမသုံးရင် စပါးမထွက်တော့ပါဘူး.. ယခင်မြေသြဇာ ငါးသောင်းဝန်းကျင်ကနေ ယခု တစ်အိတ် သိန်းကျော်အနေအထားမှာ တောင်သူတွေအတော်များများ ထိုင်းထွက်ကုန်ပါပြီ။

စပါးစျေးကွက်ကို ထိုင်းလိုထိန်းပေးတဲ့ အနေအထားမရှိ အတိုးနဲ့ယူစိုက်နေတဲ့ တောင်သူတွေ လုပ်နိုင်ကိုင်နိုင်တဲ့ လူရွယ်တွေ လယ်ကိုစွန့်ပြီး ထိုင်းကိုထွက်တာများလာနေပါပြီ။ (Kyaw Moe)

The post ယင်းထနေတဲ့ လယ်မြေများ၊ ဆန်စပါး ရှားပါးတော့မယ့် လက္ခဏာနှင့် တောင်သူတွေရဲ့ အနာဂတ် appeared first on White Sone.

Crd