မှတ်မှတ်ရရ မြန်မာပြည်မှာ (၁၉၇၅) ခုနှစ်လောက်က စတင်တွေ့ခဲ့ဖူးတဲ့ ဂတ်စ်မီးခြစ်

မှတ်မှတ်ရရ မြန်မာပြည်မှာ (၁၉၇၅) ခုနှစ်လောက်က စတင်တွေ့ခဲ့ဖူးတဲ့ ဂတ်စ်မီးခြစ်

မှတ်မှတ်ရရ ၁၉၇၅ – ၇၆ ခုနှစ်လောက် ဂတ်စ်မီးခြစ်ကို စတွေ့ဖူးတာ။ အရင်က စက်မှု (၁) ထုတ် နတ်သမီးတံဆိပ် စက္ကူမီးခြစ်ဗူး သုံးကြတယ်။ နောက်ပိုင်း စောင်းကောက်တံဆိပ် ပြောင်းသွားတယ်ထင်တယ်။

ရန်ကုန်မှာ ရန်ကင်းမိုးကောင်းဘုရားပွဲရှိတဲ့အချိန်မျိုးဆိုရင် ဓါတ်ဆီမီးခြစ်အမျိုးမျိုးရောင်းတဲ့ဆိုင်တွေ အများကြီး။ ချောင်းစုံရွာလွတ်ထုတ် ဓါတ်ဆီမီခြစ်ခေတ်စားခဲ့သေးတယ် အဲ့ဒီတုံးက ဂတ်စ်မီးခြစ် မပေါ်သေးဘူး။

ဂတ်စ်မီးခြစ်ဂတ်စ်ကုန်သွားရင် ပြန်ဖြည့်ဖို့ မြို့ထဲရောက်ရင် ဖရေဇာလမ်း (အနော်ရထာလမ်း) တလျှောက်ဆူးလေဘုရားလမ်းမပေါ် ဂတ်စ်ဖြည့်ပေးတဲ့ ဗန်းဆိုင်အများကြီးတွေ့ရလိမ့်မယ်။ ဂတ်စ်ဖြည့်၊ မီးခြစ်ကျောက်အသစ်လဲ၊ မောင်းအသစ်လဲ လို့ရတယ်။

ဂတ်စ်မီးခြစ်ကို BIC ကုမ္မဏီ က ၁၉၇၃ ခုနှစ်ကတည်ထွင်ခဲ့တယ်။ BIC ကုပ္မဏီဆိုတာ တစ်ခါသုံးသင်တုန်းဒါး၊ ပုံဆွဲခဲတံ၊ တယ်လီဖုန်းထုတ်တဲ့ ပြင်သစ်ထိပ်တန်းကုပ္မဏီပါ။ BIC ဂတ်စ်မီးခြစ်က ဆေးလိပ်မီးညှိဖို့အဓိကဖြစ်ပြီး ဂတ်စ်ကုန်ရင် ပြန်ဖြည့်နိုင်တဲ့ အမျိုးအစားပါ။ နိုင်ငံပေါင်း ၁၆၀ ကို BIC ဂတ်စ်မီးခြစ်အလုံးရေ သန်းထောင့်ငါးရာ ရောင်းချပြီးသွားပြီ။

ပုံမှန်အားဖြင့် ဂတ်စ်မီးခြစ်တလုံးကို နောက်ဆုံးအချိန်အထိ အခြစ်ပေါင်း ၃၀၀၀ ခြစ်နိုင်တယ်။ BIC ထုတ်လုပ်တဲ့ဂတ်စ်မီးခြစ်ကို ကမ္ဘာ့အကောင်းဆုံးတခါသုံးဂတ်စ်မီးခြစ်အဖြစ် သတ်မှတ်ထားတယ်။

BIC အလုပ်သမားတယောက်ဟာ သူ့အလုပ်ချိန် လေးပုံတပုံကို မီးခြစ်ကိုစစ်ဆေးဖို့အတွက် အချိန်ပေးထားရတယ်။ ဒါကြောင့် BIC မီးခြစ်ဟာ အရည်အသွေးစိတ်ချရတယ် နာမည်ကြီးတယ်။ BIC ကုမ္မဏီဟာ Gillette ကုမ္မဏီထုတ်တစ်ခါသုံးဂတ်စ်မီးခြစ်စျေးကွက်ကို ၁၉၇၂ မှာ ယျှဉ်ပြိုင်အနိုင်ယူခဲ့ပြီး တခါသုံးဂတ်စ်မီးခြစ်စျေးကွက်ကို အပိုင်ယူလိုက်တာပါ။

နောက်ပိုင်း BIC တခါသုံးဂတ်စ်မီးခြစ်နည်းပညာ တကမ္ဘာလုံးပျံ့နှံ့သွားပြီး အခုတရုပ်နိုင်ငံမှာ ဂတ်စ်မီးခြစ်အမြောက်အများ ထုတ်လုပ်နေတယ်။ ဆေးလိပ်သောက်တုံးက ဘီယာဆိုင်ကထရင် ကျန်တာမေ့ခြင်မေ့မယ်။ ခုံပေါ်မှာရှိတဲ့ဆေးလိပ်နဲ့ဂတ်စ်မီးခြစ် ဘယ်တော့မှမမေ့ဘူး။ အိမ်ရောက်လို့ အိတ်ထဲစမ်းကြည့်လိုက်ရင် ဂတ်စ်မီးခြစ် ၂ လုံး ၃ လုံးပါလာတတ်တယ်။ လွင်ဦး (ရန်ကင်း)

1

Crd



Post Views:
7

Crd