ပြည်သူတစ်ဦးအနေနဲ့ နိုင်ငံသားစိစစ်ရေးကတ်နဲ့ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ တစ်ခုထက်ပိုပြီး လက်ဝယ်ကိုင်ဆောင်ခြင်းမပြုဖို့၊ တစ်ကတ်ထက်ပိုပြီး ကိုင်ဆောင်ထားရင် သက်ဆိုင်ရာ မြိုန့ယ်လဝကရုံးတွေမှာ အမြန်သွားရောက်အပ်နှံကြဖို့နဲ့ နိုဝင်ဘာလ ၁ ရက်နေ့အထိ ပြန်လည်အပ်နှံခြင်းမရှိရင်..
နောက်ဆုံးထုတ်ယူထားတဲ့ ကတ်နဲ့ ပုံစံ ၆၆/၆ တို့ကိုသာအတည်ပြုပြီး အရင်ကတ်အပိုတွေကို ပယ်ဖျက်စာရင်းသွင်းမယ်လို့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက အောက်တိုဘာ ၂၇ ရက် ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။
လဝက အနေနဲ့ e-ID biographic Registration Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူနှင့် အခြား အသိအမှတ်ပြုကတ်တစ်မျိုးမျိုး ကိုင်ဆောင်သူ (၅၂) သန်းကျော်အား စာရင်းသွင်းပြီးဖြစ်လို့ သတ်မှတ်ကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် အခြားအသိအမှတ်ပြုကတ်များ၊ ပုံစံ (၆၆/၆) အိမ်ထောင်စု စာရင်းများ ကွဲလွဲခြင်း၊ အပိုကိုင်ဆောင်ခြင်းများအား နီးစပ်ရာ မြို့နယ် လဝကရုံးများသို့ သွားရောက်ဖြေရှင်းရန် နှင့် သတ်မှတ်ကာလ ကျော်လွန်ပါက ဥပဒေနှင့် အညီ ဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။
သတ်မှတ်ကာလအတွင်း စိစစ်ရေးကတ်အပိုတွေနဲ့ ပုံစံ ၆၆/၆ အိမ်ထောင်စုစာရင်းပါလူဦးရေကွဲလွဲတာ၊ အပိုကိုင် ဆောင်တာတွေကို နီးစပ်ရာလဝကရုံးတွေမှာ သွားရောက်ဖြေရှင်းဖို့နဲ့ သတ်မှတ်ကာလကျော်လွန်ရင် ဥပဒေနဲ့ အညီဆောင်ရွက်မယ်လို့ဆိုပါတယ်။
မူလက နိုဝင်ဘာ ၁ ရက်နောက်ဆုံးထားပယ်ဖျက်မယ်လို့ကြေညာခဲ့ပေမဲ့ ပြည်သူတွေရဲ့ ပညာရေးအောင်လက်မှတ်၊ ဘွဲ့လက်မှတ်တွေ၊ ဘဏ်ငွေစာရင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ၊ အိမ်ခြံမြေပိုင်ဆိုင်မှုတွေ၊ တယ်လီဖုန်း စတဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေနဲ့လည်းသက်ဆိုင်နေလို့ နိုဝင်ဘာ ၁၅ ရက်နေ့အထိ နှစ်ပတ်သက်တမ်းထပ်မံတိုးမြှင့်ပေးလိုက်ကြောင်း ထုတ်ပြန်ချက်က ဆိုပါတယ်။
ကုန်လွန်ခဲ့တဲ ၂၀၂၂ ခုနှစ် ဧပြီလကစပြီး ခရီးသွားလာတည်းခိုရာမှာ နိုင်ငံသားကတ်ကို စစ်ဆေးတော့မယ်လို့ လဝကက ထုတ်ပြန်ခဲ့သလို နိုင်ငံသားကတ်နဲ့ မှတ်ပုံတင်အတုတွေကိုင်ဆောင်တာ၊ အပိုကိုင်ဆောင်တာ တွေကလည်း ပြစ်မှု မြောက်တယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
ထို့အပြင် လဝက အနေနဲ့ ၂၀၂၁ ခုနှစ် မေ ၃ ရက်ကစလို့ ပန်းခင်းစီမံချက်နဲ့ ရုံးမှာ၊ ကွင်းဆင်းဆောင်ရွက်တာနဲ့ တချို့ လိုအပ်တဲ့ နေရာတွေမှာ အိမ်တိုင်ရာရောက် ရသင့်တဲ့ ကတ်တမျိုးမျိုးကို လုပ်ပေးနေခဲ့ကာ အဆိုပါ ပန်းခင်းစီမံချက် ကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ် ၃ ဒသမ ၄ သန်းကျော်အထိ ပြုလုပ်ပေးနိုင်ရန် လျာထားဆောင်ရွက်နေတယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။
Post Views:
3