တရုတ်နိုင်ငံ ဝူဟန်မြို့မှာ တစ်နှစ်ကျော်ကာလအတွင်း ဒေသတွင်း ဗိုင်းရပ်စ်ကူးစက်မှုကို ပထမဆုံးတွေ့ရှိပြီးနောက် မြို့မှာနေထိုင်သူအားလုံးကို ကိုဗစ်-၁၉ ရောဂါရှိမရှိ စစ်ဆေးသွားမယ်လို့ မြို့အာဏာပိုင်တွေက သြဂုတ် ၃ ရက်မှာပြောပါတယ်။

မြို့နေပြည်သူ ၁၁ သန်းကို ဗိုင်းရပ်စ်ရှိမရှိ အလျှင်အမြန်စစ်ဆေးမှုများပြုလုပ်သွားမယ်လို့ ဝူဟန်မြို့ထိပ်တန်းတာ၀န်ရှိသူ Li Tao က သြဂုတ် ၃ ရက်တွင်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဩဂုတ်လ ၂ ရက်နေ့က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့တော်မှာ ကူးစက်မြန်တဲ့ Covid-19 ကူးစက်ခံရသူပြည်သူ နောက်ထပ် ၇ ဦးကို စစ်ဆေးတွေ့လို့ တာဝန်ရှိသူတွေအားလုံးတုန်လှုပ်သွားကြတယ်လို့ ဘီဘီစီသတင်းမှာဖော်ပြထားပါတယ် ။

အဆိုပါလုပ်သား ၇ ဦးဟာ ဝူဟန်မြို့မှာနေထိုင်ပြီး Jingsu ပြည်နယ် Jingzhou မြို့မှာသွားရောက်အလုပ်လုပ်ကိုင်နေထိုင်ကြသူတွေဖြစ်ပြီး ကျင့်ကျိုးဘူတာကနေ ကျင်စုမြို့ကိုမီးရထားစီးနင်လိုက်ပါလာရာ လမ်းမှာ ခရီးသွားဂရုပ် နှင့်ထိတွေ့မိခဲ့တယ်လို့ဆိုပါတယ် ။
Nanjing ပြည်နယ်မှာတော့ ၁၀ ရက်အတွင်း ကူးစက်မှု ၃၀၀ နီးပါးရှိခဲ့ပြီး Jingsu ကနေတဆင့်အခြားပြည်နယ် ၁၂ ခုကိုကူးစက်ပျံ့နှံ့မှုဟာ ၂၄ နာရီအတွင်း ၉၈ ဦးရှိခဲ့တယ်လို့ တရုတ်ကျမ္မာရေးဝန်ကြီးဌာနကထုတ်ပြန်သွားပါတယ် ။
ရေဘေးသင့်နေတဲ့တရုတ်နိုင်ငံအလယ်ပိုင်းကိုပြန်လည်ထူထောင်ရေးတွေမပြုလုပ်ရသေးတဲ့ အခြေအနေနဲ့ တစ်ကျော့ပြန်ဆွေပြမျိုးပြအလည်အပတ်ရောက်လာတဲ့ ဗီဇမျိုးကွဲ ကူးစက်မှုအင်မတန်မြန်တဲ့ ဒယ်လ်တာ ကိုဗစ် ဆယ့်ကိုးတို့အမှတ်မထင်ဆုံတွေ့ကြပြီပေါ့ ။

ဝူဟနမြှို့မှာ ၂၀၂၀ ခုနှဈအစောပိုငြးက ဗိုငြးရပဈြကူးစကမြှုအကှီးအကယွဖြှဈပှားပှီး မကှုံစဖူးလော့ခဒြေါငြးခတွာတှပှေုလုပခြဲ့ရပှီး တဈနှဈကှာခွိနထြိ ဗိုငြးရပဈြကူးစကမြတှမရှေိခဲ့ပါဘူး။
ဒါပေမယ့် ရွှေ့ပြောင်းလုပ်သားများအကြား မြို့မှာကူးစက်မှု ခုနှစ်ခုတွေ့ရှိခဲ့တယ်လို့ မြို့အာဏာပိုင်တွေက သြဂုတ် ၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့ပြင် နန်ကျင်းလေဆိပ် သန့်ရှင်းရေးသမားတွေမှာ ဗိုင်းရပ်စ်စတင်ကူးစက်မှုကြောင့် နိုင်ငံအနှံ့မှာ ကူးစက်မှုတွေရှိခဲ့ပြီး မြို့ကြီးဒါဇင်များစွာမှာ ဒယ်လ်တာသန္ဓေပြောင်းဗိုင်းရပ်စ်ကူးစက်မှုဟာ သြဂုတ် ၃ ရက်မှာတော့ ၆၁ ခုထိရှိလာပါတယ်။

မြို့တော်ပေကျင်းအပါအ၀င် အခြားသောမြို့ကြီးတွေရှိ ဒေသခံသန်းပေါင်းများစွာကိုလည်း လက်ရှိမှာ ဗိုင်းရပ်စ်ကူးစက်မှုရှိမရှိ စစ်ဆေးပေးနေပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူတွေနဲ့ ထိတွေ့သူမိသူတွေကိုလည်း ကွာရန်တင်းထားရှိပြီး အနီးကပ်စောင့်ကြည့်မှုတွေပြုလုပ်နေပါတယ်။
Ref : Straits Times
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။