မွေးကတည်းက ထမင်းတစ်နပ်မှ မစားဖူးသေးသော သနားစရာ မိန်းကလေးဧ။်အဖြစ်
အိန္ဒိယနိုင်ငံ နယူးဒေလီရှိ Sonipatတွင် နေထိုင်သော အသက် ၂၅နှစ်အရွယ် မိန်းကလေးသည် မွေးကတည်းက ထမင်းတစ်နပ်မှ မစားဖူးသေးပဲ အရည်တွေကိုသာ သောက်သုံးခဲ့ရသည်။
အကြောင်းမှာ မိန်းကလေးသည် မွေးရာပါ ချို့ယွင်းချက်ကြောင့် ထမင်းကဲ့သို့သော အစာများကိုစားလိုက်သည့်အခါ အဆာအိမ်မှ လက်မခံနိုင်ပဲ ပြန်အန်ထွက်ခဲ့သည်။
ထို့ကြောင့် မိန်းကလေးသည် မာသောအစားအစာများကို ရှောင်ရပြီး အသက်ဆက်ရှင်ဖို့ရာ နွားနို့ကိုသာ အားကိုးပြီး သောက်သုံးရစဥ် မိဘနှစ်ပါးမှ သူတို့သမီးလေးအတွက် နွားမကြီးတစ်ကောင်အား ဝယ်ထားပေးခဲ့သည်။
မိန်းကလေးသည် ငယ်စဥ်ကတည်းက ကွတ်ကီးမုန့်များကျွေးစဥ် ငိုငိုပြီးတော့ လက်ထဲကနေ ပစ်ထုတ်ခဲ့၍ မိဘနှစ်ပါးမှ အစားဂျီးများသည်ဟု ထင်ခဲ့ရာ ဆရာဝန်နှင့်ပြကြည့်မှ အစာဖက်တွေကိုမစားနိုင်ပဲ အရည်ကိုသာ သောက်နိုင်သည့်ရောဂါဝေဒနာကို ခံစားနေရမှန်းသိခဲ့ရသည်။
မိဘနှစ်ပါးသည် သူတို့သမီးလေးဧ။်ရောဂါအား အစွမ်းကုန် ကုသပေးခဲ့သော်လည်း အခြေအနေက ဘားမှထူးမလာခဲ့၍ သူတို့ဆုံးပါးသွားသည့်အခါ သမီးလေးအား ဂရုစိုက်ပေးမည့်သူမရှိတော့မှာကို တွေးရင်း စိတ်မချနိုင်ဖြစ်ခဲ့သည်။
Zawgyi
Crd