■မွန်ဂိုလ်အင်ပါယာကြီးရဲ့ခေါင်းဆောင်ဂမ်းဂစ်ခမ်းရဲ့ ရှာမတွေ့နိုင်သောအုတ်ဂူ

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■မွန်ဂိုလ်အင်ပါယာကြီးရဲ့ခေါင်းဆောင်ဂမ်းဂစ်ခမ်းရဲ့ ရှာမတွေ့နိုင်သောအုတ်ဂူ

ဂမ်းဂစ်ခမ်းက လူ့သမိုင်းတစ်လျှောက်မှာ ကြောက်ဖို့အကောင်းဆုံး အုပ်ချုပ်သူတစ်ယောက်အနေနဲ့ရှိခဲ့ပါတယ်။
သူအုပ်ချုပ်တဲ့အချိန်ကာလမှာ မွန်ဂိုလ်အင်ပါယာကြီးဟာ ရိုမန်အင်ပါယာထက် ၂ ဆ ပိုမိုကြီးမားခဲ့ပါတယ်။

ဒါဆိုရင် ဒီလိုခေါင်းဆောင်ကြီးရဲ့ အုတ်ဂူကရော ဘယ်လိုပုံစံမျိုးဖြစ်မလဲ ?
သမိုင်းပညာရှင်တွေကတော့ ခေါင်းကုတ်နေကြပါပြီ။
အဲ့ဒါက ခမ်းရဲ့ဆန္ဒပဲထင်ပါတယ်။

ခမ်းကသူ့ကို မြှုပ်နှံမယ့်နေရာကို လျှို့ဝှက်ချက်အနေနဲ့ဖြစ်စေချင်ခဲ့ပါတယ်။
ရှေးဟောင်းဒဏ္ဍာရီအရ လူပေါင်း သုံးသောင်းကျော်က သူ့ရဲ့အုတ်ဂူကို ဆောက်လုပ်ခဲ့ပါတယ်။ ဆောက်လုပ်ပြီးစီးတဲ့အချိန်မှာတော့ လူပေါင်း သုံးသောင်းကျော်လုံး ကွပ်မျက်ခံခဲ့ရပါတယ်။

ပြီးသွားတဲ့အချိန်မှာလည်း အုတ်ဂူပေါ်ကနေ ြေခရာလက်ရာမကျန်ခဲ့နေဖို့ မြင်းထောင်ပေါင်းများစွာနှင့် မြေကြီးပေါ်မှာ နှင်းမောင်းခဲ့ပါတယ်။
ခမ်းရဲ့အုတ်ဂူကို သွားတဲ့နေရာမှာ တွေ့တဲ့သူမှန်သမျှရဲ့အသက်ကိုလည်း ဖျက်စီးပစ်ခဲ့ပါတယ်။

သူ့ရဲ့အုတ်ဂူသွားတဲ့လမ်းပေါ်မှာ တမင်တကာကို မြစ်တူးဖော်ခဲ့ပါသေးတယ်။
လူတွေအများကြီးပျောက်ကွယ်ပျက်စီးပြီးတဲ့အခါမှာ ထိုမြစ်က ရုရှားနှင့်မွန်ဂိုလီးယားကိုဖြတ်တဲ့ အိုနွန်မြစ်ဖြစ်မယ်လို့ ယူဆကြပါတယ်။

မြစ်က မိုင် ၅၀၀ ပဲရှည်လျားပေမယ့် ဘယ်သူကမှ ခမ်းရဲ့အုတ်ဂူကို ရှာမတွေ့ကြပါဘူး။
ရှာတွေ့တဲ့သူဟာလည်း ဂမ်းဂစ်သမိုင်းတွင်ခဲ့သလိုပဲ သမိုင်းမှာ ကျန်ရစ်နေမှာပါ။
Ref:youtube
Trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■မြန္ဂိုလ္အင္ပါယာႀကီးရဲ့ေခါင္းေဆာင္ဂမ္းဂစ္ခမ္းရဲ့ ရွာမေတြ႕နိုင္ေသာအုတ္ဂူ

ဂမ္းဂစ္ခမ္းက လူ႔သမိုင္းတစ္ေလၽွာက္မွာ ေၾကာက္ဖို႔အေကာင္းဆုံး အုပ္ခ်ဳပ္သူတစ္ေယာက္အေနနဲ႔ရွိခဲ့ပါတယ္။
သူအုပ္ခ်ဳပ္တဲ့အခ်ိန္ကာလမွာ မြန္ဂိုလ္အင္ပါယာႀကီးဟာ ရိုမန္အင္ပါယာထက္ ၂ ဆ ပိုမိုႀကီးမားခဲ့ပါတယ္။

ဒါဆိုရင္ ဒီလိုေခါင္းေဆာင္ႀကီးရဲ့ အုတ္ဂူကေရာ ဘယ္လိုပုံစံမ်ိဳးျဖစ္မလဲ ?
သမိုင္းပညာရွင္ေတြကေတာ့ ေခါင္းကုတ္ေနၾကပါၿပီ။
အဲ့ဒါက ခမ္းရဲ့ဆႏၵပဲထင္ပါတယ္။

ခမ္းကသူ႔ကို ျမႇုပ္ႏွံမယ့္ေနရာကို လၽွို႔ဝွက္ခ်က္အေနနဲ႔ျဖစ္ေစခ်င္ခဲ့ပါတယ္။
ေရွးေဟာင္းဒ႑ာရီအရ လူေပါင္း သုံးေသာင္းေက်ာ္က သူ႔ရဲ့အုတ္ဂူကို ေဆာက္လုပ္ခဲ့ပါတယ္။ ေဆာက္လုပ္ၿပီးစီးတဲ့အခ်ိန္မွာေတာ့ လူေပါင္း သုံးေသာင္းေက်ာ္လုံး ကြပ္မ်က္ခံခဲ့ရပါတယ္။

ၿပီးသြားတဲ့အခ်ိန္မွာလည္း အုတ္ဂူေပၚကေန ျေခရာလက္ရာမက်န္ခဲ့ေနဖို႔ ျမင္းေထာင္ေပါင္းမ်ားစြာႏွင့္ ေျမႀကီးေပၚမွာ ႏွင္းေမာင္းခဲ့ပါတယ္။
ခမ္းရဲ့အုတ္ဂူကို သြားတဲ့ေနရာမွာ ေတြ႕တဲ့သူမွန္သမၽွရဲ့အသက္ကိုလည္း ဖ်က္စီးပစ္ခဲ့ပါတယ္။

သူ႔ရဲ့အုတ္ဂူသြားတဲ့လမ္းေပၚမွာ တမင္တကာကို ျမစ္တူးေဖာ္ခဲ့ပါေသးတယ္။
လူေတြအမ်ားႀကီးေပ်ာက္ကြယ္ပ်က္စီးၿပီးတဲ့အခါမွာ ထိုျမစ္က ႐ုရွားႏွင့္မြန္ဂိုလီးယားကိုျဖတ္တဲ့ အိုႏြန္ျမစ္ျဖစ္မယ္လို႔ ယူဆၾကပါတယ္။

ျမစ္က မိုင္ ၅၀၀ ပဲရွည္လ်ားေပမယ့္ ဘယ္သူကမွ ခမ္းရဲ့အုတ္ဂူကို ရွာမေတြ႕ၾကပါဘူး။
ရွာေတြ႕တဲ့သူဟာလည္း ဂမ္းဂစ္သမိုင္းတြင္ခဲ့သလိုပဲ သမိုင္းမွာ က်န္ရစ္ေနမွာပါ။
Ref:youtube
Trans:thegeektext