မြွေ အကောင် ၁၂၀၊ ပင့်ကူ ၇၀ တို့နှင့်အတူ တစ်အိမ်တည်း နေထိုင်နေသည့် “မြွေလူသား”
‘မြွေလူသား’ဟု ခေါ်သည် ဂါရင့်ဟော့ပ်ကင်းစ်က ဝေလပြည်နယ် လန်နက်လီရှိ သူ၏အိမ်ကို မြွေ ၁၂၀၊ ပင့်ကူ ၇၀အပြင် ဖားများ၊ ပုတ်သင်များနှင့် ကြွက်များ နေထိုင်ရာ တိရစ္ဆာန်ရုံတစ်ခု အဖြစ်သို့ ပြောင်းလိုက်လဲလိုက်သည်။

သူသည် ထင်ပေါ်ကျော်ကြားသူများတွက် မွေးနေ့ပွဲများ စီစဉ်ခြင်းနှင့် သူ၏ တိရိစ္ဆာန်များနှင့် အလုပ်လုပ်ခြင်းကြောင့် လူသိများခဲ့သည်။
သူသည် Joey Essex နှင့်ပင် အလုပ်လုပ်ခဲ့သည်။ ဆာအန်ထော်နီဟော့ပ်ကင်းစ်၏ မွေးနေ့အတွက် ပြပွဲတစ်ခု ပြုလုပ်ခဲ့ဖူးပြီး ထိုသူတို့၏ မြွေနှင့်ပင့်ကူ ကြောက်လန့်မှု ရောဂါ များကိုပင် ကုသပေးခဲ့ဖူးသည်။

ဂါရင့်နှင့် သူ၏ ဇနီး ယိုလန်တို့တွင် တိရိစ္ဆာန်များစွာရှိသည့်အတွက် တစ်နေ့လျှင် နာရီပေါင်းများစွာ သန့်ရှင်းရေး လုပ်နေရသည်။ ထို့အတွက် ဂါရင်ကလည်း တစ်နေ့တစ်နေ့ သူ ဘယ်လို အချိန်သွားမှန်း မသိဟု ဆိုသည်။
သူ၏ဘဝအစတွင် သူငယ်ချင်းတစ်ဦိးထံမှ မြွေတစ်ကောင် ငှားရမ်းကာ ပြီး ရံပုံငွေ ရှာဖွေရေးကို စတင်ခဲ့သည်။ ထို့နောက် သူ၏ ဇနီး ယိုလန်နှင့် တွေ့ဆုံးပြီးချိန်ရောက်မှာ ဤမျှများပြားသော တိရစ္ဆာန်များကို စုဆောင်းနိုင်ခြင်း ဖြစ်သည်။

သူသည် ဒေသခံများနှင့် ရဲများထံမှ မြွေများကို စုဆောင်းရန် ဖိတ်ခေါ်ခဲ့သည်။
သူက “မြွေကို မင်းဘယ်တော့မှ မယုံနဲ့။ သူတို့မှာ တကယ့်ကို ဆိုးဝါးတဲ့နေ့တွေရှိတယ်” ဟုဆိုသည်။
သို့သော် သူကိုယ်တိုင်ကမူ မြွေများရှိသည့် ပတ်ဝန်းကျင်တွင် နေထိုင်ရသည်ဟု ဆိုသည်။ မြွေများနှင့် ကျန်သည့် အကောင်များအတွက် နေ့စဉ် သန့်ရှင်းရေးလုပ်ရန် နှစ်နာရီကြာတတ်ပြီး အိမ်ရှိ တိရစ္ဆာန်အားလုံးကို ကျွေးမွေးရန် နှစ်စဉ် ထောင်နှင့်ချီ၍ ကုန်ကျသည်ဟု သိရသည်။
မင်းသုတဟန်
Ref: Daily Star
ChannelKeyMyanmar မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။