မြောက်ဝင်ရိုးစွန်းနဲ့ တောင်ဝင်ရိုးစွန်း ဘယ်နေရာကို လေယာဉ်ဖြတ်ပျံသလဲ – The Geek Text

Post Views:
9
မြောက်ဝင်ရိုးစွန်းနဲ့ တောင်ဝင်ရိုးစွန်း ဘယ်နေရာကို လေယာဉ်ဖြတ်ပျံသလဲ
ဒီတစ်ခါတော့ မြောက်နဲ့တောင်ဝင်းရိုးစွန်းတွေမှာ ဘယ်နေရာက လေယာဉ်ပျံသန်းဖို့ ပိုခက်ခဲသလဲ။
လေယာဉ်တွေ ဘာကြောင့် တောင်ဝင်ရိုးစွန်းကို ဖြတ်သန်းပြီး မသွားကြတာလဲဆိုတာ တင်ပြလိုက်ပါတယ်။
အန္တာတိကတိုက်ဟာ ကမ္ဘာ့တောင်ဘက်အစွန်ဆုံး ဖြစ်ပါတယ်။ ဒီနေရာကို လေယာဉ်တွေ ရှောင်ပြီး ပျံသန်းကြတာ တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် မြောက်ဝင်ရိုးစွန်းကိုကြတော့ ဖြတ်ကျော် ပျံသန်းကြပါတယ်။
ကွာခြားချက်က ဘာတွေပါလဲ။ တကယ်လို့ သင်ဟာ နယူးရောက်ကနေ ဟောင်ကောင်ကို ပျံသန်းမယ်ဆိုပါစို့။ သင်ဟာ မြောက်ဝင်ရိုးစွန်းကို ဖြတ်ပျံရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ဩစတြေးလျကနေ အာဂျင်တီးနားကို ပျံမယ်ဆိုရင်တော့ တောင်ဝင်ရိုးစွန်းကို ရှောင်ပြီး ပျံကြရပါတယ်။ ဒီအတွက် အကြောင်းအရာတွေ အများကြီးရှိပါတယ်။
ပထမဆုံး အချက်ကတော့ အန္တာတိကဟာ အရမ်းဆိုးဝါးတဲ့ ရာသီဉတုရှိနေလို့ပါ။ ကမ္ဘာကြီးရဲ့ အဆိုးဆုံး အပူချိန်လျော့နည်းမှုရှိတဲ့ဒေသလို့ ပြောလို့ရပါတယ်။
တစ်နှစ်ပတ်လုံး မျမ်းမျှအပူချိနိဟာ ၇၀ ဒီဂရီ ဖာရင်ဟိုက်သာ ရှိပါတယ်။ကမ္ဘာ့စံချိန်တင်ထားတဲ့ အပူချိန်အရ အနုတ် ၁၂၈ ဒီဂရီ ဖာရင်ဟိုက် (-128°F) အထိ ကျဆင်းတတ်တာ ရှိပါတယ်။
ဒါကြောင့် ဒီဒေသမှာ တာဝန်ထမ်းဆောင်မယ့် ဝန်ထမ်းတွေဟာ လနဲ့ချီပြီး လေ့ကျင့်ထားရပါတယ်။ အန္တာတိကမှာ အခြေချဖို့အတွက် သိပ္ပံပညာရှင်တွေနဲ့ ပစ္စည်းကိရိယာတွေကိုသာ စဥ်းစားကြပါတယ်။
ဒီဒေသမှာ လေယာဉ်ဆင်းသက်ဖို့ကလည်း အရမ်းစွန့်စားရပါတယ်။ Decing လို့ခေါ်တဲ့ လေယာဉ်ကိုယ်ထည်ပေါ်က ရေခဲတွေကို ဖျော်ချပစ်ဖို့လိုပါတယ်။
အေးလွန်းတဲ့ ရာသီဉတုကို ဖြတ်ပျံရတဲ့ လေယာဉ်ကိုယ်ထည်ဟာ ရေခဲတွေဖုံးအုပ်တတ်ပါတယ်။ ဒါတွေကို ဖျော်ကြဖို့ဆိုရင် ဒေါ်လာ ထောင်နဲ့ချီပြီး ကုန်ကျပါတယ်။ လေယာဉ်ကြီးလေ ပိုကုန်လေပါပဲ။
ဒီလို ပြင်ပပစ္စည်းကိရိယာတွေနဲ့ မြေပြင်မှာရပ်ထားတဲ့ လေယာဉ်ကို ရေခဲတွေ ဖယ်ရှားလိုက်တာနဲ့ မပြီးသေးပါဘူး။ လေယာဉ်စိတ်ချစွာ ပျံသန်းနိုင်ဖို့လည်း လိုပါသေးတယ်။
ဒါကြောင့် လေယာဉ်မှာပါရှိတဲ့ လျှပ်စစ် အပူပေးကိရိယာတွေနဲ့လည်း မိနစ်တော်တော်ကြာအောင် အပူပေးထားရပါသေးတယ်။ ဒီဒေသကို သွားရောက်မယ့် လေယာဉ်တွေမှာ On Board Electrical Heating System မဖြစ်မနေ တပ်ဆင်ထားရပါတယ်။
ဒီစနစ်က လေယာဉ်အတောင်ပံတွေ၊ အင်ဂျင်ရှေ့ အဝင်ပေါက်တွေမှာ ခဲလာမယ့် ရေခဲတွေကို အရည်ပျော်စေပါတယ်။
အန္တာတိကို ပျံမယ်ဆိုရင် တစ်ခြားလိုအပ်ချက်တွေလည်း ရှိပါသေးတယ်။ အနည်းဆုံးတော့ အထူးပြုလုပ်ထားတဲ့ အအေးဒဏ်ခံဝတ်စုံ (၂)ခု လေယာဉ်ပေါ်မှာ ပါရှိရပါတယ်။ ဒီဝတ်စုံတွေဟာ လွန်ကဲတဲ့အအေးဒဏ်ကို ခံနိုင်ရည်ရှိရပါမယ်။ လေယာဉ်မှူးတွေ အောက်ဆင်းတဲ့အခါ ဝတ်ဖို့ပါ။
ရေဒီယို ဆက်သွယ်ရေးစက်တွေကလည်း တစ်ခြား ဆက်သွယ်ရေး ကိရိယာတွေနဲ့ မတူဘဲ ရာသီဉတုဆိုးရွားနေရင်တောင် ဆက်သွယ်လို့ရတဲ့ စက်တွေ ဖြစ်ရပါမယ်။
ဒါတင်မကသေးပါဘူး။ အန္တာတိကမှာ အဖြူရောင် နှင်းတွေက အဆက်မပြတ် ကျဆင်းနေတတ်ပါတယ်။ ဒါကလည်း လေယာဉ်မှူးတွေကို အရမ်း အန္တရာယ်ပေးပါတယ်။ လေယာဉ်ဟာလည်း မုန်တိုင်းထဲမှာ ပြေးရသလို ဖြစ်နေပါလိမ့်မယ်။
အန္တာတိကမှာရှိတဲ့ ကွင်းတွေဟာလည်း အခြေခံ စက်ကိရိယာတွေ တပ်ဆင်နိုင်မှု နည်းပါးပါတယ်။ လေဆိပ်တွေ၊ မျှော်စင်တွေကလည်း နည်းပါတယ်။ ဒါကြောင့် လေယာဉ် တက်တာ၊ဆင်းတာနဲ့ ပျံသန်းနေတဲ့အချိန်မှာ လမ်းညွှန်မှု အပြည့်အဝ မရနိုင်ပါဘူး။
ဒါ့ကြောင့်လည်း အန္တာတိကကို ဖြတ်ကျော်ပျံသန်းရတာဟာ ပင်လယ်ပြင်ကြီးကို ဖြတ်ပျံရသလိုပဲလို့ ဆိုကြပါတယ်။ ဒါတောင်မှ ပင်လယ်ပြင်ကို ဖြတ်ပျံရတာ ရှေ့မြင်ကွင်း ကောင်းကောင်းမြင်နိုင်ပါတယ်။
အန္တာတိကကို ဖြတ်ပျံရင်တော့ အရှေ့မှာ အဖြူရောင်တွေသာ မြင်ရတွေ့ရမှာပါ။ဒါ့ကြောင့် လေယာဉ်မှူးတွေဟာ မြေပုံစာရွက်ပေါ်က လမ်းကြောင်းကို အားပြုမောင်းနှင်ရပါတယ်။
ဝင်ရိုးစွန်းတွေမှာ ပျံသန်းရင် လျှပ်စစ်လမ်းညွှန်စနစ်တွေ လိုအပ်ပါတယ်။ ရိုးရိုးသံလိုက်အိမ်မြှောင်စနစ်တွေကလည်း ဝင်ရိုးစွန်း သံလိုက်စက်ကွင်းကြောင့် အမှန်ကို မပြနိုင်ပါဘူး။
ထပ်ဖြည့်ရရင်တော့ ဒီဒေသဟာ သီးခြားကမ္ဘာတစ်ခုလို အထီးကျန်လှပါတယ်။ လေယာဉ်တွေဟာ ထိန်းချုပ်ရေးမျှော်စင်နဲ့ ဆက်သွယ်ဖို့လည်း ခက်ပါတယ်။
ဒါပေမယ့် ဒီအချက်တွေကို မြောက်ဝင်ရိုးစွန်းမှာတော့ အပြည့်အစုံ ရရှိနိုင်ပါတယ်။ ဒီတော့ မြောက်ဝင်ရိုးစွန်းကတော့ လေယာဉ်တွေ ဖြတ်ကျော်ပျံသန်းလေ့ ရှိကြပါတယ်။
ဘယ်လိုပဲ ဖြစ်ပါစေ။ ဝင်ရိုးစွန်း နှစ်ခုစလုံးကိုတော့ ဘယ်သူမှ ဖြတ်မပျံချင်ကြသလို လေကြောင်းလိုင်း တော်တော်များများကလည်း မပျံသန်းခိုင်းကြပါဘူး။ မဖြစ်မနေ ပျံသန်ခဲ့ရရင်လည်း မြောက်ဝင်ရိုးစွန်းမှာတော့ အရေးပေါ်ဆင်းသက်နိုင်တဲ့ လေယာဉ်ကွင်း ပေါများပေမယ့်လည်း တောင်ဝင်ရိုးစွန်းမှာတော့ နည်းပါးပါတယ်။
ဒါ့ကြောင့် ကမ္ဘာတောင်နဲ့ မြောက်ဝင်ရိုးစွန်းတွေမှာ မြောက်ဝင်ရိုးစွန်းသာ လေယာဉ်တွေ ဖြတ်ကျော်ပျံသန်းလေ့ရှိကြတဲ့အကြောင်း တင်ပြရင်း အဆုံးသတ်လိုက်ပါတယ်။
Knight News Team
Crd
Crd