မြေအောက်ဒုံးကျည်ပစ်လွှတ်မှုစနစ်တွေထုတ်ပြပြီးနောက်ပိုင်းပါရှန်းပင်လယ်ကွေ့သို့B-52ဗုံးကြဲလေယာဉ်၂စီးကိုအမေရိကန်ကချက်ခြင်းစေလွှတ်တပ်ဖြန့်၊စုစုပေါင်း၄စီးရှိပြီ

Militarily News

အမေရိကန်တပ်မတော်သည် B-52 ဗုံးကြဲလေယာဉ်နှစ်စင်းအား ၎င်းတို့၏အခြေစိုက်စခန်းမှ အရှေ့အလယ်ပိုင်းသို့ စေလွှတ်တပ်ဖြန့်လိုက်သည်ဟု သိရှိရသည်။ အဆိုပါတပ်ဖြန့်မှုသည် လေးကြိမ်မြောက်တပ်ဖြန့်ခြင်းဖြစ်သည်ဟုလည်းဆိုသည်။

အမေရိကန်စစ်တပ်က ဒေသတွင်းလုံခြုံရေးအပေါ် ကျူးကျော်မှုကိုတားဆီးရန် ဖြစ်ကြောင်းပြောကြားခဲ့သည်။ အမေရိကန်အနေဖြင့် အီရန်နိုင်ငံသည် Quds Force တပ်မှူးအားလုပ်ကြံခံရမှုအပေါ် တုန့်ပြန်ရန်ကြိုးစားဆဲဖြစ်နိုင်သည်ဟူသော စိုးရိမ်မှုများရှိနေခြင်းလည်းဖြစ်သည်။

အမေရိကန်သမ္မတရွေးကောက်တင်မြှောက်ခံရသူ Joe Biden ရာထူးမယူခင်နှစ်ပတ်မပြည့်မီ တင်းမာမှုများမြင့်တက်နေချိန်တွင် ယခုလုပ်ဆောင်ချက်သည် စိတ်မသက်မသာရာဖြစ်စေသည်ဟု သုံးသပ်ထားကြသည်။

ဗုံးကြဲလေယာဉ်နှစ်စင်း၏ လေယာဉ်အမှုထမ်းများသည် Minot လေတပ်အခြေစိုက်စခန်းမှ Persian Gulf သို့ ၃၆ နာရီကြာမရပ်မနားပျံသန်းမှုကို ပျံသန်းခဲ့ပြီးကြီးမားသော တိုက်ခိုက်ရေးအင်အားကို အချိန်တိုအတွင်းဖြန့်ကျက်နိုင်ခြင်းအပေါ်ပြသခဲ့သည်။

အီရန်နိုင်ငံ၏ ကာကွယ်ရေးစနစ်များ တိုးမြှင့်နေမှုကို မိမိတို့ စောင့်ကြည့်နေသလို အီရတ်နိုင်ငံရှိ ကာကွယ်ရေးစနစ်များအတွက် ကြိုတင်ပြင်ဆင်မှုများတိုးမြှင့်နေခြင်းကိုလည်း ကျွန်ုပ်တို့ကြိုတင်စီစဉ်ထားဆဲဖြစ်သည်ဟု ဆိုသည်။
အမေရိကန်အနေဖြင့် B-52 အစီးရေ စုစုပေါင်း တပ်ဖြန့်မှု ၄ စီးရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

Ref-AMN
Myanmarnews24

zawgyi
အီရန်က မြေအောက်ဒုံးကျည်ပစ်လွှတ်မှုစနစ်တွေထုတ်ပြပြီးနောက်ပိုင်း ပါရှန်းပင်လယ်ကွေ့သို့ B-52 ဗုံးကြဲလေယာဉ် ၂ စီးကို အမေရိကန်က ချက်ခြင်းစေလွှတ်တပ်ဖြန့်၊ စုစုပေါင်း ၄ စီးရှိပြီ

Leave a Reply