မြေအောက်ကမ္ဘာက ဉာဏ်ရည်မြင့် လူ့အဖွဲ့အစည်း – hotnewmyanmar.com

News Social News

မြေအောက်ကမ္ဘာက ဉာဏ်ရည်မြင့် လူ့အဖွဲ့အစည်း

ကျနော်တို့ ကမ္ဘာကြီးရဲ့ အလယ်အူတိုင်ဟာ ဟင်းလင်းပြင်သဖွယ် အပေါက်ဖြစ်ပြီး အသိဉာဏ်မြင့်မားတဲ့ လူသားမျိုးနွယ်တွေဟာ ဒီအထဲမှာ ရှိနေနိုင်တယ်ဆိုတဲ့ အယူအဆကို ပညာရှင်တွေ၊ သုတေသနပြုလုပ်သူတွေက ယုံကြည်နေကြပါတယ်။

သူတို့မှာ ကိုယ်ပိုင်နေစွမ်းအင်လည်းရှိတယ် ဆိုပါတယ်။ အဲဒီ လူ့အဖွဲ့အစည်းကို (millennia)လို့ ခေါ်ပါသတဲ့။

သိပ္ပံပညာရှင်‌တွေဟာ ၁၈ ရာစုလောက်ကတည်းက ဒီဒဏ္ဍာရီဆန်တဲ့ အင်ပါယာ တည်ရှိမှုအကြောင်း ဆွေးနွေး ငြင်းခုံနေခဲ့ကြတာပါ။ သူတို့က အဲဒီနေရာကို ဟင်းလင်းပြင်ကမ္ဘာ (Hollow Earth) လို့ အမည် ပေးထားပါတယ်။

ဒီကိစ္စဟာ ၁၉၇၀ ခုနှစ်မှာ ESSA-7 ဂြိုလ်တုက ကမ္ဘာမြေကို ဓါတ်ပုံရိုက်ပြီး ပြန်လည်ပေူပို့ခဲ့ရာမှာတော့ ပိုသေချာသွားပါတော့တယ်။

ကြည်လင်တဲ့ကောင်းကင်အောက်မှာ အာတိတ်စက်ဝိုင်းတည့်တည့်လောက်မှာရှိတဲ့ ကြီးမားလှတဲ့အပေါက်ကြီးကို တွေ့ရပါတယ်။ ဒါဟာ ဟင်းလင်းပြင်ကမ္ဘာကို ဝင်ရောက်တဲ့ အပေါက်ဖြစ်နိုင်ပါတယ်။

ယူအက်စ်ရဲ့ ESSA-7 ဂြိုဟ်တုဓါတ်ပုံများ ထုတ်ပြန်ပြီးနောက်မှာတော့ သိပ္ပံပညာရှင်တွေကြားထဲမှာ ဒါဟာ အစစ်အမှန် ဖြစ်မဖြစ် ငြင်းခုံကြပါတော့တယ်။

ပန်းကန်ပြားပျံမဂ္ဂဇင်း အယ်ဒီတာကလဲဖြစ် UFO ပညာရှင်တစ်ဦးလည်းဖြစ်တဲ့ Mr. Ray Palmer က “ဒါဟာ အလားအလာရှိတဲ့ သက်သေတွေ့ရှိမှု” လို့ ဆိုပါတယ်။ သူရဲ့ယူဆချက်ကလည်း မြေအောက်အဆင့်မြင့် လူ့အဖွဲ့အစည်း ရှိနေတယ်လို့ ဆိုပြန်ပါတယ်။

အချက်အလက်တွေကို ပိုမိုခိုင်မာစေတာကတော့ အငြိမ်းစား ဗိုလ်ချုပ်တစ်ဦးဖြစ်တဲ့ Richard E. Byrd’s ရဲ့ ၁၉၂၈ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ မှတ်စုကြောင့်ပါ။

မှတ်စုမှာ ရေးထားတာက သူဟာ ဝင်ရိုးစွန်းပေါ်မှာ လှပတဲ့တောင်ကြား မြေနေရာကို တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။

သူ့ရဲ့ မှတ်စုမှာပါဝင်တဲ့ အကြောင်းအရာတွေကို ပုံနှိပ်ထုတ်ဝေတဲ့အခါမှာတော့ မြေအောက်ကမ္ဘာနဲ့ ဉာဏ်ရည်မြင့် လူ့အဖွဲ့အစည်း တည်ရှိနေနိုင်ကြောင်း လူတွေကြားထဲမှာ ပိုဂယက်ရိုက်စေခဲ့ပါတယ်။ စာအုပ်ထဲမှာ သူ့အတွေ့အကြုံတွေကို မျှဝေထားတာဖြစ်ပါတယ်။

Richard E. Byrd

World Beyond the Poles အမည်ရ စာအုပ်မှာလဲ ဝင်ရိုးစွန်းပေါ်ကို ဘယ်သူမှ မဖြတ်သန်းခဲ့ဘူးတာကို ထောက်ပြခဲ့ပါတယ်။

Palmer ဟာ ၁၉၅၉ ခုနှစ်၊ဒီဇင်ဘာလမှာ ဟင်းလင်းပြင်ကမ္ဘာ သီအိုရီကို ထုတ်ဝေခဲ့ပါတယ်။ မယုံနိုင်လောက်အောင်ကို အောင်မြင်ခဲ့ပါတယ်။

Palmer နဲ့ World Beyond the Poles ရေးသူ Giannini တို့ ပြောကြားခဲ့ရာမှာ သူဟာ အဲဒီနေရာမှာ အပင်တွေ၊တောင်တန်းနဲ့ မြစ်ချောင်း၊ ရေကန်တွေနဲ့ မယုံမိုင်ဖွယ်ကြီးမားတဲ့ ဆင်လို တိရစ္ဆာန်တွေကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီကိစ္စကို တကယ်တော့ ၁၄ ရာစုလောက်ကတည်းက သတိပြုမိနေကြပါပြီ။ ဟယ်လီကြယ်တံခွန်ကို တွေ့ရှိခဲ့သူ အက်ဒမန် ဟယ်လီဟာ ဒီကိစ္စကို ပြောကြားခဲ့ဖူးပါတယ်။

သူပြောတာကတော့ ကမ္ဘာ့အတွင်းပိုင်းဟာ အစိတ်အပိုင်း သုံးခုရှိပြီး အလယ်တည့်တည့်မှာ အကည်ပျော်နေတဲ့ ချော်ရည်ပူတွေ ရှိနေကြောင်း ၊ ချော်ရည်ရဲ့ အပူကြောင့် နေရောင်ခြည်လို အလင်းနဲ့အပူဓါတ် ရနေကြောင်း ပြောခဲ့တာပါ။ အိုင်းစက် နယူတန်ကလည်း ဟယ်လီရဲ့ အဆိုကို ထောက်ခံခဲ့ပါတယ်။

၁၇ ရာစုရဲ့ သင်္ချာပညာရှင်ဖြစ်သူ Leonhard Euler ကလည်း ဟင်းလင်းပြင်ကမ္ဘာ သီအိုရီကို မှန်ကန်ကြောင်း ထောက်ခံခဲ့ပါတယ်။ သူက ဟင်းလင်းပြင်ကမ္ဘာမှာ ဝင်ပေါက်နှစ်ခုရှိပြီး အဲဒါတွေက အာတိတ်နဲ့ အန္တာတိက ဝင်ရိုးစွန်းတွေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

ဒီအယူအဆနဲ့ ပါတ်သက်လို့ နာမည်အကြီးဆုံး စာအုပ်ကတော့ Jules Verne (ဂျူးဗန်း)ရဲ့ Journey to the centre of the earth စာအုပ်ဖြစ်ပြီး ၁၈၆၄ ခုနှစ်မှာ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။

ခုတော့ ကမ္ဘာ့မြေလွှာအောက်မှာ ဘာတွေရှိသလဲဆိုတာ စမ်းသပ်မှုတွေလုပ်ခဲ့သလို လုပ်နေဆဲလည်း ဖြစ်ပါတယ်။

ရှရှားမှာရှိတဲ့ Kola ဆိုတဲ့ဒေသမှာ မြေအောက် ၁၅ ကီလိုမီတာအနက်အထိ တူးဖော်ရှာဖွေခဲ့ပါတယ်။ ၁၉၆၅ ခုနှစ်ကပါ။ ဘာတွေ တွေ့ရှိခဲ့သလဲဆိုတာတော့ မကြေငြာခဲ့ပါဘူး။

ဒါပေမယ့် လူနဲ့တိရစ္ဆာန်အသံတွေ ကြားရတယ်လို့ဆိုပါတယ်။ တွင်းထဲကို အာရုံခံအားကောင်းတဲ့ မိုက်ခရိုဖုန်းတွေချပြီး စမ်းသပ်ခဲ့တာလို့ ဆိုပါတယ်။

သိပ္ပံပညာရှင်တွေကတော့ ကမ္ဘာမြေအောက်ကို မီတာ ၃၀ ဆင်းတိုင်း အပူချိန်ဟာ တစ် ဒီဂရီဆဲလ်စီးယပ် တိုးလာတယ်လို့ တွက်ချက်ပြခဲ့ကြပါတယ်။

ကမ္ဘာ့အလယ်ဗဟိုမှာဆိုရင် အပူချိန်ဟာ ၂၂၀,၀၀၀ ဒီဂရီ ရှိနေမှာ ဖြစ်ပါတယ်။ ဒါဟာ နေထက်ပြင်းတဲ့ အပူချိန်ဖြစ်ပါတယ်။ ဒီအချက်ဟာ သုတေသနပြုလုပ်သူတွေကို ထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေက လက်တွန့်လာစေပါတယ်။

မေးခွန်းတွေကတော့ ရှိနေဆဲပါ။ ဘာကြောင့် ဝင်ရိုးစွန်းတွေပေါ်ကို ဖြတ်ကျော်ပျံသန်းခွင့် မပြုရတာလဲ။

ကျနော်တို့မသိတဲ့ ယာဉ်ပျံ‌တွေနဲ့ သက်ရှိတွေဟာ စင်္ကြာဝဠာက လာတာလား၊ ကမ္ဘာ့အတွင်းပိုင်းက လာတာလား စသဖြင့်ပေါ့။ တင်ပြထားတဲ့ ဓါတ်ပုံကိုကြည့်ရင်း စာချစ်သူတို့လဲ မန့်ခဲ့ကြပါဦးနော်။

Knight News Team

Crd