TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■မြေဆွဲအားအလုပ်မလုပ်တဲ့ ကနေဒါနိုင်ငံမှ ထူးဆန်းသော သံလိုက်တောင်ကုန်း
နယူးဘရမ်းစဝစ်ပြည်နယ် ကနေဒါနိုင်ငံမှာ အလွန်ထူးဆန်းတဲ့အရာတွေဖြစ်ပေါ်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့ တောင်ကုန်းတစ်ခုရှိပါတယ်။
ကြည့်ပါဦး။ မြေဆွဲအားဟာ ဒီထူးဆန်းတဲ့နေရာမှာ အလုပ်မလုပ်ပါဘူး။ ဒီလမ်းပေါ်မှာရှိတဲ့ကားတွေအားလုံးဟာ ထူးဆန်းစွာဖြင့် သွားကြတာပါ။ ၁၉၃၀ ပြည့်နှစ်တွေမှာ ဒီလိုမျိုး ထူးဆန်းတဲ့ အလေ့ဟာ ကားတွေမှာပဲ သိသာတာပါ။
ကြည့်ရတာတော့ကားမောင်းသမားတွေဟာ အလွန်ထိတ်လန့်သွားမှာဖြစ်ပြီး သူတို့ဟာတောင်ခြေမှာ ရပ်ကာ ခြေထောက်ကိုဘရိတ်ပေါ်ကဖယ်လိုက်တဲ့အချိန် ကားက ထူးဆန်းစွာပြုမူမှာဖြစ်ပါတယ်။ ပရိသတ်ကြီးကတော့ ဒါဟာ လုံးဝထူးဆန်းတယ်လို့ထင်ကောင်းထင်နိုင်ပေမယ့် တစ်ချို့ကတော့ ဒီဖြစ်ရပ်ကို ပိုနားလည်ဖို့ကြိုးစားကြတာပါ။
တစ်ချို့တွေကတော့ ဒီနေရာမှာ သရဲရှိတယ်လို့လဲဆိုပါတယ်။ တစ်ချို့ကတော့ ဒါဟာ အမြင်အာရုံဝေဝါးမှုသာဖြစ်တယ်လို့ဆိုပါတယ်။ စကားမစပ် ဒီသီအိုရီကတော့ အမှန်တရားနှင့်ဆင်သလိုပါပဲ။
ဒါဟာ ဘာလို့လဲဆိုတာတွေ့မြင်နိုင်ပါတယ်။ ဒီ တည်ဆောက်ပုံကိုကြည့်ပါ။ လျှောစောက်လေးက တောင်ကုန်းအတက်ပုံဖြစ်နေတာပါ။ ဒါ့ကြောင့်လူတွေက သူတို့ရဲ့ကားတွေဟာ အပေါ်တက်နေတာလို့ထင်မှာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ကျွန်မတို့ကတော့ ဒီသံလိုက်တောင်ကုန်းဟာ အမြင်အာရုံလှည့်စားမှုတစ်ခုဖြစ်တယ်လို့မထင်သေးပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မတို့လည်း ကိုယ်တိုင်မရောက်ဖူးသေးလို့ပါ။
ref:youtube
trans:thegeektext
zawgyi
■မြေဆွဲအားအလုပ်မလုပ်တဲ့ ထူးဆန်းသော ကနေဒါနိုင်ငံမှ သံလိုက်တောင်ကုန်း
ref:youtube
trans:thegeektext