TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■မြေဆွဲအားမရှိတဲ့ ဆန်တာခရုစ်မှ ဆန်းကြယ်တဲ့နေရာ

ဒီ ဆန်းကြယ်တဲ့နေရာကိုတော့ ၁၉၃၉ ခုနှစ်မှာ ဂျော့ဂျ်ပရိုင်းဆာမှ ရှာဖွေတွေ့ရှိခဲ့တာပါ။ တစ်နေ့ တောထဲမှာ လမ်းလျှောက်နေတုန်း သူဟာ ရုတ်တရက်မူးဝေသွားခဲ့ပြီး သူနှင့်အတူယူသွားတဲ့ သံလိုက်အိမ်မြှောင်ကို သတိထားမိခဲ့ပါတယ်။ ဒါဟာ အလွန်ပြင်းတဲ့အရှိန်ဖြင့် အဆက်မပြတ် လည်နေခဲ့တာပါ။

သိပ္ပံပညာရှင်ဟာ ဒီလို ဆန်းကြယ်တဲ့ဖြစ်ရပ်အတွက် အလွန်စိတ်ဝင်စားခဲ့ပါတယ်။ ဒီလို သံလိုက်အိမ်မြှောင်လည်နေတဲ့နေရာကမြေကို ဝယ်ဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ အချိန်တွေကြာတဲ့အချိန်မှာ သူဟာ အိမ်တစ်လုံးဆောက်ခဲ့ပြီး လာလည်ချင်တဲ့သူတွေကို ဖိတ်ခေါ်ခဲ့ပီး။ ထို့အတူ ဘာတွေဖြစ်နေလဲဆိုတာကို မြင်တွေ့ခဲ့ကျပါတယ်။ ဒီလိုနေရာရဲ့ကျော်ကြားမှုကတော့ ကယ်လီဖိုးနီးယားတစ်ခွင်ပျံ့သွားခဲ့တာပါ။

လာရောက်လည်ပတ်သူတွေဟာ ဒီဆန်းကြယ်တဲ့နေရာမှာရှိတဲ့ မထင်မှတ်ထားတဲ့ ထောင့်တွေမှာ မပြုတ်ကျပဲ ရပ်နိုင်ကွေးနိုင်ခဲ့ပါတယ်။ ရေတွေဟာ အမြဲတမ်းအပေါ်ဘက်ကိုပဲ တက်သွားပြီး ဒီသစ်သားတဲကလူတွေက ဘောလုံးတစ်လုံးပစ်လိုက်ရင် ဘောလုံးကကုန်းပေါ်ကိုသာတက်သွားပါတယ်။

လူအများပြောကြတာကတော့ ဒီ အဆောက်အဦးအောက်မှာ အာကာသယာဥ်တစ်ခု သို့မဟုတ် သံလိုက်တွင်းပေါက် တစ်ခုခုရှိတာကြောင့် ဒီလိုဖြစ်တာပါလို့ပြောကြတာပါ။ ဒါပေမယ့်လည်း ဘယ်သူကမှ တောထဲက အိမ်တစ်လုံးဟာ ဒီလိုမျိုးမြေဆွဲအားမရှိလည်းဆိုတာ တိတိကျကျမသိခဲ့ပါဘူး။

စကားမစပ် ဒီအဆောက်အဦးဟာ ယနေ့အထိ ခရီးသွားတွေကြားနာမည်ကြီး လည်ပတ်စရာတစ်ခုဖြစ်နေခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ဒီနေရာကို ကယ်လီဖိုးနီယားရဲ့ သမိုင်းဝင်နေရာတစ်ခုအဖြစ် မှတ်တမ်းတင်ခဲ့ပါသေးတယ်။
ref:youtube
trans:thegeektext
zawgyi
TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။
■ေျမဆြဲအားမရွိတဲ့ ဆန္တာခ႐ုစ္မွ ဆန္းၾကယ္တဲ့ေနရာ
ဒီ ဆန္းၾကယ္တဲ့ေနရာကိုေတာ့ ၁၉၃၉ ခုႏွစ္မွာ ေဂ်ာ့ဂ်္ပရိုင္းဆာမွ ရွာေဖြေတြ႕ရွိခဲ့တာပါ။ တစ္ေန႔ ေတာထဲမွာ လမ္းေလၽွာက္ေနတုန္း သူဟာ ႐ုတ္တရက္မူးေဝသြားခဲ့ၿပီး သူႏွင့္အတူယူသြားတဲ့ သံလိုက္အိမ္ေျမႇာင္ကို သတိထားမိခဲ့ပါတယ္။ ဒါဟာ အလြန္ျပင္းတဲ့အရွိန္ျဖင့္ အဆက္မျပတ္ လည္ေနခဲ့တာပါ။
သိပၸံပညာရွင္ဟာ ဒီလို ဆန္းၾကယ္တဲ့ျဖစ္ရပ္အတြက္ အလြန္စိတ္ဝင္စားခဲ့ပါတယ္။ ဒီလို သံလိုက္အိမ္ေျမႇာင္လည္ေနတဲ့ေနရာကေျမကို ဝယ္ဖို႔ဆုံးျဖတ္ခဲ့ပါေတာ့တယ္။ အခ်ိန္ေတြၾကာတဲ့အခ်ိန္မွာ သူဟာ အိမ္တစ္လုံးေဆာက္ခဲ့ၿပီး လာလည္ခ်င္တဲ့သူေတြကို ဖိတ္ေခၚခဲ့ပီး။ ထို႔အတူ ဘာေတြျဖစ္ေနလဲဆိုတာကို ျမင္ေတြ႕ခဲ့က်ပါတယ္။ ဒီလိုေနရာရဲ့ေက်ာ္ၾကားမႈကေတာ့ ကယ္လီဖိုးနီးယားတစ္ခြင္ပ်ံ႕သြားခဲ့တာပါ။
လာေရာက္လည္ပတ္သူေတြဟာ ဒီဆန္းၾကယ္တဲ့ေနရာမွာရွိတဲ့ မထင္မွတ္ထားတဲ့ ေထာင့္ေတြမွာ မျပဳတ္က်ပဲ ရပ္နိုင္ေကြးနိုင္ခဲ့ပါတယ္။ ေရေတြဟာ အျမဲတမ္းအေပၚဘက္ကိုပဲ တက္သြားၿပီး ဒီသစ္သားတဲကလူေတြက ေဘာလုံးတစ္လုံးပစ္လိုက္ရင္ ေဘာလုံးကကုန္းေပၚကိုသာတက္သြားပါတယ္။
လူအမ်ားေျပာၾကတာကေတာ့ ဒီ အေဆာက္အဦးေအာက္မွာ အာကာသယာဥ္တစ္ခု သို႔မဟုတ္ သံလိုက္တြင္းေပါက္ တစ္ခုခုရွိတာေၾကာင့္ ဒီလိုျဖစ္တာပါလို႔ေျပာၾကတာပါ။ ဒါေပမယ့္လည္း ဘယ္သူကမွ ေတာထဲက အိမ္တစ္လုံးဟာ ဒီလိုမ်ိဳးေျမဆြဲအားမရွိလည္းဆိုတာ တိတိက်က်မသိခဲ့ပါဘူး။
စကားမစပ္ ဒီအေဆာက္အဦးဟာ ယေန႔အထိ ခရီးသြားေတြၾကားနာမည္ႀကီး လည္ပတ္စရာတစ္ခုျဖစ္ေနခဲ့ၿပီး ၂၀၁၄ ခုႏွစ္မွာ ဒီေနရာကို ကယ္လီဖိုးနီယားရဲ့ သမိုင္းဝင္ေနရာတစ္ခုအျဖစ္ မွတ္တမ္းတင္ခဲ့ပါေသးတယ္။
ref:youtube
trans:thegeektext