မြို့သိမ်းပီး ကစားကွင်းမှာတိုက်ကားပတ်စီးဆော့နေတဲ့ တာလီဘန်တွေ

News

တာလီဘန်တွေအာဖဂန်နစ္စတန်ကိုသိမ်းပိုက်ဖို့နောက်မှာတေ့အာဖဂန်မြို့တော်ကဘူးလ်လေဆိပ်ကိုတနင်္လာနေ့ကမြို့ကိုစွန့်ခွာဖို့လူထောင်ချီက၀င်ရောက်ခဲ့သလို လူမှုကွန်ရက်တွေပေါ်မှာပျံ့နှံ့နေတဲ့ဗွီဒီယိုဖိုင်တွေထဲမှာတာလီဘန်တိုက်ခိုက်ရေးသမားတွေကကစားကွင်းပန်းခြံတွေမှာစီးစရာတွေအပျော်စီးနေတာတွေပေါ်ထွက်လာပါတယ်။

တွစ်တာတွင်ပျံ့နှံ့သွားသောဗီဒီယိုတစ်ခုမှာတော့ တာလီဘန်တိုက်ခိုက်ရေးသမားတွေက တိုက်ကား‌လေးတွေမောင်းပီးကစားနေတဲ့ပုံတတ်လာခဲ့ပါတယ်။

ပြင်သစ်မီဒီယာတစ်ခုဖြစ်တဲ့ Mediavenir ကတင်ထားတဲ့အခြားဗွီဒီယိုတစ်ခုမှာလဲသူတို့ပျော်ပျော်ပါးပါးလှည့်ပတ်စီးနေတာကိုတွေ့နိုင်ပါတယ်။

နောက်ထပ်ဗီဒီယိုတစ်ခုမှာတော့အာဖဂန်နစ္စတန်သမ္မတအိမ်တော်၌အားကစားခန်းမမှာတိုက်ခိုက်ရေးသမားများအားကစားလုပ်နေတာကိုတွေ့ရပြန်ပါတယ်။

တာလီဘန်တွေဟာ ၁၉၉၆ မှ ၂၀၀၁ ခုနှစ်အတွင်းအာဖဂန်နစ္စတန်ကိုအုပ်ချုပ်ခဲ့ပြီးစက်တင်ဘာ ၁၁ တိုက်ခိုက်မှုနောက်ပိုင်းအမေရိကန် ဦး ဆောင်သောတပ်ဖွဲ့များကအာဏာမှဖယ်ရှားခဲ့ပါတယ်။တာလီဘန်‌တို့ထပ်ပီးမသိမ်းပိုက်မှု့မှ ခုခံကာကွယ််ဖို့ာဖဂန်နစ္စတန်လုံခြုံရေးတပ်ဖွဲ့များကိုလေ့ကျင့်သင်ကြားပေးရန်အမေရိကန်ကဒေါ်လာ ၈၃ ဘီလီယံနီးပါးရင်းနှီးမြှုပ်နှံခဲ့တာပါ။

တာလီဘန်တို့နှစ်တွေအကြာကြီးတိုက်ခိုက်မှုများအပြီးမှာတော့ သီတင်းပတ်ကုန်မှာဘဲ ကဘူးလ်ကိုသိမ်းနိုင်ခဲ့ပီး။တာလီဘန်အဖွဲ့ရဲ့ခေါင်းဆောင်တွေကတိုင်းပြည်မှာ“ စစ်ပွဲပြီးဆုံးသွားပြီ” လို့ကြေငြာခဲ့ပါတယ်။

တနင်္ဂနွေနေ့တွင်အာဖဂန်သမ္မတ Ashraf Ghani သည်တိုင်းပြည်မှထွက်ပြပြေသွားခဲ့ပီး တာလီဘန်များကလွှဲပြောင်းရယူခဲ့သည်။

တနင်္လာနေ့တွင်လူအုပ်သည်ကဘူးလ်ရှိဟာမစ်ကာဇိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှတိုင်းပြည်မှထွက်ပြေးရန်ပြင်းပြင်းထန်ထန်ကြိုးပမ်းခဲ့ပီး။အာဖဂန်ပြည်သူများသည်ပျံသန်းနေသောလေယာဉ်များပေါ်တွင်တွယ်တတ်အော်ဟစ်နေပြီးအချို့ကလေယာဉ်များပေါ်မှပြုတ်ကျနေတာလဲတွေ့ရပါတယ်။
writer:The Geek Text

TheGeekText.com Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။
သတိပေးကြေညာချက်
The Geek Text website မှတင်ဆင်တဲ့သတင်းနဲ့ဆောင်းပါးများကိုကူးယူတင်ဆက်ခြင်းလုံးဝခွင့်မပြုပါဘူးခင်ဗျာ။
မိတ်ဆွေတို့ရဲ့
Admin Team