ရုရှားစစ်တပ်မြို့ပြင်တိုက်ပွဲများမှပင်မတိုက်ပွဲဝင်တင့်ကား

Militarily

ရုရှားစစ်တပ်မှ မြို့ပြင်တိုက်ပွဲများတွင် ပင်မတိုက်ပွဲဝင်တင့်ကား(Main Battle Tank) ၂ စီးနှင့် တင့်အထောက် အကူပေးသံချပ်ကာယာဉ်(Tank Support Vehicle) ၁ စီးပေါင်းစပ်တိုက်ပွဲဝင်သည့်အပြင် မြို့တွင်း တိုက်ပွဲများတွင်တင့် ၁ စီး တင့်အထောက်အကူပြုယာဉ် ၂ စီးဖြင့် အချိုးကျတိုက်ပွဲဝင်သည်ဟု သိရှိရသည်။

သို့သော် ချေးချင်းစစ်ပွဲတွင် BMP1 နှင့် BMP2 သံချပ်ကာ ယာဉ်များချေမှုန်းခြင်းခံရပြီး တိုက်ပွဲတစ်ခုတွင် သံချပ်ကာ တပ်မဟာ ၁ ခုလုံး ရန်သူ၏ တိုက်ခိုက်မှုခံရပြီးနောက် BMP1 နှင့်BMP2 တို့၏ အမိုးပေါ်တွင် လေယာဉ်ပစ် စက်အမြောက်တပ်ဆင်ခဲ့သော်လည်းအဆိုးဆုံးမှာ မြို့တွင်တိုက်ပွဲ များတွင် အိမ်ခေါင်မိုးပေါ်မှ ရန်သူ၏ တိုက်ခိုက်မှုကိုခံနေရသဖြင့် စွမ်းရည်မြင့်မားသော BMPT တင့် အထောက် အကူပြုသံချပ်ကာယာဉ် ပေါ်ထွက်လာခဲ့သည်။

BMPTအနေဖြင့် T-72 တင့်ကား၏ Chassis ကိုပင် အထူးမွမ်းမံ ထုတ်လုပ်ထားခြင်း ဖြစ်သည်။BMP သံချပ်ကာယာဉ်ထက် သံချပ်ကာပိုင်းနှင့် ပစ်ခတ်မှု ထိန်းချုပ်ရေး စနစ်များ ပိုမိုသာလွန်ခဲ့ပါသည်။Object 781,782,787,199 နှင့် BMPT မှသည် BMPT-72 Terminator2 အထိ အဆင့်ဆင့် တိုးတက် ထုတ်လုပ်လာခဲ့သည်။ခြေလျင်တိုက်ခိုက်ရေးသံချပ်ကာယာဉ် (Infantry Fighting Vehicle)IFV ကဲ့သို့ပင် လက်နက် စနစ်များအနေဖြင့် တစ်မီနစ်လျှင်ကျည်ထွက်နှုန်း ၈၀၀ ရှိပြီး -5°နှင့် + 45° အနိမ့်အမြင့် ပြုလုပ်နိုင်သည့် 2A42 ၃၀ မမ စက်အမြောက် ၂ လက်တပ်ဆင်ထားသလို

မီတာ ၅၈၀၀ အထိရောက်ရှိသော Ataka လေဆာပဲ့ထိန်း တင့်ဖျက်ဒုံးကျည် ၄ စုံနှင့် ၃၀ မမ ဗုံးပစ်လောင်ဂျာနှင့် ၇.၆၂ မမ စက်သေနတ် ၁ လက် တပ်ဆင်ထားသဖြင့် တိုက် စွမ်းအားကောင်းမွန်သည့် သံချပ်ကာဖြစ်သဖြင့် ပြည်ပ နိုင်ငံများမှ မှာယူခဲ့သော်လည်း BMPT-72 Terminator2 ကိုရုရှားတပ်မတော်မှ အသုံးမပြုဘဲ T-15 Armata ကိုပြောင်းလဲအသုံးပြုခြင်းမှာ ထူးခြားမှု တစ်ခုဟု ဆိုနိုင် မဆိုနိုင်မှာ ရုရှားတို့သာ အသိဆုံးဖြစ်ပေလိမ့်မည်။

credit – KokolinOo

Leave a Reply