မြို့ထဲမှာ မိုးကြီးရေလျှံနေတာကို အကောင်းဆုံးအသုံးချပြီး အလှဓာတ်ပုံရိုက်ကူးခဲ့တဲ့ မိန်းကလေး

News

လူအတော်များများက မိုးကြီးရေလျှံရင် အခက်အခဲအတော်များများနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပေမဲ့ ယခုဖော်ပြမဲ့ ကောင်မလေးကတော့ အခက်အခဲမရှိ အပျော်ဓာတ်ပုံတွေရိုက်ကူးနေခဲ့ပါတယ် ။

အိန္ဒိယနိုင်ငံ ၊ Panta မြို့မှာ နေထိုင်လျက်ရှိတဲ့ Aditi Singh အမည်ရှိတဲ့ ကျောင်းသူဟာ ‘ Mermaid in Disaster’ ဆိုတဲ့ ခေါင်းစဉ်နဲ့ မိုးကြီးရေလျှံနေချိန်ရိုက်ကူးထားတဲ့ သူမရဲ့ဓာတ်ပုံတွေကို Instagram မှာ ဝေမျှခဲ့တာပါ ။

အချို့သော ဓာတ်ပုံတွေထဲမှာဆိုရင် သစ်ပင်ကျိုးကျတဲ့အထိ ဖြစ်နေခဲ့လို့ လူအတော်များများက သဘာဝဘေးအန္တရာယ်ကို သူမက ပျက်ရယ်ပြုနေတယ်ဆိုပြီး ဝေဖန်ခဲ့ကြပါတယ် ။

အချို့ကလည်း အခက်အခဲတွေကြားထဲက ပျော်ရွှင်မှုလေးဖြစ်စေတဲ့ သူမရဲ့ပုံစံကို အားပေးထောက်ခံခဲ့ကြပါတယ် ။ သူမကတော့ ‘ ဒီရဲ့ဓာတ်ပုံတွေက လက်ရှိ Patna မြို့ရဲ့ အခြေအနေကိုပြသနေတာပါ ၊ တစ်လွဲမတွေးကြပါနဲ့ ‘ ဆိုပြီး ပြန်လည်ဖြေရှင်းခဲ့ပါတယ် ။

အကြောင်းကတော့ မကြာခဏရေကြီးမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ သူမရဲ့မြို့လေးကို တာဝန်ရှိသူတွေအနေနဲ့ ဘယ်လိုပြင်ဆင်ဆောင်ရွက်ပေးမလဲဆိုပြီး ဖော်ပြမေးမြန်းခဲ့တဲ့ ပုံစံမျိုးသာဖြစ်ကြောင်း ဖြေရှင်းခဲ့ပါတယ် ။

Jasmine (KBdailynews)

Reference : rachfeed

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Zawgyi

လူအတော်များများက မိုးကြီးရေလျှံရင် အခက်အခဲအတော်များများနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပေမဲ့ ယခုဖော်ပြမဲ့ ကောင်မလေးကတော့ အခက်အခဲမရှိ အပျော်ဓာတ်ပုံတွေရိုက်ကူးနေခဲ့ပါတယ် ။ အိန္ဒိယနိုင်ငံ ၊ Panta မြို့မှာ နေထိုင်လျက်ရှိတဲ့ Aditi Singh အမည်ရှိတဲ့ ကျောင်းသူဟာ ‘ Mermaid in Disaster’ ဆိုတဲ့ ခေါင်းစဉ်နဲ့ မိုးကြီးရေလျှံနေချိန်ရိုက်ကူးထားတဲ့ သူမရဲ့ဓာတ်ပုံတွေကို Instagram မှာ ဝေမျှခဲ့တာပါ ။ အချို့သော ဓာတ်ပုံတွေထဲမှာဆိုရင် သစ်ပင်ကျိုးကျတဲ့အထိ ဖြစ်နေခဲ့လို့ လူအတော်များများက သဘာဝဘေးအန္တရာယ်ကို သူမက ပျက်ရယ်ပြုနေတယ်ဆိုပြီး ဝေဖန်ခဲ့ကြပါတယ် ။

အချို့ကလည်း အခက်အခဲတွေကြားထဲက ပျော်ရွှင်မှုလေးဖြစ်စေတဲ့ သူမရဲ့ပုံစံကို အားပေးထောက်ခံခဲ့ကြပါတယ် ။ သူမကတော့ ‘ ဒီရဲ့ဓာတ်ပုံတွေက လက်ရှိ Patna မြို့ရဲ့ အခြေအနေကိုပြသနေတာပါ ၊ တစ်လွဲမတွေးကြပါနဲ့ ‘ ဆိုပြီး ပြန်လည်ဖြေရှင်းခဲ့ပါတယ် ။ အကြောင်းကတော့ မကြာခဏရေကြီးမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ သူမရဲ့မြို့လေးကို တာဝန်ရှိသူတွေအနေနဲ့ ဘယ်လိုပြင်ဆင်ဆောင်ရွက်ပေးမလဲဆိုပြီး ဖော်ပြမေးမြန်းခဲ့တဲ့ ပုံစံမျိုးသာဖြစ်ကြောင်း ဖြေရှင်းခဲ့ပါတယ် ။

Jasmine (KBdailynews)

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Leave a Reply