မြန်မာ ၁၁ ယောက်ပါတဲ့ တောင်ကိုရီးယားသင်္ဘောကို အီရန်ဖမ်းဆီးမှုနောက်ကွယ်မှာ
ပါရှန်ပင်လယ်ကွေ့ထဲမှာ အက်သနော ဓာတုပစ္စည်းတွေတင်လာတဲ့ တောင်ကိုရီးယား ကုန်သင်္ဘောတစ်စင်းကို ပတ်ဝန်းကျင်ညစ်ညမ်းစေမှု အကြောင်းပြချက်နဲ့ အီရန်က ဖမ်းဆီးခဲ့ပါတယ်။ သင်္ဘောက ဆော်ဒီကနေ ယူအေအီးကိုသွားတာဖြစ်ပြီး သင်္ဘောသား ၂၀ ထဲမှာ မြန်မာ၁၁ ဦး ပါသတဲ့။ ကျန်တာက ကိုရီးယား ၅ ဦး၊ အင်ဒို ၂ ဦးနဲ့ ဗီယက်နမ် ၂ ဦးလို့ဆိုတယ်။

နောက်ကွယ်က အကြောင်းတရားကတော့ အမေရိကန်ချမှတ်တဲ့ ပိတ်ဆို့မှုကြောင့် တောင်ကိုရီးယားဘဏ်တွေမှာထားတဲ့ အီရန်ရဲ့ငွေစာရင်းတွေ Frozen ဖြစ်နေပြီး ထုတ်မရ သွင်းမရ ထိန်းချုပ်ခံထားရချိန် ဖြစ်တယ်။ ဒါကြောင့် လာမယ့် Sunday မှာ တောင်ကိုရီးယား ဒုနိုင်ငံခြားရေးဝန်ကြီး ချိုဂျွန်ကွန်း တီဟီရန်သွားဖို့ ရှိနေတာ အခုတော့ သင်္ဘောကိစ္စကြောင့် မရေရာတော့ဘူးလို့ ဆိုတယ်။

အီရန်ဘက်က တောင်ကိုရီးယားဘဏ်တွေမှာ Freeze ဖြစ်နေတဲ့ ဒေါ်လာ ၇ ဘီလီယံလောက် စာရင်းကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးနဲ့ တခြားကုန်စည်တွေဝယ်ယူရမှာ ဘာတာစနစ်နဲ့ အသုံးချချင်နေတယ်လို့ လေသံပစ်နေတယ်။
ဒီတော့ စေ့စပ်ဆွေးနွေးမှုဖြစ်လာလို့ ပြေလည်သွားရင်တော့ သင်္ဘောသားတွေ ပြန်လွတ်လာလိမ့်မယ်လို့ မျှော်လင့်ရတယ်။ အီရန်က အရင် ဗြိတိန်ကိုတောင် အဲဒီလိုလုပ်ဖူးတယ်။
Min Myat San မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။