Russian Submarine များသည်အမြဲရုပ်ဆိုးကြသည်
မြန်မာပြည်ရောက် ru kilo submarine လေးသည် ကမ္ဘာတွင် ဘယ်လောက် ကျော်ကြားခဲ့ပေမဲ့ ခဏခဏ နာမည်ပျက်ရလေသည်
အခုလဲ ကားဘော်ဒီဆရာ အမြင်တွေနဲ့ hull အနီးကပ်ပုံတွေ ကြည့်ကာ ဖာတရာ အဟောင်းကြီးလို့ မှတ်ချက်ပြုကြလေတော့သည်…
ဖာတရာ hull က အမှန်ပါ ဒါပေမဲ့ russian ထုတ် တခြား sub တွေ အကုန်ပါ ဖာတရာ ဆို ပိုမှန်ပါတယ်

Why?
US sub တွေက double hull ခေါ်တဲ့ ဘောဒီ ၂ ထပ်ပါ
အပြင်အလွာ ပြောင်ချောသန့် သံဘောဒီ အလုံးကြီးပါ
US sub လို တခြား ပြင်သစ် sub တွေလဲ double hull တွေပါ
အပြင်သံဘော်ဒီက ဆိုနာခေါ်တဲ့ အသံထောက်လှမ်းရ ပို လွယ်စေပြီး အထဲက အသံလဲ အပြင်ကို ပိုထွက်စေပါတယ်

US sub တွေဟာ အထဲက ICBM nuclear တွေနဲ့ ဖျဲချောက်ထားတာပါ အသံက ထင်သလောက်မလုံပါ
RU sub တွေကျ 3 layer hull ဘော်ဒီ ၃ ထပ် မို့ US sub တွေထက် သိသိသာသာ ပို ဝ စေပါတယ်
နောက်ပြီး tear drop ခေါ်တဲ့ ရေစက်ကျ နေတဲ့ပုံ hull နဲ့ ဝပြီး အလွန်ကြည့်ရဆိုးပါတယ်
အထဲက ၂ လွာ US sub တွေလိုပေမဲ့ အပြင်အလွာက အသံလုံဖို့ rubber ရော သထ္ထုပြားတွေ ကပ်တဲ့ အလွာပါ

အောက်က ပုံက RU sub အများစု ကိုကြည့်ပါ အဆက်ရာ တွေ ပါသလို တချို့ sub တွေဆို ရေအောက် တာဝန်ထမ်းဆောင်ရင်း အကန့်လိုက်ကွာကျ လို့ ပေါက်တွေပါ ဖြစ်နေတာပါ
မြန်မာ kilo လဲ နဲနဲကြာရင် အကန့်လိုက်ကွာ အပေါက်တွေပါ ပါလာအုံးမှာပါ
ထိုအရုပ်ဆုံး အလွှာကြီးက အထဲက အသံ အပြင်မထွက်အောင်ရယ် အပြင်က ဆိုနာတွေ လုံးဝ ထောက်လှမ်းမရ စေဖို့ရည်ရွယ်ပါတယ်

ဒီဖာတရာ အလွာကြောင့်လဲ kilo တွေဟာ extremely silent လို့ ကြော်ကြားခဲ့တာပါ
အချုပ်ပြောရသော်
လှတာမက်ရင် ညစာ ခက်ပေမယ် မို့
ရုပ်ဆိုးတွေပဲ အထင်မသေးသင့်ကြောင်း ဗဟုသုတ ရေးလိုက်ပါတော့တယ်

Credit – Pyae Sone