မြန်မာ့ယဉ်ကျေးမှု မဟုတ်တဲ့ Halloween ပွဲ ဘယ်ကနေ ဘယ်လို ဖြစ်ပေါ်လာသလဲ

မြန်မာ့ယဉ်ကျေးမှု မဟုတ်တဲ့ Halloween ပွဲ ဘယ်ကနေ ဘယ်လို ဖြစ်ပေါ်လာသလဲ













မြန်မာ့ယဉ်ကျေးမှု မဟုတ်တဲ့ Halloween ပွဲ ဘယ်ကနေ ဘယ်လို ဖြစ်ပေါ်လာသလဲ..

Halloween ဆိုတာ တို့တွေယဉ်ကျေးမှုတော့ မဟုတ်ပါဘူး.. International School တွေမှာ October 31 ရက်နေ့မှာ Halloween ပွဲကို ကလေးတွေပျော်အောင်လုပ်ပေးကြရင်း ကျောင်းတွေမှာ အပြိုင်အဆိုင်လုပ်လာကြတာပေါ့နော်.. အဲဒီအခါ ဖရုံသီးလေးတွေချိတ်ကြတယ်.. သူများချိတ်လို့ လိုက်ချိတ်ကြတာ အများအားဖြင့်တော့ ဖရုံသီးပုံအရုပ်လေးတွေကို ဘာလို့ချိတ်ကြမှန်းမသိကြဘူး.. သိချင်လို့လာမေးကြလို့ သိသလောက်ပြောပြမယ်နော်..

ကျွန်မ ရန်ကုန်က International School တခုမှာလုပ်တုန်းက ကျောင်းကလုပ်ခေါ်ကိုင်ဖက် အမေရိကန်ဆရာမတယောက် ကျွန်မကိုပြောပြဖူးတာလေးကို ပြန်ပြောပြတာပါ.. ဖရုံသီးလေးတွေကို “jack-o’-lantern” လို့ခေါ်တယ်.. အိမ်ထဲကို သရဲတွေဝင်မှာစိုးလို့ ဖရုံသီးလေးတွေကိုဖြတ် အစေ့တွေထုတ် ကြောက်စရာမျက်နှာပုံဖေါ်ပြီး အထဲမှာ ဖယောင်းတိုင်လေးတွေထွန်း မီးပုံးလေးတွေလုပ်ပြီး အိမ်ရှေ့ပြတင်းပေါက်လေးမှာချိတ်ကြတဲ့ အလေ့အထလေးက စခဲ့တာပေါ့..

ရှေးခေတ် Irish Story လေးကစခဲ့တာ.. အဲဒီပုံပြင်ထဲမှာ အရမ်းကပ်စေးနည်းတဲ့ Jack ဆိုတဲ့လူတယောက်က ငွေရဖို့ဆို ငရဲလည်းမကြောက်ဘူးတဲ့.. သူသေတော့ ကောင်းကင်ဘုံကလည်း လက်မခံဘူး.. ငရဲမင်းကလည်း လက်မခံဘူးတဲ့လေ.. Jack ကြီးရဲ့ ဝိဉာဉ်ကြီးကအမြဲလျှောက်သွားပြီး လူတွေကိုခြောက်လှန့်ဖို့ပဲ ကြိုးစားနေသတဲ့..

ရှေးခေတ် Ireland ကလူတွေက သူ့ဝိဉာဉ်မလာရဲအောင် ဖရုံသီးတွေကို ကြောက်စရာမျက်နှာပုံတွေထွင်းပြီး မီးပုံးလေးတွေလုပ် မီးထွန်းပြီးချိတ်ကြသတဲ့.. Irish မိသားစုတွေ အမေရိကားကို ရွှေ့လာကြတော့ သူတို့ ရိုးရာအတိုင်း ဖရုံသီးလေးတွေနဲ့ မီးပုံးလေးတွေလုပ်ချိတ်ရာကနေ ပျံ့နံ့လာတာပေါ့.. Halloween ရောက်ရင် အိမ်ထဲကို (Ghosts) သရဲတွေဝင်မှာစိုးလို့ “jack-o’-lanterns” လို့ခေါ်တဲ့ ဖရုံသီးမီးပုံး ပြုလုပ်ပြီး ချိတ်တာလေးတွေ လုပ်ကြသတဲ့လေ.. (Tr.Sein Lei)



Post Views:
1








Crd