မြန်မာ့ဒီဂျစ်တယ်စီးပွားရေး ကဏ္ဍဖွံ့ဖြိုးဖို့ မြန်မာနှင့် အမေရိကန် လက်မှတ်ရေးထိုး

Local News

မြန်မာ့ဒီဂျစ်တယ်စီးပွားရေး ကဏ္ဍဖွံ့ဖြိုးဖို့ မြန်မာနှင့် အမေရိကန် လက်မှတ်ရေးထိုး

အမေရိကန်သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (US ICT) ကောင်စီနှင့် ကုန်သည် စက်မှုအသင်းချုပ်တို့ အကြား မြန်မာ့ဒီဂျစ်တယ်စီးပွားရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးလိုက်ကြောင်း သိရပါတယ်။

မြန်မာ့ဒီဂျစ်တယ်စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်၊ အသင်းချုပ်နှင့် US ICT Council for Myanmar တို့အကြား သတင်းအချက်အလက်၊ ဆက်သွယ်ရေးနှင့်နည်းပညာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် သင်တန်းနှင့်အခြားကဏ္ဍများ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အသေး စား နှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအတွက် Seminars, Workshops, Training Program များ ပြုလုပ်နိုင်ရန်ရည်ရွယ်၍ MoU ရေးထိုးခဲ့ကြခြင်းဖြစ်ပြီး သက်တမ်းမှာ တစ်နှစ်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်က ဆိုပါတယ်။

စာချွန်လွှာကို အသင်းချုပ်အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းနှင့် US ICT Council for Myanmar ၏ Executive Director ဖြစ်သူ Ms. Gretchen Kuzne တို့မှ ဦးဆောင်၍ ရေးထိုးခဲ့ကြကာ ၂၀၁၈ ခုနှစ်တွင်လည်း MoU တစ်ကြိမ်ရေးထိုးခဲ့ပြီး ယခုတစ်ကြိမ်တွင် ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်ရန် ရှိသည်များအား ဆွေးနွေးနိုင်ရန် ပုံမှန်တွေ့ဆုံမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

MyanmaPlatForm မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။

Leave a Reply